Realme 10 4G ဖုန်း ကို ဒီသီတင်းပတ်အစောပိုင်းမှာ မိတ်ဆက်သွားခဲ့ပြီး ယခု 5G ဗားရှင်းကို တရုတ်နိုင်ငံမှာ တရားဝင်ကြေညာ လိုက်ပါပြီ။ Realme 10 5G ဖုန်းမှာ Dimensity 700 မောင်းနှင်ထားပြီး 50MP Main ကင်မရာ ပါဝင်လာပါတယ်။
Photo : GSMArena.com
Display ပိုင်းမှာ ၆.၆ လက်မ LCD Full HD+ မျက်နှာပြင် တပ်ဆင်ပေးထားပြီး 90Hz Refresh Rate နဲ့ 180Hz Touch Sampling Rate တို့ ထောက်ပံ့ပေးထားပါတယ်။ အရှေ့ဘက် Waterdrop Notch ထဲမှာတော့ f/2.0 Lens ပါတဲ့ 8MP ဆယ်လ်ဖီကင်မရာ ၁ လုံး ထည့်သွင်းပေးထားပါတယ်။ ကျောဘက်မှာတော့ 50MP Main ကင်မရာ ၊ Close-Up ပုံတွေ ရိုက်ကူးနိုင်မယ့် 2MP Macro ကင်မရာနဲ့ Depth Sensor ကင်မရာတို့ တွဲဖက်တပ်ဆင်ထားပါတယ်။
Realme 10 5G ဖုန်းဟာ ၈.၁ မီလီမီတာ သာရှိတဲ့ ပါးလွှာတဲ့ကိုယ်ထည်နဲ့ ထွက်ရှိလာပြီး 33W Charging စနစ်နဲ့ 5,000 mAh ဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။ SIM ၂ ကဒ်နဲ့ microSD ကဒ် ထည့်သွင်းနိုင်မယ့် Triple Card Tray တစ်ခုလည်း ပါရှိပါတယ်။ ဘေးဘက်ပါဝါခလုပ်အောက်မှာတော့ Fingerprint Scanner ကို ထည့်သွင်းမြုပ်နှံ ထားပါတယ်။
![]()
Photo : GSMArena.com
User Interface ကတော့ Android 12 ကို အခြေပြုထားတဲ့ Realme UI 3.0 ကို သုံးထားပါတယ်။ Realme 10 5G ဖုန်း ကို တရုတ်နိုင်ငံမှာ စတင်ရောင်းချနေပြီ ဖြစ်ပြီး 8/128 GB ဗားရှင်းအတွက် ယွမ် ၁,၂၉၉ (ဒေါ်လာ ၁၈၂ /ယူရို ၁၇၉) ၊ 8/256 GB ဗားရှင်းအတွက်ကိုတော့ ယွမ် ၁,၅၉၉ (ဒေါ်လာ ၂၂၅/ ယူရို ၂၂၀) ကျသင့်မှာ ဖြစ်ပါတယ်။
Realme 10 5G ဖုန်းကို ကမ္ဘာတဝှမ်း စတင်ရောင်းချမယ့် ရက်ကိုတော့ အတိအကျမသိရသေးပေမယ့် မကြာခင် အချိန်အတောအတွင်းမှာ ရောင်းချသွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
Featured Photo : The Financial Express

