တစ်ကိုယ်ရည်သန့်ရှင်းရေးထဲမှာ ခံတွင်းကျန်းမာရေးကလည်း အရေးကြီးပါတယ်။ များသောအားဖြင့် လူတွေဟာ ခံတွင်းနဲ့သွား ပြဿနာရှိမှ သွားဆရာဝန်ဆီ သွားကြပေမယ့် တကယ်တမ်းတော့ ကျန်းမာတဲ့လူနေမှုပုံစံအရဆို သင့်အနေနဲ့ Dentist ဆီကို မကြာခဏ သွားဖို့ လိုပါလိမ့်မယ်။ ဘာကြောင့် သွားဆရာဝန်ဆီ မကြာခဏ သွားနဲ့ခံတွင်းကျန်းမာရေး စစ်ဆေးမှု ခံယူသင့်သလဲဆိုတာကတော့ –

(၁) ကင်ဆာဖြစ်နိုင်မှုကို စောစောစီးစီး ကြိုသိနိုင်ခြင်း

dental-checkup

Photo: Sabka Dentist

လူတိုင်း ခံတွင်းကင်ဆာဖြစ်နိုင်ပါတယ်။ Dental Check-Up လုပ်ပေးခြင်းအားဖြင့် အန္တရာယ်များလှတဲ့ ရောဂါတွေကို အစောဆုံးကြိုတင်သိရှိ ကုသနိုင်မှာပါ။ ခံတွင်းနဲ့ ပါးစောင်ကင်ဆာလို ရောဂါအမြစ်တည်လို့ အချိန်လွန်မှ သိရမယ့်ရောဂါတွေကို သင့်သွားဆရာဝန်က အရင်ဆုံး ထောက်လှမ်းနိုင်ပါလိမ့်မယ်။

(၂) နှလုံးရောဂါ ဖြစ်နိုင်ခြေကို ကြိုသိနိုင်ခြင်း

Dentist looking at patient

Photo: theeverydayman

သွားဆရာဝန်တွေဟာ သွားနဲ့ သွားဖုံးအခြေအနေကို စစ်ဆေးပြီး တခြားရောဂါကြီးတွေနဲ့ ဆက်စပ်မှု ရှိနိုင် မရှိနိုင်ဆိုတာကို အကဲဖြတ်နိုင်ပါတယ်။ ဥပမာ သွားဖုံးရောင်တာ ၊ သွေးယိုတာတွေလို ရောဂါလက္ခဏာတွေ ပြလာရင် အရင်က နှလုံးရောဂါဖြစ်ဖူးလားဆိုတာ စစ်ချက်ယူပါတယ်။ ပြီးရင် သင့်ကို ခံတွင်းအပြင် တစ်ကိုယ်လုံးကျန်းမာရေးအတွက် အရေးကြီးတဲ့ သတိပေးချက်နဲ့ လမ်းညွှန်မှုတွေ ပေးပါလိမ့်မယ်။

(၃) သွားနဲ့ ခံတွင်းကြောင့် ယုံကြည်မှု ပိုရစေခြင်း

man visit dental clinic

Photo: interdent

သွားတွေ ဝါထိန်ပြီး ခံတွင်းနံ့ ဆိုးနေရင် အလိုလိုနေရင် ရုပ်ဆိုးပါတယ်။ သွားလေးတွေ ဖြူဖွေးပြီး ခံတွင်းနံ့ ရှင်းနေရင် လူဟာ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ချကျေနပ်ရသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် Self-Assurance လည်း ပိုမြင့်လာတတ်ပါတယ်။ လူမှုဆက်ဆံရေးမှာလည်း ကိုယ့်ရဲ့ Good Oral Hygiene ကြောင့် စိတ်ထဲမှာ အေးဆေးသာယာ Feeling Calm ဖြစ်ရပါလိမ့်မယ်။

အနည်းဆုံးတော့ သွားဆေးခန်းကို တစ်နှစ် တစ်ခေါက်လောက် သွားပေးရုံနဲ့ တချို့ရောဂါကြီးတွေကို မဖြစ်ခင်က ကာကွယ်ပြီး ဖြစ်စေသလို သွားနဲ့ခံတွင်းကျန်းမာရေး ဗဟုသုတနဲ့ ထိန်းသိမ်းနည်းစနစ်တွေလည်း ရစေမှာ အမှန်ပါပဲ။

Featured Photo: Sabka Dentist