Realme ကနေ Pad 2 တက်ဘလက်ကို ကြေညာလိုက်ပါပြီ။ လာမယ့် ဇူလိုင်လ ၂၆ ရက်မှာ ကြိုတင်အော်ဒါမှာယူနိုင်မှာဖြစ်ပြီး ဩဂုတ်လ ၁ ရက်နေ့မှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။

Realme Pad 2

Photo : GSMArena.com

Realme Pad 2 မှာ ၁၁.၅ လက်မ 2000x1200px IPS LCD ပါရှိပြီး 120Hz Variable Refresh Rate ထောက်ပံ့ပေးထားပါတယ်။ ကင်မရာတွေအနေနဲ့တော့ အရှေ့ဘက်မှာ 8MP ကင်မရာနဲ့ အနောက်ဘက်မှာလည်း 8MP ကင်မရာ ၁ လုံး တပ်ဆင်ပေးထားပါတယ်။ တက်ဘလက်ရဲ့ ဘေးဘက်ကိုယ်ထည်မှာတော့ လက်ဗွေရာအာရုံခံကိရိယာလည်း ပါရှိပါတယ်။

Realme Pad 2 မှာ 6nm MediaTek Helio G99 Chipset ကို မောင်းနှင်ထားပြီး 6GB နဲ့ 8GB LPDDR4X RAM Storage အနေနဲ့ကတော့ 128GB သို့မဟုတ် 256GB တို့ ပါဝင်မှာ ဖြစ်ပြီး Storage ထပ်ချဲ့နိုင်မယ့် microSD Slot တစ်ခုလည်း ပါပါတယ်။ ဒါ့အပြင် Dolby Atmos ထောက်ပံ့ပေးထားတဲ့ စပီကာ ၄ လုံးလည်း ပါရှိပါတယ်။

ဘက်ထရီအနေနဲ့ 33W SuperVOOC အားသွင်းစနစ် ထောက်ပံ့ပေးထားတဲ့ 8,360mAh ဘက်ထရီကို အသုံးပြုထားပါတယ်။ Realme Pad 2 ကို Inspiration Green နဲ့ Inspiration Grey ဆိုပြီး အရောင် ၂ မျိုး ထုတ်ထားပြီး RAM , Storage 6/128GB နဲ့ 8/256GB ဗားရှင်း ၂ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Realme Pad 2

Photo : GSMArena.com

အခြေခံ 6/128GB မော်ဒယ်ရဲ့ ဈေးနှုန်းကတော့ ရူပီး ၁၉,၉၉၉ ( ယူရို ၂၁၅ ) ခန့် ကျသင့်မှာ ဖြစ်ပြီး 8/256GB ဗားရှင်းကတော့ ရူပီး ၂၂,၉၉၉ ( ယူရို ၂၅၀ ) ကျသင့်မှာပဲ ဖြစ်ပါတယ်။

Featured Photo : GSMArena.com