ဒီနေ့ခေတ်အထိ နာရီတွေဟာ မရိုးနိုင်သေးတဲ့ ဖက်ရှင်အဖြစ် ရှိနေဆဲပါ။ ၁၈၆၈ ခုနှစ်က စတင်တီထွင်ခဲ့တဲ့ ဒီနာရီတွေဟာ လူတွေရဲ့ ဖက်ရှင်သမိုင်းမှာ အရေးပါတဲ့ အသုံးအဆောင်တစ်ခုအနေနဲ့ ကျန်ရစ်နေဆဲ ဖြစ်ပါတယ်။ နာရီတွေဟာ လူတစ်ယောက်ကို ဘယ်လိုပုံဖော်နေသလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ တကယ်တော့ နာရီဆိုတာ အချိန်ကာလပြ ကိရိယာတစ်ခုထက်တော့ ပိုစမြဲပါ။

(၁) သင့်အကြိုက်ကို ပြောနေတယ်

Photo: trekbible

သင်ဝတ်ထားတဲ့ အဝတ်အစားတွေက သင့်အပေါ် လွှမ်းမိုးမှု ရှိပါတယ်။ နာရီပတ်ထားသူချင်းတောင်မှ အမျိုးအစားနဲ့ တည်ဆောက်မှုပေါ်လိုက်ပြီး လွတ်လွတ်လပ်လပ်နေရတာ ကြိုက်တဲ့လူလား ၊ တန်ဖိုးကြီးတာတွေ သဘောကျတဲ့လူလား ၊ ရှေးဆန်တဲ့သူလား ဒါမှမဟုတ် ခေတ်နဲ့အညီ ရင်ဘောင်တန်းတဲ့ ဖက်ရှင်မျိုးနောက် လိုက်နေသူလား ပြနေတတ်ပါတယ်။

(၂) သင့်စတိုင်ကိုလည်း သိနိုင်တယ်

Photo: The Trend Spotter

နာရီဟာ ဖက်ရှင်ပါပဲ။ နာရီတွေ ထွင်လိုက်ကတည်းက ဒီအချက်က ပါလာပြီးသားပါ။ နာရီပတ်ထားခြင်းဟာ Style တစ်ခုကို ထုတ်ဖော်ပြသနေတာပဲ ဖြစ်ပါတယ်။ နာရီပေါ်လိုက်ပြီး နာရီပတ်ထားသူရဲ့ စတိုင်ကို မြင်နိုင်ပါတယ်။

(၃) အရည်အသွေးပေါ် သဘောထားလည်း သိရတယ်

Photo: berrysjewellers

အခုခေတ်မှာ ရိုးရိုးနာရီတွေ ဒီဂျစ်တယ်နာရီတွေကနေ အခုဆို စမတ်နာရီတွေအထိ နည်းပညာပေါ် အခြေခံပြီး ပြောင်းလဲလာတဲ့ နာရီတွေ ပတ်လာပါတယ်။ နာရီပတ်ထားသူမှာ သူ့ရဲ့ သဘောထားတစ်ချို့ သက်ဝင်နေပါတယ်။ နာရီအမျိုးအစားကို ကြည့်ရင် သူဟာ တစ်ချို့အရာတွေကို ဘယ်လိုသဘောထားသလဲဆိုတာ သိသာနိုင်ပါတယ်။

(၄) သင့်စရိုက်ကို မြင်ရမယ်

Photo: The Fashion Tag

ဖက်ရှင်ဆိုတာ ကိုယ့်ကိုယ်ကို ဖော်ပြနေခြင်းပါ။ လယ်သာကြိုးနဲ့ Classic နာရီ ပတ်ထားသူဟာ ဘယ်လိုလူမျိုးလဲဆိုတာ ခန့်မှန်းရလွယ်ပါတယ်။ နာရီကြိုးကြည့်ရုံ နာရီအိုး မြင်ရုံနဲ့ တစ်ချို့လူတွေရဲ့ ဉာဉ်ကို အကဲဖြတ်လို့ရပါတယ်။

(၅) ရာထူးနေရာနဲ့ အဆင့်အတန်း သိရတယ်

Photo: entrepreneur-resources

နာရီတွေဟာ မကြာခဏဆိုသလို အောင်မြင်မှုရဲ့ သင်္ကေတဖြစ်နေတတ်ပါတယ်။ ချမ်းသာသူတွေ ပတ်တဲ့ နာရီ ၊ အလုပ်မှာ ရာထူးကြီးသူတွေနဲ့ ဩဇာကြီးသူတွေရဲ့ လက်က နာရီတွေဟာ သူတို့ရဲ့ အဆင့်အတန်းကို ဖော်ပြနေတယ်လို့ မှတ်ယူနိုင်ပါတယ်။