အင်္ဂလိပ်စာက တကမ္ဘာလုံးမှာအသုံးအများဆုံးနဲ့ အပြောအများဆုံးသော ဘာသာစကားဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူ ၅ဦးမှာ ၁ ဦးနှုန်းက အင်္ဂလိပ်စာကိုပြောနိုင် (သို့) နားလည်နိုင်ကြပါတယ်။ ဒါ့အပြင်အင်္ဂလိပ်စာဟာနိုင်ငံပေါင်း (၅၇) နိုင်ငံကတရားဝင်အသုံးပြုနေတဲ့ ဘာသာစကားဖြစ်တဲ့အတွက် ကမ္ဘာတဝှမ်းကနိုင်ငံများစွာမှလူတွေနဲ့ဆက်သွယ်ပြောဆိုနိုင်စွမ်းကိုမြင့်စေတဲ့အပြင် သင့်ကိုပညာရေး၊ စီးပွားရေးအခွင့်အလမ်းတွေလည်းရစေပါတယ်။ နောက်ထပ် အင်္ဂလိပ်စာလေ့လာခြင်းရဲ့ ကောင်းကျိုးတွေကိုပြောပြပေးပါမယ်။

(၁) အလုပ်အကိုင်အခွင့်အလမ်းပိုများတယ်

Source : Time Magazine

အင်္ဂလိပ်စာလေ့လာခြင်းရဲ့ အကြီးမားဆုံးအားသာချက်ကတော့ သင့်ရဲ့အလုပ်ကိုင်အခွင့်အလမ်းများစွာတိုး တက်စေတာပါ။ အင်္ဂလိပ်စကားပြောဆိုတတ်သူတွေကို ပြည်တွင်းကုမ္မဏီတော်တော်များများ သာမက ပြည်ပ ကုမ္မဏီတွေကပါအလွန်သဘောကျကြပါတယ်။ အင်္ဂလိပ်စာကျွမ်းကျင်စွာစကားပြောမှု၊ နားလည်မှုစွမ်းရည်တွေ က သင့်ရဲ့ထူးခြားသောအားသာချက်တခုဖြစ်စေနိုင်ပါတယ်။

(၂) အသိပညာပိုများလာတယ်

Source : Tiller Money

ဘာသာစကားသင်ယူခြင်းက ဦးနှောက်စွမ်းရည်ကိုတိုးချဲ့ရုံသာမက ကမ္ဘာကြီးအကြောင်းလေ့လာသင်ယူဖို့အတွက် သင့်ရဲ့အင်္ဂလိပ်စာကိုအသုံးပြုနိုင်ပါတယ်။ နာမည်ကြီး ဘာသာပြန်စာပေတွေဖတ်တာ၊ သင်သိချင်တဲ့သမိုင်း၊ သိပ္ပံဘာသာရပ်တွေလေ့လာတာ၊ ရုပ်ရှင်ဇာတ်လမ်းတွေကြည့်တာစသဖြင့် တခြားသူဘာသာပြန်ပေးလို့ သိတာမဟုတ် သင်ကိုယ်တိုင်သင့်ရဲ့အတွေးအခေါ်အယူဆတွေနဲ့ အသိပညာတွေပိုတိုးလာစေပါတယ်။

(၃) ကမ္ဘာပေါ်ကဘယ်နေရာမဆို ခရီးသွားနိုင်တယ်

Source : Forbes

တကယ်လို့သင်က ခရီးသွားဝါသနာပါတဲ့သူတယောက်ဆိုရင် ကမ္ဘာတဝှမ်းမှာအင်္ဂလိပ်စကားကိုအသုံးပြုတာဖြစ်တဲ့အတွက် ခရီးသွားလာရေးကို ပိုအဆင်ပြေစေပါတယ်။ စီးပွားရေးအတွက် ဖြစ်စေ၊ ဟိုတယ်မှာဖြစ်စေ၊ မြို့တွေမှာရှိတဲ့ဒေသခံတွေနဲ့ဖြစ်စေ ပြောဆိုဆက်ဆံနိုင်တဲ့အပြင် ခရီးမှာတွေ့တဲ့မိတ်ဆွေသစ်တွေနဲ့လဲ ပြောဆိုဆက်သွယ်လို့ရပါတယ်။ ဒါ့ကြောင့် အင်္ဂလိပ်စာဟာ ကမ္ဘာပေါ်ကဘယ်နေရာမဆို သင့်ရဲ့သွားလာရေးနဲ့ပတ်သတ်လို့အဆင်ပြေအောင် ကူညီနိုင်ပါတယ်။

(၄) ကိုယ့်ကိုယ်ကို ယုံကြည်မှုတက်စေတယ်

Source : The Real Masculine

ဘာသာစကားအသစ်သင်ယူတာက မလွယ်ကူဘူးဆိုတာလူတိုင်းသိကြမှာပါ။ မိခင်ဘာသာစကားမဟုတ်ဘဲ ပြောဆိုနိုင်တဲ့အခါသင့်ကို တခြားသူတွေအလိုလိုလေးစားမှုရှိစေပါလိမ့်မယ်။ နေ့တိုင်း ပုံမှန်လေ့လာသွားတာက ကျွမ်းကျင်မှုရဲ့လျှို့ဝှက်ချက်ပါ။ ဒါက သင့်အနေနဲ့ကျွမ်းကျင်မှုကိုရနိုင်တဲ့အပြင် ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုပါ တိုးစေပါတယ်။ လုပ်ငန်းခွင်မှာ အလုပ်လုပ်တဲ့အခါ စမတ်ကျပြီး ယုံကြည်စိတ်ချမှုလဲရှိစေပါတယ်။ ဒါ့ကြောင့် အင်္ဂလိပ်စာဟာ ကမ္ဘာကြီးနဲ့ဆက်သွယ်ဖို့အတွက် သော့ချက်တခုပါ။