ကလေးမိဘတွေ တော်တော်များများဟာ သူတို့ရဲ့ကလေးတွေကို ကျောင်းရမှတ်တွေက အရေးကြီးကြောင်း မကြာခဏဆုံးမတက်လေ့ရှိပါတယ်။ သူတို့ရဲ့ ကလေးတွေ ကျောင်းမှာ ရမှတ်မကောင်းဘူးဆိုရင် ဆူပူပြီးတော့ စာကိုပိုပြီးကြိုးစားစေပါတယ်။ တကယ်တော့ လက်တွေ့ဘဝထဲ ဝင်ရတော့မယ်ဆိုရင် ကျောင်းမှာဘယ်လောက်တော်တယ်ဆိုတာ သိပ်ပြီးအသုံးမဝင်ပါဘူး။

ကျောင်းထွက်ပြီး လုပ်ငန်းရှင်ကြီးတွေ ဖြစ်နေတဲ့လူတွေ တစ်ပုံကြီးရှိသလို ကျောင်းပြီးပြီးတော့ ဘွဲ့ယူထားတဲ့ပုံတွေ အိမ်နံရံမှာ ချိတ်ထားပြီး အလုပ်မရသေးတဲ့လူတွေလည်း ဒုနဲ့ဒေးပါ။ ပြီးတော့ ပညာတက်တဲ့ လူအများစုဟာ သူတစ်ပါးလက်အောက်မှာသာ လုပ်ရလေ့ရှိကြတယ်။ မယုံရင် သင့်ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပါ။ နိုင်ငံခြားပြန်တွေ ဘွဲ့အကောင်းစားယူထားတဲ့လူတွေ အားလုံးနီးပါး သူများလက်အောက်မှာလုပ်ကြတာကို တွေ့ရပါလိမ့်မယ်။

ဒီနေ့ kwee page က စာတော်တဲ့ကျောင်းသားတွေထက် စာညံ့တဲ့ကျောင်းသားတွေက ဘာလို့ပိုပြီးအောင်မြင်လေ့ရှိကြသလဲဆိုတဲ့အကြောင်း ပြောပြပေးသွားမှာပါ။

သူတို့တွေက ရမှတ်ကောင်းတွေကို ဂရုမစိုက်ဘူး

စာတော်တဲ့ကျောင်းသားတွေ အများစုအတွက်က သူတို့ရဲ့ရမှတ်တွေဟာ သူတို့ရဲ့အောင်မြင်မှုပါပဲ။ ကျောင်းခန်းထဲမှာ အဆင့်တွေကောင်းအောင် စာကိုမနားမနေ ကြိုးစားကြတယ်။ ဒါပေမယ့် စာညံ့တဲ့ ကျောင်းသားတွေကြတော့ အဆင့်တွေရမှတ်တွေကို ဂရုမစိုက်တက်ကြဘူး။ အောင်မြင်မှုကို အဆင့်တွေရမှတ်တွေနဲ့ မသတ်မှတ်ကြဘူး။ သူတို့ရဲ့ ရည်မှန်းချက်က တစ်ခြားလူတွေရဲ့ အသိအမှတ်ပြုခြင်းခံရဖို့မဟုတ်ဘူး။ သူတို့တွေက သူတို့လုပ်ခဲ့တဲ့အရာတွေအတွက် ကျေနပ်နေတက်ကြတဲ့ လူမျိုးတွေပါ။

သူတို့တွေက ဟန်မဆောင်ကြဘူး

စာတော်တဲ့ကျောင်းသားတွေ အများစုဟာ သူတို့ရဲ့ဆရာ/မ တွေရှေ့မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြတယ်။ သူတို့တွေက အမြဲတမ်း တက်ကြွနေအောင် စာကိုစိတ်မဝင်စားပေမယ့် စိတ်ဝင်စားအောင် အတင်းလုပ်ယူဖို့ ကြိုးစားလေ့ရှိကြတယ်။ စာညံ့တဲ့ ကျောင်းသားတွေကျတော့ ဒီလိုမဟုတ်ပြန်ဘူး။ သူတို့တွေက ဆရာ/မ တွေကိုလေးစားပေမယ့် သူများတွေ အထင်ကြီးအောင် တမင်လုပ်ယူပြလေ့မရှိကြတယ်။ သူတို့မလုပ်ချင်တာကို အတင်းလုပ်လေ့မရှိကြဘူး။

ဒီလိုအပြုအမူမျိုးကို အလုပ်ခွင်ထဲမှာ အထက်လူကြီးနဲ့ တစ်ချို့ဝန်ထမ်းတွေရဲ့ ပြောဆို ဆက်ဆံရေးတွေမှာလည်း မကြာခဏဆိုသလို တွေ့မြင်နိုင်ပါတယ်။

သူတို့တွေက အလုပ်တွေကို ကိုယ်တိုင်မလုပ်ကြဘူး

စာတော်တဲ့ ကျောင်းသားတွေတော်တော်များများဟာ စာတွေကိုသူတို့ကိုယ်တိုင် လုပ်လေ့ရှိပြီး စာညံ့တဲ့ကျောင်းသားတော်တော်များများကတော့ သူတို့ရဲ့အိမ်စာတွေပြီးအောင် တခြားလူတွေကို ခိုင်းလေ့ရှိကြတယ်။

တကယ့်လက်တွေ့ဘဝမှာလည်း တစ်ချို့လူတွေက သူတို့လုပ်နိုင်တာထက် ပိုလုပ်ကြပြီး ပင်ပန်းနေကြတဲ့အချိန်မှာ တစ်ချို့လူတွေက သူတို့အလုပ်တွေကို မတူညီတဲ့လူတွေရဲ့အကူအညီနဲ့ ပြီးမြောက်အောင်မြင်အောင် လုပ်တက်ကြတယ်။

သူတို့တွေက ပြည့်စုံနေအောင် မကြိုးစားဘူး

တစ်ချို့လူတွေက နှစ်ပေါင်းများစာ မလုပ်ချင်တဲ့အလုပ်ကို လုပ်နေတက်ကြတယ်။ သူတို့တွေဟာ မိမိဘာလုပ်ချင်လဲ ဘာလိုအပ်နေလဲဆိုတာကို မမေးကြဘူး။ လုပ်ချင်တာရှိပေမယ့်လည်း မစွန့်စားရဲကြဘူး။

လူဘဝဆိုတာ ကိုယ်လုပ်ချင်တဲ့ (သို့) ဖြစ်ချင်တဲ့ အရာတွေ တကယ်ဖြစ်လာအောင် လုပ်နေမှ အဓိပ္ပယ်ရှိတာပါ။ ဒီလိုမှမဟုတ်ဘဲ ကိုယ်မလုပ်ချင်တဲ့ အရာတွေကိုပဲ လုပ်နေတယ်ဆိုရင် တစ်ချို့လူတွေအတွက် ဒါဟာ အဓိပ္ပာယ်မရှိသလို ခံစားရစေပါတယ်။

သူတို့တွေက ကျောင်းစာတွေထက် တခြားလုပ်စရာတွေ ကိုဦးစားပေးတယ်

စာညံ့တဲ့ကျောင်းသားအများစုဟာ သူတို့ရဲ့အားလပ်ချိန်တွေကို သူတို့လုပ်ချင်တာတွေလုပ်ပြီး ကုန်ဆုံးတက်ကြတယ်။ ဥပမာ အားတဲ့အချိန်မှာ စာဖက်တာ၊ ဂီတာတီးတာ၊ အားကစားလုပ်တာ စသဖြင့် လုပ်လေ့ရှိတက်ကြတယ်။

လေ့လာမူတွေအရ စာတော်တဲ့ကျောင်းသားတွေအများစုဟာ အနားယူအပန်းဖြေဖို့အတွက် အချိန်တွေမရှိတက်ကြဘူး။ သူတို့တွေဟာ စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ ပင်ပန်းမှုတွေ အများကြီးရှိနေပါတယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ ဒီအကျင့်ဟာ သူတို့တွေ ကြီးလာတဲ့အချိန်အထိ ပါသွားတက်ကြပြီး တခုခုဆိုရင် စိုးရိမ်လွန်တက်ကြတယ်။ သူတို့တွေဟာ တခြားသူတွေမျှော်လင့်ထားသလို ဖြစ်မလာမှာကို စိုးရိမ်တက်ကြတယ်။

Source: Bright Side