ချစ်သူနှစ်ဦးကြားက ဆက်ဆံရေးခိုင်မြဲဖို့ တည်ဆောက်ရာမှာ နားလည်မှုတွေ ညှိနှိုင်းမှုတွေကို အချိန်ကြာကြီးယူပြီး တည်ဆောက်ရပေမယ့် ဆက်ဆံရေးပျက်ပြားဖို့ကတော့ အရမ်းကိုလွယ်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ သင်တို့နှစ်ဦးကြားက ဆက်ဆံရေးကိုပျက်စီးစေနိုင်တဲ့ အကြောင်းအရင်းတွေကို ပြောပြပေးချင်ပါတယ်။
(၁) တခြားသူတွေနဲ့နှိုင်းယှဉ်ခြင်း

Source : iStock
ကိုယ့်ပတ်ဝန်းကျင်မှာ အားကျစရာကောင်းတဲ့ စုံတွဲတွေရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် သူတို့ကိုကြည့်ပြီး ကိုယ့် Relationship အပေါ်မှာအားမလိုအားမရဖြစ်တာတွေ တခြားစုံတွဲတွေနဲ့နှိုင်းယှဉ်ပြီး ကိုယ့်အချစ်ရေးပေါ်မှာ အပြစ်တွေမြင်မိတာ စတဲ့လုပ်ရပ်တွေကတော့ သင့်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကိုကောင်းလာဖို့ထက်ပိုပြီး ပျက်စီးသွားဖို့ပဲရှိပါတယ်။
(၂) အမှားတွေဆက်တိုက်လုပ်မိခြင်း

Source : Kurio
ကိုယ့်ချစ်သူမကြိုက်တဲ့အရာတွေကို မကြာခဏလုပ်နေမိမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် စိတ်ပျက်စရာတွေဖြစ်လာနိုင်ပါတယ်။ အမှားတစ်ခုကိုတစ်ကြိမ်နှစ်ကြိမ်လောက် ထက်ပိုပြီးကျူးလွန်မိရင် ကျူးလွန်သူရဲ့ အပြစ်သာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အချစ်ရေးအပေါ်မှာ ထိခိုက်စေတဲ့အမှားမျိုးတွေကို ထပ်ခါထပ်ခါမလုပ်မိဖို့တော့ လိုပါလိမ့်မယ်။
(၃) တတိယလူဝင်လာခြင်း

Source : Dreamstime
စုံတွဲတွေကို လမ်းခွဲကြတဲ့အထိ ဖြစ်တဲ့ကိစ္စတွေထဲမှာ တတိယလူတစ်ယောက်ဝင်လာတာက အဖြစ်များဆုံး ကိစ္စတစ်ခုဖြစ်ပါတယ်။ ကိုယ်အနေနဲ့ ကိုယ့်ကောင်မလေးကို တကယ်ချစ်တယ် တန်ဖိုးထားတယ်ဆိုရင် သူမအပေါ်သစ္စာဖောက်မိမယ့်ရပ်လုပ်တွေကို အစကတည်းက လုံးဝရှောင်သင့်ပါတယ်။ အကယ်၍ လက်ရှိချစ်သူနဲ့ အဆင်မပြေနိုင်ဘူး လက်တွဲလို့မဖြစ်နိုင်ဘူးထင်ရင် ပြတ်ပြတ်သားသားပဲ လမ်းခွဲပြီးမှ နောက်ထပ်တစ်ယောက်ကို ရှာသင့်ပါတယ်။
(၄) အပြစ်ပြောနေမိခြင်း

Source : Mamashine
မိန်းကလေးအများစုကတော့ မချစ်တော့ရင် အပြစ်မြင်လာတက်တယ်လို့ ခံယူထားတက်ကြပါတယ်။ သင်ဟာ သူမနဲ့ပတ်သတ်ပြီး အသေးအမွှားလေးတွေကအစ အပြစ်တွေပြောနေမိမယ် အလိုမကျဖြစ်နေမယ်ဆိုရင် သူမအနေနဲ့ သင်က သူမအပေါ်မှာ မချစ်တော့ဘူးလို့ ခံစားလာနိုင်သလို အချိန်တိုင်းအပြစ်ပြောခံ အပြစ်မြင်ခံနေရတဲ့ ဘဝမှာစိတ်ပျက်လာပြီး လမ်းခွဲတဲ့အထိဖြစ်သွားစေနိုင်ပါတယ်။
