ပြီးခဲ့တဲ့ အပတ်က Realme ကနေ C67 5G ဖုန်းကို အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ခဲ့ပြီး အခုဆက်လက်ပြီး ဒီနေ့အစောပိုင်းမှာတော့ 4G မော်ဒယ် ကို အင်ဒိုနီးရှားနိုင်ငံမှာ ကြေညာသွားခဲ့ပါတယ်။ Realme C67 4G မှာ 108MP Main ပင်မကင်မရာနဲ့ Qualcomm ရဲ့ Snapdragon 685 Chipset ကို ပြောင်းလဲအသုံးပြုထားပါတယ်။

Realme C67 4G

Photo : MySmartPrice

Realme C67 4G မှာ ၆.၇၂ လက်မ IPS LCD တပ်ဆင်ပေးထားပြီး FHD+ Resolution နဲ့ 90Hz Refresh Rate ထောက်ပံ့ ပေးထားပါတယ်။ ရှေ့ဘက်မှာ 8MP ဆယ်လ်ဖီ ကင်မရာ ထည့်သွင်းထားတဲ့ Punch Hole Cutout တစ်ခု ပါဝင်ပြီး Notifications နဲ့ System အချက်အလက်တွေ ဖော်ပြပေးမယ့် Mini Capsule 2.0 ပါဝင်ပါတယ်။

ကျောဘက်မှာတော့ 108MP Samsung ISOCELL HM6 Sensor နဲ့အတူ 3x In-Sensor Zoom လုပ်ဆောင်နိုင်တဲ့ 2 MP Depth Sensor ကင်မရာ ၂ လုံး တွဲဖက်တပ်ဆင်ပေးထားပါတယ်။ ဆော့ဖ်ဝဲပိုင်းမှာ Android 14 အခြေပြု Realme UI 4.0 ကိုအသုံးပြုထားပြီး ရေနဲ့ဖုန်ဒဏ်ခံ IP54 Rating ပါပါတယ်။ ဘက်ထရီအနေနဲ့တော့ 33W Charging စနစ်ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။

Realme C67 4G

Photo : GSMArena.com

Realme C67 4G ကို Sunny Oasis နဲ့ Black Rock ဆိုပြီး အရောင် ၂ မျိုးနဲ့ ထုတ်ထားပြီး 8/128GB ဗားရှင်းအတွက် ဈေးနှုန်းကတော့ အင်ဒိုနီးရှားရူပီယာ ၂,၅၉၉,၀၀၀ (ဒေါ်လာ ၁၆၈) နဲ့ 8/256GB ဗားရှင်းကိုတော့ အင်ဒိုနီးရှားရူပီယာ ၂,၉၉၉,၀၀၀ ( ဒေါ်လာ ၁၉၃) သတ်မှတ်ထားပါတယ်။

Featured Photo : GSMArena.com