သင့်ရဲ့လုပ်ငန်းခွင်ပြင်ပမှာလုပ်တဲ့ အရာတချို့က သင့်ရဲ့အလုပ်ထဲကအောင်မြင်မှုနဲ့ပတ်သတ်မှုရှိနေတယ်ဆိုတာ သင်သိပါသလား? ဝါသနာတခုရှိတာက သင့်ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရှိပါတယ်။ ဒါ့အပြင် သူငယ်ချင်းဖွဲ့တာ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုတည်ဆောက်တဲ့အခါနဲ့ လုပ်ငန်းခွင်ထဲကမရတဲ့ တခြားကျွမ်းကျင်မှုတွေကိုပါ တိုးစေပါတယ်။ ဒါဆို ဝါသနာတခုရှိခြင်းရဲ့ကောင်းကျိုး (၅)ချက်ကို ဆက်ကြည့်ရအောင်။

(၁) တီထွင်ဖန်တီးမှုကောင်းစေတယ်

Source : Money Crashersဝါသနာအများစုဟာ တီထွင်ဖန်တီးမှုလိုပါတယ်။ တီထွင်ဖန်တီးမှုကိုအားပေးတာက လုပ်ငန်းခွင်ထဲမှာ စွမ်းဆောင်ရည်တိုးစေပါတယ်။ အလုပ်ထဲမှာပဲဆို တီထွင်ဖန်တီးမှုမြင့်တက်စေတဲ့နည်းလမ်းတွေသိပ်မရှိတတ်ပါဘူး။ ဒါ့အပြင် ဒီအရည်အချင်းက ယနေ့ခေတ်စီးပွားရေးလောကအတွက်အလွန်အရေးပါ ပါတယ်။

(၂) ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်တက်စေတယ်

Source : Istock

ဝါသနာတခုဟာ ယုံကြည်မှုကိုတည်ဆောက်ပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခုခုကိုစိတ်ဝင်တစားလုပ်ဆောင်တာနဲ့ သင်ယူမှုအသစ်တခုကိုပြုလုပ်တာက အလွန်အကျိုးရှိစေပြီး သင့်ဝါသနာကိုလုပ်ဆောင်ဖို့ သင့်ကိုယ်သင်စိန်ခေါ်ခြင်းကနေ သင်ရရှိတဲ့ယုံကြည်မှုက အသစ်အသစ်သောအရာတွေကိုလုပ်ငန်းခွင်မှာသင်ယူနိုင်ဖို့ သင့်ကိုကူညီပေးပါတယ်။

(၃) အနုတ်လက္ခဏာဆောင်တဲ့ စိတ်ဖိစီးမှုကိုလျှော့ချပေးပါတယ်

Source : Shutterstock

သင်ပျော်ရွှင်တဲ့ အရာတခုကိုလုပ်ဆောင်တဲ့အခါ အဲ့ဒီအရာအပေါ်ကိုအပြည့်အဝအာရုံစိုက်ထားတဲ့အတွက် စိတ်ဖိစီးမှုကိုလျော့နည်းစေပါတယ်။ ကိုယ်ခန္ဓာအနည်းငယ်လှုပ်လျားရတဲ့ တချို့ဝါသနာတွေက ခန္ဓာကိုယ်တွင်းစိတ်ဖိစီးမှုများကိုသက်သာစေပြီး တကယ်လို့သင်နှစ်သက်တဲ့ဝါသနာက ကိုယ်ခန္ဓာလှုပ်လျားမှုမလိုဘူးဆိုရင်တောင် သင့်အတွက်အကျိုးများစေပါတယ်။ လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေကနေ ခဏ အနားယူပြီးသင်နှစ်သက်တဲ့အရာတခုခုကိုလုပ်တာက သင့်စိတ်ကိုပြန်လည်နုပျိုလာစေပြီး ကြုံတွေ့လာနိုင်တဲ့စိန်ခေါ်မှုတွေအတွက် ပိုကောင်းအောင်ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ပြင်ဆင်ထားသလိုပါပဲ။

(၄) လူမှုဆက်ဆံရေးကောင်းစေတယ်

Source : Shutterstock

အင်တာနက်ကနေ သင့်လိုဝါသနာတူမိတ်ဆွေတွေနဲ့ အဆက်အသွယ်မပြတ်အောင်နေလို့ရပါတယ်။ ဒီကနေ ဝါသနာတူမိတ်ဆွေသစ်တွေနဲ့တွေ့ဆုံနိုင်ဖို့ သင်တို့ရဲ့ဝါသနာကိုဆွေးနွေးနိုင်ဖို့နဲ့ အသင်းအဖွဲ့တွေမှာပါဝင်ဖို့ အတွက်အခွင့်အရေးကောင်းတွေရစေပါတယ်။ ဒါ့အပြင်လုပ်ငန်းခွင်အတွင်းမိတ်ဆွေ ဖွဲ့တဲ့နေရာမှာအဆင်ပြေစေပြီး အလားတူအလုပ်တွေ အသင်းအဖွဲ့တွေမှာလည်း သင့်ရဲ့လူမှုဆက်ဆံရေးကို ပိုကောင်းအောင်မြှင့်တင်ပေးပါတယ်။

(၅) မိမိကိုယ်ကို ပိုတိုးတက်အောင်လုပ်တဲ့နေရာမှာ အထောက်အကူပြုတယ်

Source : Shutterstock

ဝါသနာက တီထွင်ဖန်တီးမှုနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကို တိုးတက်စေရုံသာမက ကိုယ့်ကိုယ်ကိုတိုးတက် အောင်လုပ်တဲ့နေရာမှာလည်း များစွာကူညီပေးပါတယ်။ သင်ဝါသနာပါတဲ့အရာတခုကို သက်မွေးဝမ်းကျောင်းအဖြစ်လုပ်တဲ့အခါ ဝါသနာနဲ့ဆက်စပ်တဲ့ပညာရပ်အားလုံးကိုပါ ဆက်လေ့လာဖို့မပျင်းတော့တဲ့အတွက် သင့်ရဲ့ကျွမ်းကျင်မှုကိုတိုးစေပါတယ်။