အခုထိ တစ်ကိုယ်တည်း Single Status ဘဝကနေ မကျွတ်သေးရင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဖို့ မမေ့ပါနဲ့။ တကယ်တော့ Couple တွေ ပျော်တယ်ဆိုတာ Single တွေ ဧကစာမှာ သာယာတာကို ဘယ်မှီပါ့မလဲ။ အခုပြောမယ့် အချက်တွေနဲ့ တိုက်ကြည့်ရင်ကို ဘာအပိုဝန်မှ မပါတဲ့ Single ကိုကိုတွေ ဘဝကို ကျေနပ်သင့်ပါတယ်။

(၁) လွတ်လပ်မှု အပြည့်ရှိတယ်

Man traveling alone

Photo: Unsplash

ဟုတ်ပါ့။ Single တွေက ဘာအနှောင်အဖွဲ့မှ မပါတဲ့ ငှက်တစ်ကောင်လို ပျံချင်ရင် အတော်ဖြန့်ရုံပဲ ဆိုသလို လုပ်ချင်တာကို စိတ်ရှိတိုင်း လုပ်နိုင်တယ်။ သွားလိုရာကို ဘယ်သူ့ဆီကမှ ခွင့်ပြုချက်တောင်းစရာမလိုဘဲ သွားနိုင်တယ်။ ဘယ်သူ့ကိုမှ မငဲ့ဘဲ ကိုယ်အနေချင်ဆုံးပုံစံနဲ့ နေနိုင်တယ်။ မဖြေချင်တဲ့ ဖုန်းတွေ ဖြေစရာမလိုဘူး ၊ မလုပ်ချင်တဲ့ကိစ္စတွေကို မတတ်သာလို့ လုပ်စရာလိုပါဘူး။ FA ဆိုတာ Freedom and Active ကို ပြောသလားတောင် အောက်မေ့ရပါတယ်။ ဒါမျိုးကို စုံတွဲတွေ ၊ လင်မယားတွေအကြားမှာ တွေ့ရမှာ မဟုတ်ပါဘူး။

(၂) ကိုယ့်အလုပ်ကို အာရုံနိုင်တယ်

man working with a laptop

Photo: Unsplash

အလုပ်ကိစ္စဖြစ်ဖြစ် ၊ ကိုယ်ဝါသနာပါတာကို လုပ်ဖို့ဖြစ်ဖြစ် နောက်ဆုံး ကိုယ်စိတ်ကူးထားတာလေးတွေကို ဖန်တီးဖို့ဖြစ်ဖြစ် အင်ပြည့်အားပြည့်လုပ်ဖို့ဆိုတာ အာရုံလာစားမယ့်သူ နည်းလေလေ အလုပ်တွင်လေလေပါပဲ။ ဘဝကြီးပွားရေးအတွက် ချစ်သူ ၊ ဇနီးတွေက တွန်းအားတစ်ရပ်ဆိုတာ မှန်ပေမယ့် ကိုယ်ရူးသွပ်တဲ့အလုပ်တစ်ခုကို ကိုယ်လုပ်ချင်သလောက်အထိ လုပ်နိုင်ဖို့ဆို အဲ့ဒီအလုပ်ပေါ် အချိန်တွေ ၊ စိတ်ခွန်အားတွေ နှစ်နိုင်ဖို့ လိုပါတယ်။ တစ်ယောက်က နှစ်ယောက် ဖြစ်လာရင် အချိန်တွေ ခွဲပေးရပါတာ ဓမ္မတာပါပဲ။ ဒီနည်းနဲ့ အပြည့်အဝအာရုံစိုက်နိုင်ဖို့ ခက်သွားတတ်ပါတယ်။

(၃) ချစ်ခြင်းတွေ တံခါးဖွင့်ထားတယ်

man date with a girl

Photo: Unsplash

Singles ဆိုတာ လမ်းပေါ်က ရည်းစားမရှိသေးတဲ့ မိန်းကလေးတိုင်းကို ပစ်မှတ်ထားနိုင်တဲ့အခွင့်အရေးရှိသူပါ။ ကိုယ့်နှလုံးသားကို ရိုက်ခတ်လှုပ်ခါနိုင်မယ့် ကောင်မလေးတစ်ယောက်ကို တွေ့ရင် ချစ်စကားဆိုပြီး မေတ္တာလမ်းခင်းဖို့ အခွင့်ရှိပါတယ်။ တစ်နည်းအားဖြင့် ချစ်ခြင်းတရားကို ဘောင်ခတ်မထားအောင် လွတ်လပ်နေတဲ့လူပါပဲ။ ဒီတော့ ကိုယ့်အတွက် ဖူးစာရှင်ကို ရှာဖို့ အချိန်တွေ အများကြီးရှိသလို အခွင့်အလမ်းတွေလည်း မနည်းမနောပါပဲ။

(၄) သူငယ်ချင်းတွေကို အချိန်ပေးနိုင်တယ်

a group of friends

Photo: Unsplash

နောက်တစ်ချက် အားသာချက်က တစ်ကိုယ်ရေတစ်ကာယသမားတွေဟာ အချိန်တွေ သိပ်ပေါတော့ ကိုယ့်အတွက်ကိုယ် အချိန်ပေးနိုင်သလို ကိုယ့်သူငယ်ချင်းတွေနဲ့ တွေ့ဖို့အတွက်လည်း အချိန်ပေးနိုင်ပါတယ်။ အားလပ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့ ချိန်းပြီး တွေ့နိုင်သလို အပျော်ခရီးဘာညာ ထွက်တာလည်း လုပ်နိုင်ပါတယ်။ အသက်ကြီးလာရင် ဒီအမှတ်တရတွေက ကိုယ့်ကို လူငယ်ဘဝကို တန်အောင် ဖြတ်သန်းခဲ့တယ်ဆိုတဲ့ ခံစားချက်ပေးနိုင်ပါလိမ့်မယ်။

(၅) ကိုယ်ရှာတာ ကိုယ့်အတွက်ပဲ

money counting

Photo: Unsplash

လုပ်ငန်းခွင်ထဲ ရောက်နေပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နေတဲ့လူတွေအတွက် Single ဖြစ်ရတာ တစ်နည်းကောင်းပါတယ်။ ဘဝကို အသည်းအသန် ရှင်သန်နိုင်အောင် ရုန်းကန်စရာ မလိုသလို ကိုယ်ရှာထားသမျှကိုလည်း ကိုယ့်အတွက်ကိုယ် ပြန်သုံးနိုင်လို့ ဖြစ်ပါတယ်။

Featured Image Photo: goodmenproject