realme ဖုန်းကုမ္ပဏီဟာ စမတ်ဖုန်းအားသွင်းနည်းပညာသစ်ဘက်မှာ အသစ်အဆန်းတွေ ချပြဖို့ ပြင်နေပါတယ်။ လတ်တလောကြားနေရတဲ့ သတင်းတွေအရ realme ကနေ 80W ဒါမှမဟုတ် 150W Charging အမြန်နှုန်းနဲ့ အားသွင်းနိုင်မယ့်ဖုန်းတွေ ထုတ်နေတယ်လို့ ဆိုပါတယ်။ Digital Chat Station ရဲ့ Weibo ပို့စ်အရဆို 150W Charging အတွက် OPPO မှာလိုမျိုး 160W Charging Brick တုံးမျိုး အသုံးပြုသွားဖို့ ရှိတယ်လို့ သိရပါတယ်။

realme-150w-fast-charging-tech

Photo: Beebom

လက်ရှိဈေးကွက်ထဲမှာ အမြန်ဆုံး အားသွင်းနိုင်တဲ့ဖုန်းဟာ 120W Support ပေးထားတာ ဖြစ်ပြီး 4000mAh ကနေ 5000mAh ဘက်ထရီတွေကို ၁၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မယ်ဆိုပြီး ကြော်ငြာထားတာပါ။ ဒီလောက် မြန်တဲ့ အားသွင်းနည်းပညာကို တရုတ်ဖုန်းကုမ္ပဏီတွေ ဖြစ်တဲ့ Xiaomi ၊ OPPO နဲ့ iQOO တို့ပဲ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေမှာတော့ RedMagic 7 Pro ဟာ 120W+ Charging နည်းပညာနဲ့ လာမယ်လို့ ဆိုပါတယ်။ သတင်းတွေအရ RedMagic 7 Pro မှာ 165W Gallium Nitride Charger နဲ့ လာပြီး 135W Super Flash Charging နည်းပညာ သုံးသွားမယ်လို့ သိရပါတယ်။ ဒီနည်းပညာဟာ 5000mAh ဘက်ထရီတစ်လုံးကို အားအပြည့်သွင်းဖို့ ၁၅ မိနစ်ပဲ ကြာမယ့်နည်းပညာလို့ ဆိုပါတယ်။

realmes-first-150w-quick-charge-mobile-phone-was-exposed

Photo : TechnoPixel

လက်ရှိစမတ်ဖုန်းလောကမှာ High-End အကျဆုံးနဲ့ တန်ဖိုးအကြီးဆုံး iPhone 13 Series ဟာ 29W Charging အထိပဲ ပံ့ပိုးထားပြီး Samsung ရဲ့ အမြန်ဆုံးအားသွင်းနည်းပညာဟာ 45W Charging အထိပဲ Support ပေးထားတာ ဖြစ်ပါတယ်။ အားသွင်းနည်းပညာပိုင်းမှာတော့ တရုတ် စမတ်ဖုန်း OEMs တွေက အပြိုင်အဆိုင် သူနိုင်ငါနိုင် ကြဲနေကြတယ်လို့ ဆိုရမှာပါ။

Featured Photo: Gizmochina