Realme 10 စီးရီး ရဲ့ နောက်ဆုံးထွက်ဖုန်း Realme 10T ကို ကြေညာလိုက်ပါပြီ။ Realme 10T ဖုန်းမှာ ၆.၆ လက်မ 90Hz မျက်နှာပြင်နဲ့ Dimensity 810 Chipset မောင်းနှင်ထားပါတယ်။ IPS LCD Panel မှာ FHD+ Resolution နဲ့ 16MP ဆယ်လ်ဖီ ကင်မရာထည့်သွင်းထားတဲ့ Waterdrop Notch ၁ ခု ပါရှိပါတယ်။

Realme 10T

Photo : FoneArena.com

ကျောဘက်မှာတော့ 50MP Main Camera နဲ့အတူ 2MP Macro နဲ့ 2MP Portrait Units ကင်မရာ ၂ လုံး တွဲဖက်တပ်ဆင် ပေးထားပါတယ်။ ဒီဖုန်းမှာ 4/8GB RAM နဲ့ 128/256GB Storage ပါဝင်ပြီး MicroSD Card Slot ၁ ခုလည်း ထည့်သွင်းပေးထားပါတယ်။ ဘက်ထရီအနေနဲ့တော့ 18W Charging စနစ်ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီပါဝင်လာပြီး ဆော့ဖ်ဝဲပိုင်းမှာတော့ Android 12 အခြေပြု Realme UI 3 သုံးထားပါတယ်။

Realme 10T

Photo : Gizmochina

Realme 10 T ဖုန်းမှာ ပါဝင်လာတဲ့ နောက်ထပ် Features တွေကတော့ နားကြပ်ပေါက်နဲ့ ဖုန်းရဲ့ဘေးဖက်မှာ Fingerprint လက်ဗွေဖတ်စက်လည်း ထည့်ပေးထားပါတယ်။ အရောင်တွေ အနေနဲ့ကတော့ Electric Black နဲ့ Dash Blue ဆိုပြီး အရောင် ၂ မျိုးရွေးချယ်နိုင်မှာ ဖြစ်ပြီး ဈေးနှုန်းတွေကတော့ 4/128GB ဗားရှင်းအတွက် ထိုင်းဘတ် ၆,၉၉၉ (ဒေါ်လာ ၂၀၃ / မြန်မာငွေ ၅ သိန်း ၅ သောင်း ဝန်းကျင်) နဲ့ 8/256GB ဗားရှင်းကိုတော့ ထိုင်းဘတ် ၈,၉၉၉ ( ဒေါ်လာ ၂၆၂ / မြန်မာငွေ ၇ သိန်းဝန်းကျင်ခန့်) ကျသင့်မှာ ဖြစ်ပါတယ်။

Featured Photo : GSMArena.com