လူ ၁၀ ယောက်မှာ ထက်ဝက်နီးပါးလောက်က မနက်စာပုံမှန်စားလေ့မရှိကြပါဘူး။ မနက်စာက စားလဲရသလို မစားလဲရတယ်လို့ ထင်မိရင်တော့ သင်မှားသွားနိုင်ပါတယ်။ မနက်စာက အရေးကြီးတယ်ဆိုတာကို အောက်ပါအချက်တွေက ပြောပြနေပါလိမ်မယ့်။

Source : Campaign

ဝိတ်ကျစေတယ် – နောက်ဆုံးတချက်ကတော့ မနက်စာစားသူတွေဟာ အဝလွန်ခြင်းကိုလျှော့ချနိုင်ပြီး BMI လို့ခေါ်တဲ့ body mass index လူရဲ့အရပ်နဲ့ကိုယ်ခန္ဓာကိုတိုင်းတာတဲ့ဇယားမှာ ပိုမိုကျန်းမာတာကို တွေ့ရပါတယ်။ ဒါ့အပြင် မနက်စာက သင့်ခန္ဓာကိုယ်ကြွက်သားတွေကိုစွမ်းအင်ပြည့်စေပြီး တနေ့တာလုပ်ဆောင်မှုတွေမှာစွမ်းအင်ပြည့်ဝစေနိုင်ပါ တယ်။

မနက်စာက သရေစာစားချင်စိတ်ကိုလျော့ကျစေတယ် – လေ့လာမှုများအရ မနက်စာစားသုံးခြင်းဟာ တနေ့တာလုံးဆာလောင်တာနဲ့ အစားစားချင်စိတ်ကိုလျှော့ချစေနိုင် တယ်လို့ဆိုပါတယ်။ ဟုတ်ရဲ့လားလို့ထင်ရပေမယ့် သင့်အနေနဲ့မနက်စာမစားတဲ့နေ့တွေမှာ တနေ့တာလုံး ပိုဆာ လောင်တတ်တာကို သတိထားမိမှာပါ။ အမျှင်ဓါတ်များများပါတဲ့မနက်စာစားပေးရင် တနေ့တာလုံးမှာ သရေစာ စားချင်တာမျိုးမရှိတော့တဲ့အတွက် အပိုငွေကုန်တာကိုပါသက်သာစေပါတယ်။

ဆီးချိုရောဂါကာကွယ်တယ် – ဟုတ်ပါတယ်။ ပုံမှန်မနက်စာစားတာက သင့်မှာဆီးချိုရောဂါဖြစ်နိုင်ခြေကိုကာကွယ်ပေးနိုင်ကြောင်း သုတေသနပြုချက်ရှိပါတယ်။ ၁၀နှစ်တာ သုတေသနပြုလေ့လာမှုတခုမှာ နံနက်စာပုံမှန်စားသုံးတဲ့သူတွေက ဆီးချိုရောပါဖြစ်နိုင်ခြေကို ၃၀%ရာခိုင်နှုန်းလျော့နည်းသွားတာတွေ့ရပါတယ်။ ဒါကမနက်စာစားတဲ့အခါ ခန္ဓာကိုယ်တွင်းရှိ အင်ဆူလင်ကိုတိုးစေတဲ့အတွက်လို့ ဆိုပါတယ်။

Source : Focused Collection

မှတ်ဉာဏ်ကောင်းစေတယ် – ကာဘိုဟိုက်ဒရိတ်က ဦးနှောက်ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ သင့်ရဲ့တနေ့တာကိုစတင်တဲ့အခါ အာ ဟာရပြည့်ဝတဲ့မနက်စာကိုစားသုံးပေးတဲ့အတွက် မှတ်ဉာဏ်နဲ့အာရုံစူးစိုက်မှုအဆင့်ကိုတိုးတက်စေပြီး စိတ်ဖိစီး မှုကိုလျော့နည်းစေပါတယ်။ ကလေးတွေမှာဆိုရင် နက်စာစားတဲ့ကလေးတွေက သိမြင်မှုစွမ်းရည်တိုးတက်လာ ပြီး ကျောင်းမှာပိုမိုကောင်းမွန်စွာလုပ်ဆောင်နိုင်တာတွေ့ရပါတယ်။