ရီးရဲမက်ဒရစ်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ပီအက်စ်ဂျီတိုက်စစ်မှူး ဘတ်ပီကို ခေါ်ယူဖို့ သဘောတူညီမှုရရှိလိမ့်မယ်လို့ အပြည့်အဝယုံကြည်ချက်ရှိနေတယ်လို့ 90min ရဲ့သတင်းအရ သိရပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ဘတ်ပီကို အချိန်ပေးပြီး စောင့်ကြည့်နေခဲ့တာဖြစ်ပြီး အသက် ၂၂ နှစ်အရွယ်တိုက်စစ်မှူး စာချုပ်သက်တမ်းကုန်ဆုံးမယ့် လာမယ့်နွေရာသီအထိ စောင့်ဆိုင်းနေတာဖြစ်ပါတယ်။

Photo: fotmob

ရီးရဲမက်ဒရစ်အသင်းက ကြီးမားတဲ့ခေါ်ယူမှုပြုလုပ်ဖို့ စီစဉ်တဲ့အခါတိုင်း မဖြစ်ခဲ့တာမရှိခဲ့ဘဲ ရော်နယ်ဒို၊ ဂါရတ်ဘေးလ်၊ ဟာဇက်တို့အားလုံးကို အဆုံးမှာတော့ အောင်အောင်မြင်မြင်နဲ့ ခေါ်ယူနိုင်ခဲ့တဲ့ သာဓကတွေလည်း အားလုံးမျက်မြင်ရှိခဲ့တာဖြစ်ပါတယ်။

90min ကို သတင်းရင်းမြစ်တွေက အတည်ပြုခဲ့တဲ့သတင်းတွေအရ ရီးရဲမက်ဒရစ်ဥက္ကဌ ဖလော်ရန်တီနိုပီးရက်ဇ်ဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘတ်ပီကို ခေါ်ယူနိုင်လိမ့်မယ်လို့ အပိုင်တွက်ထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။

Source : New Straits Times

ဘတ်ပီကို ခေါ်ယူဖို့ ရီးရဲမက်ဒရစ်အသင်းရဲ့ ကြိုးပမ်းမှုကို နှောင့်နှေးစေခဲ့တာက ဘတ်ပီရဲ့စာချုပ်ဖြစ်တယ်လို့ သိရပြီး ပီအက်စ်ဂျီအသင်းဒါရိုက်တာ လီယိုနာဒိုက မကြာသေးမီကမှ အသက်၂၂ နှစ်အရွယ်တိုက်စစ်မှူးဟာ ပဲရစ်မှာဆက်နေချင်နေတယ်လို့ ပြောကြားခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာ အသင်းကို စွန့်ခွာဖို့ ဘတ်ပီက အရင်ကတည်းက ဆုံးဖြတ်ခဲ့ပြီးသားဖြစ်တယ်လို့ 90min က ဖော်ပြခဲ့ပါတယ်။