မြေပြန့်ဒေသကလူတွေအဖို့ ခရီးသွားမယ်ဆိုရင် ကမ်းခြေပြီးရင် နောက်ထပ်ဦးစားပေးစဉ်းစားကြတဲ့ခရီးစဉ်က တောင်ပေါ်ဒေသလို့ ပြောရင်မမှားနိုင်ပါဘူး။ တောင်ပေါ်ဒေသတွေဆီ ခရီးသွားခြင်းဟာ သင့်ကိုသဘာဝရဲ့အလှတရားတွေ စိတ်လှုပ်ရှားစရာအတွေ့အကြုံတွေ မတူညီတဲ့ခံစားမှုအသစ်တွေ ပေးစွမ်းမှာဖြစ်ပြီး စိတ်ရောကိုယ်ပါကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ခရီးသွားဖို့စဉ်းစားရင် ဘာကြောင့်တောင်ပေါ်ဒေသကို သွားဖို့စဉ်းစားသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) လေထုညစ်ညမ်းမှုကင်းတယ်

Source : Dreamstime

မြို့ကြီးပြကြီးတွေမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ အကြီးမားဆုံးပြဿနာတစ်ခုက လေထုညစ်ညမ်းခြင်း ပြဿနာဖြစ်ပါတယ်။ လေထုညစ်ညမ်းမှုဟာ ကျန်းမာရေးပြဿနာများစွာကိုဖြစ်စေနိုင်ပြီး အထူးသဖြင့် ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေနဲ့ ပန်းနာရင်ကျက်ရောဂါသည်တွေအတွက် အလွန်အန္တရာယ်များပါတယ်။ တောင်ပေါ်ဒေသဆိုတာကတော့ ကားတွေ စက်ရုံတွေနည်းပြီး လေထုညစ်ညမ်းမှုကင်းတာကြောင့် ရှုရှိုက်ရတဲ့လေထုကအစ သန့်ရှင်းလက်ဆတ်နေမှာဖြစ်ပြီး သင့်ကိုလန်းဆန်းစေမှာဖြစ်ပါတယ်။

(၂) တည်ငြိမ်အေးချမ်းမှုကိုရစေတယ်

Source : Scout.coop

တောင်တန်းတွေက တည်ငြိမ်အေးချမ်းမှုကို ရှာဖွေရန်အတွက် အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ ယနေ့ခေတ်လူတွေရဲ့ နေ့စဉ်ဘဝမှာ ရှုပ်ထွေးပွေလီလှတဲ့ အလုပ်တာဝန်တွေနဲ့ ကိုယ့်ကိုယ်ကို အချိန်ပေးဖို့ ကိုယ်ကိုယ့်ကို ပြန်လည်ဆန်းစစ်ဖို့မေ့လျော့နေတက်ကြပါတယ်။ နေ့စဉ်ဘဝထဲက မွန်းကျပ်မှုတွေနဲ့ဝေးရာ တောင်ပေါ်ဒေသကို အလည်သွားရောက်ခြင်းဟာ သင့်ရဲ့စိတ်ရော ခန္ဓာကိုယ်ကိုပါ အေးချမ်းမှုရစေမှာဖြစ်ပြီး သင့်ကိုယ်သင်ပြန်လည်ရှာဖွေနိုင်မယ့် အကောင်းဆုံးအခွင့်အရေးဖြစ်ပါတယ်။

(၃) အတွေ့အကြုံအသစ်အဆန်းတွေရစေတယ်

Source : Mental Game Assessment

တောင်တန်းဒေသတွေက သင့်ပတ်ဝန်းကျင်မှာမြင်တွေ့နေကြ မြင်ကွင်းတွေနဲ့မတူပဲ အိမ်မက်ဆန်တဲ့ရင်သပ်ရှုမောဖွယ်မြင်ကွင်းများနဲ့ အတွေ့အကြုံအသစ်အဆန်းတွေ ပေးစွမ်းမှာဖြစ်ပါတယ်။ လှပတဲ့တောင်တန်းတွေ မျက်စိတဆုံးမြင်တွေ့ရတဲ့ ရွေ့လျားတိမ်တွေ စိမ်းစိုတဲ့သစ်တောတွေနဲ့ သဘာဝရဲ့အငွေ့အသက်တွေ နေရာအသစ်ကလူအသစ်တွေ အစားအသောက်အသစ်အဆန်းတွေက သင့်ကိုများစွာသော အတွေ့အကြုံအသစ်အဆန်းတွေကိုရစေမှာဖြစ်ပြီး သင့်ဘဝတစ်လျောက်လုံးမှာ အမြဲပြန်ပြောဖြစ်နေမယ့် အမှတ်တရကောင်းတွေရစေမှာဖြစ်ပါတယ်။

(၄) ကျန်းမာရေးကိုအထောက်အကူဖြစ်စေတယ်


Source : MapMyRun Blog

တောင်ပေါ်ဒေသကိုသွားရောက်လည်ပတ်ခြင်းက သင့်စိတ်နဲ့ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းအတွက် အထောက်အကူဖြစ်စေပါတယ်။ လေ့လာမှုတွေအရ တောင်တန်းဒေသတွေက အသက်ရှူလမ်းကြောင်းနှင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ စိတ်ခံစားမှုကိုလည်း မြင့်တင်ပေးပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်တွေလျော့နည်းစေကာ ညဘက်တွေမှာကောင်းစွာအိပ်ပျော်စေဖို့ ကူညီပေးပါတယ်။ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေဖို့အတွက် စက်ဘီးနင်းခြင်း လမ်းလျောက်ခြင်း စတဲ့လေ့ကျင့်ခန်းတွေလည်း လုပ်နိုင်ပါတယ်။