ချစ်သူနှစ်ဦးကြား ပျော်ရွှင်မှုတွေပျောက်ဆုံးနေပြီလို့ခံစားနေရပြီလား။ စုံတွဲတိုင်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက်အခြေအနေတွေ ရှိကြတာသဘာဝဆိုပေမယ့် ကွီးပိုင်ဆိုင်ထားတဲ့ အချစ်ရေးက စိတ်ညစ်စရာတွေပဲ များနေတယ်ဆိုရင် ပြန်လည်သုံးသပ်ကြည့်ဖို့လိုအပ်ပါတယ်။ တစ်ချို့သော အရာတွေကချစ်သူနှစ်ဦးကြားက ပျော်ရွှင်မှုတွေကို ဖျက်ဆီးပစ်တက်တာကြောင့် ပျော်ရွှင်ရတဲ့အချိန်တွေနည်းသွားတာမျိုးဖြစ်တက်ပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ ယေဘုယျအားဖြင့် ချစ်သူနှစ်ဦးကြား ပျော်ရွှင်မှုပျောက်ဆုံးစေတဲ့ အကြောင်းအရင်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) စိုးရိမ်စိတ်များခြင်း

Source : Stuff.co.nz

လူတိုင်းလူတိုင်းမှာ စိုးရိမ်ပူပန်စိတ်ဆိုတာရှိကြပါတယ်။ စိုးရိမ်စိတ်တွေကအတိုင်းအတာတစ်ခုအထိပဲရှိသင့်ပြီး လိုတာထက်ပိုလွန်ကဲနေရင်တော့ ကိုယ့်အတွေးတွေနဲ့ပိတ်လှောင်ပြီး ပျော်ရွှင်မှုဆိုတာလည်း ပျောက်ဆုံးသွားမှာဖြစ်ပါတယ်။ စိုးရိမ်စိတ်ရဲ့နောက်ကွယ်မှာ သံသရဆိုတာလည်းပါလာတက်တာကြောင့် တစ်ယောက်နဲ့တစ်ယောက်ကြား ထင်ယောင်ထင်မှားခြင်းတွေနဲ့ စိတ်ညစ်ရတဲ့အချိန်တွေကပဲ ကြီးစိုးထားမှာဖြစ်ပါတယ်။ဒါကြောင့် စိုးရိမ်စိတ်လွန်ကဲနေမိလား ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်ပါ။

(၂) တစ်ကိုယ်ကောင်းဆန်ခြင်း

Source : Freepik

ချစ်သူနှစ်ဦးဖြစ်လာပြီဆိုရင် တစ်ကိုယ်ကောင်းဆန်ခြင်းတွေကို ဘေးချထားသင့်ပါပြီ။ ဘာပဲဖြစ်ဖြစ် သူရောကိုယ်ရော ချစ်လို့လက်တွဲလာခဲ့ပြီဖြစ်တဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းတက်ဖို့ကလည်း အရမ်းကိုလိုပါတယ်။ ဒီလိုမှမဟုတ်ပဲ ကိုယ်တစ်ယောက်တည်း တစ်ကိုယ်ကောင်းဆန်နေရင် ပျော်ရွှင်စရာအချစ်ရေးဖြစ်လာမှာမဟုတ်ပါဘူး။

(၃) အလျော့ပေးရတာများခြင်း

Source : Family Creations

ချစ်တဲ့သူကအလျော့ပေးကြတယ်ဆိုတာ အားလုံးလက်ခံထားတဲ့ အခြေအနေတစ်ခုပါ။ သို့သော်လည်း လူတစ်ယောက်က အမြဲလိုလိုအလျော့ပေးနေရမယ် တစ်ဖက်ထဲကိုပဲ အလေးသာနေမယ်ဆိုရင် အချိန်ကြာလာတာနဲ့ အမျှ ဒီအချစ်ရေးကို လက်လျော့ချလာမိမှာသေချာပါတယ်။ ကိုယ့်ချစ်သူကိုနိုင်လို့ရတယ် သူကအလျော့ပေးတာပဲ ဆိုရင်တောင် ကိုယ့်အနေနဲ့ အကန့်အသတ်လေးတစ်ခုတော့ထားပါ။ ယောကျာ်းလေးဖြစ်စေ မိန်းကလေးဖြစ်စေအလျော့ပေးတိုင်း လုပ်ချင်တာလုပ်မယ်ဆိုရင် ပျော်စရာကောင်းတဲ့အချစ်ရေးဖြစ်လာနိုင်မှာမဟုတ်သလို အချိန်မရွေးလည်း ပြတ်တောက်သွားနိုင်ပါတယ်။

(၄) အဆိုးမြင်စိတ်များခြင်း

Source : Love Back Dua

အချစ်ရေးမှာအဆိုးမြင်စိတ်တွေများနေခြင်းက ပျော်ရွှင်မှုကို ဖျက်စီးနေခြင်းတစ်မျိုးပါပဲ။ ကိုယ့်ချစ်သူအပေါ်ကို Negative အမြင်တွေနဲ့ပဲ ကြည့်နေမယ်ဆိုရင် သူရောကိုယ်ရောပျော်နိုင်ပါအုန်းမလား။ တကယ်တော့ အဆိုးမြင်စိတ်က အချစ်ရေးမှာတင်မဟုတ်ပါဘူး။ ကိုယ့်ရဲ့ဘဝမှာပါ ပျော်စရာအချိန်တွေ ကောင်းမွန်တဲ့အခွင့်အလမ်းတွေ မိတ်ဆွေကောင်းတွေ အားလုံး အားလုံးကိုဆုံးရှုံးရစေနိုင်ပါတယ်။ ဒါကြောင့် ပျော်ရွှင်တဲ့အချစ်ရေးရချင်ရင် ကိုယ်ချစ်သူအပေါ်မကောင်းမြင်စိတ်လေးတွေနည်းနည်းလျော့လိုက်ပါ။