Realme ဟာ မေလအတွင်းက 11 Pro+ စမတ်ဖုန်းအသစ်ကို တရုတ်နိုင်ငံမှာ ပထမဆုံး မိတ်ဆက်သွားခဲ့ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်က နိုင်ငံတကာဈေးကွက်တွေအတွက် တရားဝင်ကြေညာခဲ့ပါတယ်။ ယခု ဇွန်လ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေမှာတော့ အိန္ဒိယနိုင်ငံဈေးကွက်မှာ ပထမအကြိမ်အဖြစ် ရောင်းချမှု စတင်ခဲ့ပါတယ်။

Realme 11 Pro+

Photo : Smartprix

ဒီနေ့အချိန်အထိ ကုမ္ပဏီရဲ့ရောင်းချရမှု ကိန်းဂဏန်းတွေဟာ ပိုတိုးလာနေခဲ့ပြီး ထူးခြားမှုတစ်ခု သက်သေထူနိုင်လိုက်ပြီးလို့ ပြောရမှာဖြစ်သလို Realme ရဲ့ ရူပီး ၂၅,၀၀၀ ဝန်းကျင်တန် 11 Pro+ စမတ်ဖုန်းဟာ ပထမဆုံးအကြိမ်အဖြစ် စံချိန်တင် ရောင်းချနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ သိရသလောက်တော့ ရောင်းချမှုစတင်အပြီး တစ်ရက်အကြာ မနေ့ကအထိကို ဖုန်းအလုံးအရေ ၆၀,၀၀၀ ကျော် ရောင်းချခဲ့တာ ဖြစ်ပါတယ်။

Realme 11 Pro နဲ့အတူ 11 Pro+ ဖုန်းဟာ Flipkart မှာလည်း ရူပီး ၂၀,၀၀၀ ကနေ ရူပီး ၃၀,၀၀၀ ပေါက်ဈေးအတွင်းမှာတင်ကို စံချိန်ချိုးတဲ့အထိ ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။

Realme 11 Pro+

Photo : Business Today

အဓိအားဖြင့် Realme 11 Pro+ ဟာ ၎င်းရဲ့ ၆.၇ လက်မ 1080×2412 120 Hz AMOLED မျက်နှာပြင် ၊ Dimensity 7050 SoC မောင်းနှင်ထားမှု ၊ 8/12GB RAM ၊ 256GB/512GB/1TB Storage ရွေးချယ်စရာ ၊ OIS ပါတဲ့ 200 MP Main နဲ့ 8 MP Ultrawide ၊ 2 MP Macro ကင်မရာ ၃ လုံးတွဲဖက်တပ်ဆင်ထားတဲ့ ကျောဘက်ကင်မရာ ၃ လုံးတပ်ဆင်မှုပုံစံ ၊ 32 MP ဆယ်လ်ဖီကင်မရာနဲ့ ဆော့ဖ်ဝဲပိုင်းကိုတော့ Android 13 အခြေပြု Realme UI 4.0 အသုံးပြုပေးထားပြီး 100W မှာ အားသွင်းတဲ့ 5,000 mAh ဘက်ထရီ စတဲ့အချက်တွေကပဲ လူတွေရဲ့သဘောကျမှုစိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့ပုံရတယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။

Featured Photo : GSMArena.com