အဆိပ်လိုလူမျိုးတွေက အားအင်ပြည့်ဝနေတဲ့ သွေးစုပ်ဖုတ်ကောင်တွေလိုပါပဲ။ မိမိရဲ့ ပျော်ရွှင်မှုတွေ၊ ငြိမ်းချမ်းမှုတွေ နဲ့ တိုးတတ်ရာတိုးတတ်ကြောင်း အနာဂတ်တွေအကုန်လုံးကို စုပ်ပစ်လိုက်နိုင်ကြတယ်။ လူတော်တော်များများမှာ အဆိပ်လို သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက် (သို့) ချစ်သူရည်စားတွေ ရှိတတ်ကြပါတယ်။

ဒီနေ့ kwee ပြောပြပေးမယ့်အကြောင်းကတော့ ဒီအဆိပ်လိုလူမျိုးတွေကို ကိုယ့်ဘဝထဲကနေ ထုတ်ပစ်လိုက်ဖို့ ဘာကြောင့် အရေးကြီးတာလဲဆိုတဲ့ အကြောင်းပါ။

သူတို့တွေက သင့်ရဲ့ပျော်ရွှင်မှုတွေကို ယူဆောင်သွားကြတယ်

Source: Smart Zone

အကောင်းမြင်ဝါဒ ရှိတဲ့သူတွေနဲ့နေရတာဟာ လူကိုပျော်ရွှင်စေပါတယ်။ သူတို့တွေက စကားပြောကောင်းကြသလို ဘယ်တော့မှ တဖက်သားစိတ်ဆင်းရဲစေမယ့် စကားမျိုး မပြောတတ်ကြဘူး။ အဆိုးမြင်ဝါဒ ရှိတဲ့သူတွေကြတော့ ပြောင်းပြန်ပြုလုပ်တတ်ကြတယ်။ သူတို့ဟာ လူတွေကို စိတ်ပင်ပန်းအောင် လုပ်တတ်ကြတယ်။ သူတို့ဟာ တဖက်သားရဲ့မကောင်းကြောင်း သူတို့ကြုံတွေ့ခဲ့ရတဲ့ အရာတွေကို မကောင်းကြောင်းတွေပဲ ပြောလေ့ရှိကြတယ်။ သူတို့တွေက ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ ပျော်ရွှင်မှုတွေ အားအင်တွေကို စုပ်ယူဖောက်ထုတ်ပစ်ကြမယ့် သွေးစုပ်ဖုတ်ကောင်တွေလိုပါပဲ။

Source: Corpus Christi Caller Times

ကျွန်တော်တို့တွေက တစ်ခုခု ဖြစ်မြောက်အောင်လုပ်တော့မယ်လို့ စိတ်ပိုင်းဖြတ်ထားရင်လည်း အဆိုးမြင်ဝါဒ ရှိတဲ့သူတွေဟာ အနှောက်အယှက်ပေးလေ့ရှိပါတယ်။ သူတို့ဟာ အနားမှာရှိတဲ့သူတွေကို အားပြတ်အောင် လုပ်လေ့ရှိတတ်ပြီး ဘယ်တော့မှ အားပေးထောက်ခံမူပေးလေ့မရှိကြဘူး။ ဒီလိုလူတွေကြောင့် ကိုယ်လုပ်မယ့် အလုပ်တစ်ခုကို နှောင့်နှေးသွားစေတာမျိုး မဖြစ်ပါစေနဲ့။ ဒီလိုလူမျိုးတွေအနားမှာ ရှိနေရင် ချက်ခြင်းရှောင်ထွက်သွားပါ။

Source: Power of Positivity

အဆိုးမြင်ဝါဒ ရှိတဲ့သူတွေဟာ စကားပြေဆိုရာမှာကျွမ်းကျင်ကြတယ်။ သူတို့နဲ့ အချိန်ကာလတစ်ခု ဖြတ်သန်းခဲ့ကြတဲ့သူတွေဟာ သူတို့ပြောသမျှကို ယုံကြည်ကြလေ့ရှိတယ်။ လူတွေပေါ် သူတို့ရဲ့လွှမ်းမိုးမှုက ကြီးမားကြတယ်။ ကျွန်တော်တိုမသိလိုက်ခင်မှာပဲ ကျွန်တောတို့ရဲ့ အတွေးအမြင် အယူအဆတွေက လုံးဝပြောင်းလဲသွားကြလေ့ရှိတယ်။ ဒါကြောင့် အဆိုးမြင်ဝါဒ ရှိတဲ့သူနဲ့ ဝေးဝေးမှာနေတာက ကိုယ့်ဘဝအတွက် အကောင်းဆုံးလုပ်ဆောင်ချက်တစ်ခုလို့ ပြောလို့ရပါတယ်။

Source: Cute Love-Qlove

သူတို့တွေဟာ ကျွန်တော်တို့ရဲ့ အတိတ်က အမှားတွေကို ပြန်ဖော်ပြီး အပြစ်ရှိတဲ့သူတစ်ယောက်အဖြစ် ခံစားရအောင် လုပ်ဆောင်လေ့ရှိကြတယ်။ တစ်ခါတစ်လေမှာ အတိတ်က အကြောင်းတွေကို ပြန်ဖော်ပြီး ပြောတာဟာ ကောင်းတဲ့လုပ်ရပ်မဟုတ်ပါဘူး။ ဒီလို အတိတ်ကမကောင်းကြောင်းတွေ ဆက်ပြီးပြောနေမယ်ဆိုရင်တော့ ဒီလိုလူမျိုးတွေနဲ့ အပေါင်းအသင်းမလုပ်တာ အကောင်းဆုံးပါပဲ။

အဆိုးမြင်ဝါဒရှိတဲ့သူတွေဟာ ကျွန်တော်တို့ရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ လေ့လာမူတွေအရ ဒီလိုလူတွေကြားမှာနေရတဲ့သူတွေဟာ ရန်လိုစိတ်များပြီး စိတ်ကျရောဂါ၊ နှလုံးရောဂါ တွေဖြစ်နိုင်ခြေ များတယ်လို့ သိရပါတယ်။

Source: KlearMinds

အဆိုးမြင်ဝါဒရှိတဲ့သူတွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်ကို ဖျတ်စီး နိုင်ကြတယ်။ အဆိုးမြင်ဝါဒဟာ ကူးစက်တတ်ပြီး ဒီလိုလူမျိုးတွေနဲ့ အတူနေမယ်ဆိုရင် မိမိရဲ့လုပ်နိုင်စွမ်းကို မိမိကိုယ်တိုင် မေးခွန်းတွေ ထုတ်လာတတ်ကြမယ်။ မိမိကိုယ်ကို “ငါဒါလုပ်နိူင်ပါ့မလား” ဆိုပြီး သံသယ စိတ်တွေ ဝင်လာတတ်ကြတယ်။ အဆိုးမြင်ဝါဒ ရှိတဲ့သူတွေနဲ့ နေရာခြင်းဟာ အဆိပ်ပင်ကို ရေလောင်းပေးနေတာနဲ့ ဆင်တူပါတယ်။ သူတို့တွေဟာ ကျွန်တော်တို့ရဲ့ ဘဝကို ဖျတ်စီးနိုင်ကြတဲ့သူတွေပါ။ မိမိပတ်ဝန်းကျင်မှာ ဒီလိုလူမျိုးတွေ ရှိနေတယ်ဆိုရင်တော့ အပေါင်းအသင်းမလုပ်ကြဖို့ တိုက်တွန်းပါရစေ။