Realme ကုမ္ပဏီက Dimensity 810 SoC မောင်းနှင်ထားတဲ့ Realme 9i 5G ဖုန်း ကိုလာမယ့် သြဂုတ်လ ၁၈ ရက်နေ့မှာ မိတ်ဆက်သွားတော့မှာ ဖြစ်ပါတယ်။ Realme 9i 5G ဖုန်း မှာ 90Hz မျက်နှာပြင် Refresh Rate နဲ့ 180Hz Touch Sampling Rate ပါရှိတဲ့ Notched Display ကို တပ်ဆင်ပေးထားမှာ ဖြစ်တယ်လို့ Realme ကုမ္ပဏီဘက်က အတည်ပြု ပြောကြားခဲ့ပါတယ်။

Photo : GSMArena.com

ဒါ့အပြင် Realme ရဲ့ 9i 5G ဖုန်းမှာ 5,000 mAh ဘက်ထရီနဲ့ USB-Type C အားသွင်းပေါက်လည်း ပါဝင်မှာ ဖြစ်ပါတယ်။ Realme အနေနဲ့ 9i 5G ဖုန်းရဲ့ Specs အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေမယ့် မကြာသေးမီက ပေါက်ကြားလာတဲ့ သတင်းတစ်ခုအရ အဆိုပါစမတ်ဖုန်းမှာ ၆.၆ လက် FullHD+ LCD မျက်နှာပြင် တပ်ဆင်ပေးထားပြီး အရှေ့ဘက်မှာ 8MP Selfie ကင်မရာ ၊ ကျောဘက်မှာတော့ 50MP Main ကင်မရာ ကို 2MP Macro နဲ့ Depth Unit ကင်မရာတွေနဲ့ တွဲဖက်တပ်ဆင် ပေးထားတယ်လို့ သိရပါတယ်။

Realme 9i 5G ဖုန်းမှာ Android 12 ကို အခြေခံထားတဲ့ Realme UI 3.0 ကို အသုံးပြုထားပြီး 18W အားသွင်းစနစ်နဲ့ Storage ပိုင်းမှာတော့ RAM 4GB / 64GB Storage နဲ့ RAM 6GB / 128GB Storage ဆိုမျိုး ရွေးချယ်စရာ၂ မျိုး ပေးထားမှာ ဖြစ်ပါတယ်။


Photo : GSMArena.com

Realme 9i 5G ဖုန်းရဲ့အရောင်ကိုတော့ အမဲရောင်နဲ့ ငွေရောင် ၂ မျိုး ပြသထားပြီး နောက်ထပ် ရွေးချယ်နိုင်မယ့် အရောင်တွေရှိမရှိဆိုတာကိုတော့ အတိအကျ မသိရသေးဘူးပဲ ဖြစ်ပါတယ်။

Featured Photo : Mobileshost