မုန်လာဥနီရဲ့ လူသိအများဆုံး အထင်ရှားဆုံး အကျိုးကျေးဇူးတစ်ခုကတော့ အမြင်အာရုံကို ကောင်းမွန်စေခြင်းပဲဖြစ်ပါတယ်။ အမြင်အာရုံကောင်းမွန်အောင် ကူညီပေးတဲ့အပြင် မုန်လာဥနီများက အစိမ်းစားလို့လည်း ရသလို၊ ဖျော်ရည်ပဲ ဖျော်သောက်မလား၊ ကြော်စား ချက်စားလို့လည်း ရတာကြောင့် နေ့စဉ်မှန်မှန်စားသုံးသင့်တဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်။

ယောကျာ်းများအတွက် မုန်လာဥနီသည် အမြင်အာရုံစူးရှအောင် ကူညီပေးတဲ့အပြင် အခုဖော်ပြပေးမယ့် လူသိနည်းတဲ့ အကျိုးကျေးဇူးများကိုလည်း ရရှိအောင် ကူညီပေးပါသေးတယ်။

ကင်ဆာရောဂါမှ ကာကွယ်ပေးခြင်း

health benefits of carrots for men

မုန်လာဥနီမှာ Beta-Carotene လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါဝင်ပြီး ထိုဓာတ်က အူမကြီးကင်ဆာ ဖြစ်ပွားနှုန်းကို လျော့ချပေးနိုင်တယ်လို့ လေ့လာတွေ့ရှိချက်အရ သိရှိရပါတယ်။ နောက်ထပ်လေ့လာတွေ့ရှိချက်တစ်ခုအရ မုန်လာဥနီ မှန်မှန်စားသုံးတဲ့ ဆေးလိပ်သောက်သုံးသူက မုန်လာဥနီမစားတဲ့ ဆေးလိပ်သောက်သုံးသူထက် အဆုတ်ကင်ဆာ ဖြစ်ပွားနှုန်းကို သုံးဆလျော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။

သွားနှင့် သွားဖုံးကို သန့်ရှင်းပေးခြင်း

health benefits of carrots for men

သဘာဝသွားတိုက်ဆေးအဖြစ် စွမ်းဆောင်ပေးနိုင်တဲ့ စူပါအစားအစာတွေအနက် မုန်လာဥကလည်း တစ်ခုအပါအဝင်ပါပဲ။ သွားကြားထဲမှာ ကပ်ငြိနေတဲ့ စားကြွင်းစားကျန်များနဲ့ သွားချေးများကို ဖယ်ရှားပေးတဲ့ မုန်လာဥအစွမ်းက အံ့မခန်းပါပဲ။ အစားစားပြီး ချက်ချင်းသွားတိုက်ခြင်းက သွားနဲ့ သွားဖုံးကို ထိခိုက်စေနိုင်ပေမယ့် အစားစားပြီးတိုင်း မုန်လာဥနီဝါးစားခြင်းက သွားဝါခြင်းကို လျော့ချပေးပြီး သွားများကို သန့်ရှင်းစင်ကြယ်စေပါတယ်။

အသားအရေ တောက်ပစေခြင်း

health benefits of carrots for men

အသက်အရွယ်ကြောင့် သင့် အသားအရေက ညိုညစ်ညစ်ဖြစ်လာခဲ့ရင် မုန်လာဥနီကိုသာ သတိရလိုက်ပါ။ ငယ်ရွယ်သူတွေအနေနဲ့ မိမိအသားအရေကို နေလောင်ဒဏ်မှ ကာကွယ်ချင်တယ်ဆိုရင် ဗီတာမင် အေနဲ့ Antioxidants တို့ ကြွယ်ဝစွာပါဝင်တဲ့ မုန်လာဥနီကို မှန်မှန်မှီဝဲပေးရပါမယ်။ ဖျော်ရည် ဖျော်သောက်ခြင်း၊ စားသုံးခြင်းအပြင် မုန်လာဥအနှစ်ကို မျက်နှာပေါ် လိမ်းကျံပြီး ပေါင်းတင်မယ်ဆိုရင် အသားအရေခြောက်သွေ့ခြင်းနဲ့ ဝက်ခြံ၊ အမဲစက်တို့ကို ကာကွယ်ပေးပါတယ်။

အမြင်အာရုံကောင်းမွန်စေခြင်း

health benefits of carrots for men

မျက်လုံးအားကောင်းဖို့အတွက်အတွက် ဗီတာမင် အေက မရှိမဖြစ် အရေးကြီးတဲ့ ဗီတာမင်ပဲဖြစ်ပါတယ်။ မုန်လာဥနီက ဗီတာမင်အေ ကြွယ်ဝတဲ့အတွက်ကြောင့် နေ့စဉ်မှန်မှန်စားသုံးပေးမယ်ဆိုရင်တော့ အသက်ကြီးလာလို့ အမြင်အာရုံဝေဝါးခြင်းမှ ကာကွယ်ပေးပြီး မျက်မှန်သမားတွေ အားထားသင့်တဲ့စူပါအစားအစာတစ်ခုပဲဖြစ်ပါတယ်။

Source: Brightside.me

Featured Image Source: Evansondds.com