စတာလင် ကို ပေါင်သန်း (၁၈၀) ပေးကာခေါ်ယူဖွယ်ရှိနေတဲ့ ရီးရဲလ်မက်ဒရစ် နှင့် အခြားဘောလုံးသတင်တိုများ

Source: Daily Express

စပိန်ကလပ် ရီးရဲလ်မက်ဒရစ် အသင်းဟာ မန်စီးတီးမှာ ခြေစွမ်းပြကစားနေတဲ့ စတာလင် ကို ပေါင်သန်း (၁၈၀) ပေးကာ ခေါ်ယူနိူင်ဖွယ်ရှိကြောင်း The Sun ကဖော်ပြထားပါတယ်။ မန်စီးတီးအသင်းဟာ ဥရောပပြိုင်ပွဲ တွေမှာဝင်ရောက်ယှဉ်ပြိုင်ခွင့် (၂) နှစ်ပိတ်ပင်ခံထားရတာကြောင့် အဓိက ကစားသမားတွေ လက်လွှတ်ရဖွယ်ရှိနေပါတယ်။

တကယ်လိုသာ စတာလင်သာ အသင်းပြောင်းရွှေ့ခဲ့မယ်ဆိုရင် သူ့အတွက်ပေးချေရမဲ့ ပြောင်းရွှေ့ကြေးဟာ နေမာ တင်ရှိထားတဲ့ ကမ္ဘာ့အမြင့်ဆုံး ပြောင်းရွှေ့ကြေးစံချိန်ကို ချိုးဖျတ်ဖွယ်ရှိနေပါတယ်။

ဆန်ချိုကိုခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ချဲလ်ဆီး

Source: The Us Posts

ချဲလ်ဆီးအသင်းဟာ မန်ယူအသင်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ အင်္ဂလန် တောင်ပံကစားသမား ဒေါ့မွန် အသင်းရဲ့လူငယ်ကြယ်ပွင့် ကစားသမားတစ်ဦးဖြစ်တဲ့ ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဂျာမန်မြေမှာ ခြေစွမ်းပြနေတဲ့ အဆိုပါ လူငယ်ကစားသမားကို ပရီးမီးယားလိဂ် ကလပ်အသင်းတော်တော်များများက စိတ်ဝင်စားနေတာပါ။ မန်ယူအသင်းက ခေါ်ယူနိူင်ဖို့ တစ် ပြေးနေပေမဲ့ ချဲလ်ဆီးအသင်းကလည်း ကြားဖြတ်ခေါ်ယူနိူင်ဖို့ ကြိုးစားလာဖွယ်ရှိနေတယ်လို့ French Football ကဖော်ပြထားပါတယ်။

မန်စီးတီးနည်းပြ ဖြစ်လာဖို့ရေပန်းစားလာတဲ့ ပိုချက်တီနို

Source: Sporting Life

မန်စီးတီးအသင်းရဲ့နည်းပြသစ်ဖြစ်လာမဲ့ စာရင်းမှာ ပိုချက်တီနို ပါဝင်လာပြီဖြစ်ကြောင်း The Express ကဖော်ပြထားပါတယ်။

လက်ရှိနည်းပြ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းအနေနဲ့ ဥရောပ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရတကြောင့် အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။

ဂွာဒီယိုလာဟာ ဂျူဗီတပ် အသင်းနည်းပြဖြစ်လာဖို့ ရေပန်စားနေပြီး ပိုချက်တီနို ဟာလည်း မန်စီးတီးနည်းပြဖြစ်လာဖို့ ရှိနေပါတယ်။

Edouard ကိုခေါ်ယူဖို့ ပစ်မှတ်ထားလာတဲ့ မန်ယူ

Source: Goal.com

သရဲနီတွေဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ RB Leizig အသင်းကစားသမား Time Werner ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အခုတစ်ဖန် Celtic ကစားသမားတစ်ဦးဖြစ်တဲ့ Odsonne Edouard ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Daily Mail ကဖော်ပြထားပါတယ်။

မန်ယူအသင်းဟာ လီယွန်အသင်းကစားသမားတွေဖြစ်တဲ့ Moussa Dembele နဲ့ Houssem Aouar တို့ကိုလည်း လာမဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ ခေါ်ယူဖို့ ကြိုးစားလာဖွယ်ရှိနေပါတယ်။