ယောကျာ်းလေးတွေမှာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းတော့ တူနိုင်မှာမဟုတ်ပါဘူး။ တချို့က အရပ်မြင့်မြင့် ပိန်ပိန်သွယ်သွယ် ကောင်မလေးတွေကို သဘောကျသလို တချို့ ကွီးတွေကလည်း ပုပုလုံးလုံးနဲ့ ဘောလုံးပန်းလေးလို ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတွေကို သဘောကျ နှစ်သက်ကြပါတယ်။ ကွီးတို့ရဲ့ သဘောကျနှစ်သက်မှု ၊ ရွေးချယ်မှုဟာ ဘယ်လိုဘယ်ပုံရှိတယ်ဆိုတာ မသိပေမယ့် အရပ်ပုတဲ့ ကောင်မလေးတွေကို ချစ်သူတော်မယ်ဆိုရင်တော့ အခုပြောမယ့်ကောင်းကျိုးတွေ ရရှိနိုင်မှာဖြစ်ပါတယ်။
(၁) ပွေ့ဖက်ရတဲ့ ခံစားချက်ချင်း မတူဘူး
Photo : Pinterest
ပွေ့ဖက်တယ်ဆိုတာ Relationship တစ်ခုမှာ ချစ်ခြင်းကိုဖော်ပြတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ပွေ့ဖက်တာခြင်းတူရင်တောင် အရပ်ပုပုကောင်မလေးတစ်ယောက်ကို ပွေ့ဖက်ရတဲ့ ဖီလင်က ပိုပြီးထူးခြားတယ်လို့ ပြောနိုင်ပါတယ်။ ပြောရရင် ပိုပြီးနွေးထွေးတဲ့ ခံစားမှုရစေပါတယ်။ ကောင်မလေးကို ပွေ့ဖက်ရင်း နဖူးလေးကို ကြင်နာအနမ်းလေးခြွေလိုက်ရတဲ့ ခံစားချက်က အမြဲတမ်း အကောင်းဆုံးခံစားချက်တစ်ခု ဖြစ်နေစေမှာပါ။
(၂) ကိုရီးယား ဆန်ဆန်ရိုလို့ရတယ်
Photo : iStock
ကိုရီးယား အချစ်ဇာတ်လမ်းလေးတွေထဲကလို ရိုမန်တစ်ဆန်ချင်တဲ့ ကွီးတို့အတွက်လည်း အရပ်ပုတဲ့ ကောင်းမလေးတွေက ကွက်တိကျစေမှာပါ။ သိကြတဲ့အတိုင်းပဲ အရပ်ပုတဲ့ ကောင်မလေးတွေက ကျောပိုးတာ ၊ ပွေ့ချီတာတွေ လုပ်လို့ပိုလွယ်ပြီး ရင်ခုန်စရာအကောင်းဆုံး ရိုမန်တစ်ဆန်ဆန် ကြည်နူးစရာလေးတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
(၃) လူစွမ်းကောင်း တစ်ယောက်လို ခံစားရစေမယ်
Photo : Ilmupedia
အရပ်ပုတဲ့ ကောင်မလေးတွေကို ချစ်သူတော်ထားမယ်ဆိုရင် ကိုယ်ကသူမကို အချိန်ပြည့်ကာကွယ်ပေးနေတဲ့ လူစွမ်းကောင်းတစ်ယောက် ၊ အားကောင်းမောင်းသန် ယောက်ျားတစ်ယောက်လို ခံစားချက်မျိုးရစေမှာ ဖြစ်ပါတယ်။ ဘာလို့ဆို အရပ်ပုတဲ့ကောင်မလေးတွေနဲ့အတူရှိတဲ့အချိန်မှာ ကလေးတစ်ယောက်ကို ကာကွယ်စောင့်ရှောက်ရပြီး အသေးအမွှား ကိစ္စလေးတွေကအစ ဂရုတစိုက်ရှိပေးရတာကြောင့်ပဲ ဖြစ်ပါတယ်။
(၄) လိုက်ဖက်ညီတဲ့ စုံတွဲလေးဖြစ်စေတယ်
Photo : Popbela
ပုံမှန်အားဖြင့် ချစ်သူစုံတွဲ တစ်တွဲမှာယောကျ်ားလေးထက် မိန်းကလေးကအရပ်ပိုရှည်နေရင် ကြည့်ရတာတစ်ခုခု လိုနေသလို ခံစားရတယ် မဟုတ်လား။ အရပ်ပုတဲ့ကောင်မလေးနဲ့ ဆိုရင်တော့ ဒီလိုပြဿနာမျိုးရှိနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်အတွက် ရင်ခွင်မှီအရပ်နဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးကို ချစ်သူတော်ထားမယ်ဆိုရင်တော့ သင်တို့စုံတွဲလေးက တကယ်ကို လိုက်ဖက်တဲ့ ချစ်သူစုံတွဲလေး ဖြစ်နေမှာအသေအချာပါပဲ။
Featured Photo : Ilmupedia