သစ်ကြမ်းပိုးခေါက်သည် အလယ်ခေတ်တုန်းက ဥရောပနိုင်ငံများတွင် လူချမ်းသာများသာ အသုံးပြုကြသော ဇိမ်ခံပစ္စည်းတစ်မျိုးပါ။ အာရပ်လူမျိုးများ ကုန်စည်ကူးသန်းရောင်းဝယ်ရာတွင်လည်း လူကုံထံများသာ ဝယ်ယူအသုံးပြုနိုင်ကြတဲ့ အစားအစာတစ်မျိုးပါ။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ အိမ်တိုင်းလိုလိုရဲ့မီးဖိုချောင်များတွင် သစ်ကြမ်းပိုးခေါက်ကို တွေ့မြင်နေရပါပြီ။

သစ်ကြမ်းပိုးခေါက်သည် သာမန်ဟင်းခပ်အမွှေးအကြိုင်တစ်ခုဆိုတာထက် ပိုပါတယ်။ အခုဖော်ပြပေးမယ့် အချက်များကို ဆက်ဖတ်ကြည့်လိုက်မယ်ဆိုရင် ဘာ့ကြောင့် ထိုကဲ့သို့ ပြောရသလဲဆိုတာကို သိသွားပါလိမ့်မယ်။

ဝက်ခြံများကို ဖယ်ရှားပေးနိုင်လို့

benefits of cinnamon for men

သစ်ကြမ်းပိုးခေါက်တွင် မျက်နှာပေါ်ရှိ အနီစက်များ၊ ဝက်ခြံများနှင့် ရောင်ရမ်းမှုကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားများကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းသတ္တိများ ပါရှိပါတယ်။ ဝက်ခြံသမားများအနေနဲ့ သစ်ကြမ်းပိုးခေါက်ကို များများမှီဝဲပေးပါက ဝက်ခြံများ တဖြည်းဖြည်း လျော့ပါးသက်သာသွားစေပါတယ်။

အဆစ်အမြစ်များ ရောင်ရမ်းခြင်းမှ ကာကွယ်ပေးလို့

 

benefits of cinnamon for men

သစ်ကြမ်းပိုးခေါက်သည် တစ်သျှူးများကို ပျက်စီးစေတဲ့ ဗိုင်းရပ်စ်များကို တိုက်ခိုက်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အရိုးအဆစ်များ ရောင်ရမ်းပါက သစ်ကြမ်းပိုးခေါက်ကို အသုံးပြုပေးနိုင်ပါတယ်။ သစ်ကြမ်းပိုးခေါက်သည် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်းကို သက်သာစေပါလိမ့်မယ်။

နှလုံးရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးလို့

benefits of cinnamon for men

Photo Source: Assistedcares.com

လေ့လာချက်များအအရ သစ်ကြမ်းပိုးခေါက်သည် နှလုံးအားကောင်းစေသော အစားအစာတစ်ခုလို့ သိရပါတယ်။ ရက်သတ္တပတ် ၁၂ ပတ်ကြာ ပြုလုပ်ထားတဲ့ လေ့လာချက်တစ်ခုမှာ သစ်ကြမ်းပိုးခေါက် စားသုံးတဲ့ ကြွက်များးသည် သစ်ကြမ်းပိုးခေါက် မစားတဲ့ ကြွက်များထက် နှလုံးအဆီဖုံးခြင်း မရှိဘဲ နှလုံးကျန်းမာတာကို တွေ့မြင်ရပါတယ်။

ကိုယ်အလေးချိန် ကျစေလို့

benefits of cinnamon for men

သစ်ကြမ်းပိုးခေါက်သည် အမျှင်ဓာတ် ကြွယ်ဝသော အစားအစာဖြစ်ပါတယ်။ သူ့ကို စားသုံးပေးခြင်းသးည် မကြာခဏ ဗိုက်ဆာခြင်းကို ဟန့်တားပေးနိုင်ပြီး ဗိုက်ပြည့်ကာ ရောင့်ရဲတင်းတိမ်စေပါတယ်။ ဝိတ်ချချင်သူများအတွက်တော့ သစ်ကြမ်းပိုးခေါက်သည် အသင့်တော်ဆုံးပါပဲ။

မှတ်ဉာဏ်စွမ်းအားတိုးမြှင့်စေလို့

benefits of cinnamon for men

သစ်ကြမ်းပိုးခေါက်သည် ဦးနှောက် အသက်အရွယ်ကြီးရင့်လာခြင်းကို နှေးကွေးစေပြီး စိတ်ဖိစီးမှုကြောင့် ဦးနှောက်ဆဲလ်များ ပျက်စီးသွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ထိုဟင်းခပ်အမွှေးအကြိုင်သည် အယ်လ်ဇိုင်းမားရောဂါနှင့် အာရုံကြောစနစ်များ ပျက်စီးယိုယွင်းလာခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

ဒါဆိုရင်တော့ သစ်ကြမ်းပိုးခေါက်ကို ဘာ့ကြောင့် များများ စားသုံးသင့်သလဲဆိုတာကို သိသွားလောက်ပြီလို့ ယုံကြည်ပါတယ်။

Source: Brightside.me