Realme ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာ တရားဝင်မိတ်ဆက်ခဲ့တဲ့ Realme 10 ဖုန်း ကို ယခု ၂ လအကြာမှာ အိန္ဒိယနိုင်ငံမှာ စတင်ရောင်းချတော့မယ်လို့ သိရပါတယ်။

Realme 10 ဖုန်း

Photo : Business Today

Realme 10 Series ထဲက Entry-Level ဖုန်းတစ်လုံးဖြစ်တဲ့ Realme 10 ဖုန်းမှာ ၆.၄ လက်မ 90Hz Super AMOLED မျက်နှာပြင် တပ်ဆင်ပေးထားပြီး MediaTek ရဲ့ Helio G99 Chipset မောင်းနှင်ထားကာ 50MP Main ကင်မရာတို့ ပါဝင်လာပါတယ်။ 33W Charging စနစ်ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီနဲ့ 4/8GB RAM ၊ 16MP Selfie ကင်မရာတစ်လုံးလည်း ထည့်သွင်း ပေးထားပါတယ်။

Realme 10 ဖုန်းမှာ Android 12 ကို အခြေခံထားတဲ့ Realme UI 3.0 ကို အသုံးပြုထားပြီး Realme အနေနဲ့ Android 13 အခြေပြု Realme UI 4.0 Update ကို မကြာမီ ယူဆောင်လာပေးမယ်လို့ ကြေညာထားပါတယ်။ Realme 10 ဖုန်းရဲ့ အရောင်အတွေ အနေနဲ့ကတော့ Rush Black နဲ့ Clash White ဆိုပြီး အရောင် ၂ မျိုး ရွေးချယ်စရာ ပေးထားပြီး 4/64GB ဗားရှင်းကို ရူပီး ၁၃.၉၉၉ ( မြန်မာငွေ ၃ သိန်း ၅ သောင်း ဝန်းကျင်ခန့် ) ၊ 8/12GB ဗားရှင်းကိုတော့ ရူပီး ၁၆,၉၉၉ ( မြန်မာငွေ ၄ သိန်း ၂ သောင်းဝန်းကျင်ခန့်) နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Realme 10 ဖုန်း

Photo : GSMArena.com

Realme 10 ဖုန်းကို လာမယ့်ဇန်နဝါရီလ ၁၅ ရက်နေ့ ၊ နေ့လည်ပိုင်းက စပြီး Realme ရဲ့ အွန်လိုင်းစတိုးကနေတဆင့် စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ Realme 10 ဖုန်း အကြောင်း ပိုမိုသိရှိလိုပါက အခုဖော်ပြပါ Link – (Realme 10 ဖုန်း) ကနေ တဆင့် အသေးစိတ် ဝင်ရောက်ဖတ်နိုင်ပါတယ်။

Featured Photo : GSMArena.com