တရားထိုင်ခြင်းဆိုတာ စိတ်ရဲ့ အတွင်းပိုင်းထိ အေးချမ်းစေတဲ့ ကောင်းမွန်တဲ့အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ ယနေ့ခေတ်လူတွေအများစုဟာ စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေရင်ဆိုင်နေရတာကြောင့် စိတ်ကိုအကောင်းဆုံးအေးချမ်းစေမယ့်တရားထိုင်ခြင်းအလေ့အကျင့်ကိုပိုပြီးပြုလုပ်ပေးသင့်ပါတယ်။ နေ့စဉ်တရားထိုင်ပေးခြင်းက စိတ်ကိုအေးချမ်းစေတဲ့အပြင် ဘယ်လိုကောင်းကျိုးတွေရစေနိုင်အုန်းမလဲဆိုတာလေ့လာကြည့်ရအောင်။

(၁) စိတ်ဖိစီးတွေကိုထိန်းချုပ်လာနိုင်မယ်

Source : Exploring your mind

နေ့စဉ်ပုံမှန်မိနစ် (၂၀) လောက်တရားထိုင်ပေးမယ်ဆိုရင် စိတ်တည်ငြိမ်အေးချမ်းမှုကိုရစေပြီး ကိုယ့်ရဲ့စိတ်ကိုအကောင်းဆုံးထိန်းချုပ်လာနိုင်မှာဖြစ်ပါတယ်။ စိတ်ဖိစီးစရာ ကိစ္စတွေကြုံလာတိုင်းမှာလည်း စိတ်ကိုထိန်းချုပ်နိုင်ပြီး ဖြေရှင်းရမယ့်နည်းလမ်းကိုအကောင်းဆုံးစဉ်းစားနိုင်မှာဖြစ်ပါတယ်။ စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဖိစီးတွေကိုလည်း လျော့ကျစေပြီး စိတ်ရဲ့ ကျန်းမာရေးကိုကောင်းမွန်စေဖို့ ကူညီပေးမှာဖြစ်ပါတယ်။

(၂) မှတ်ဉာဏ်စွမ်းအားပိုကောင်းလာမယ်

Source : Medium

အသက်အရွှယ်အရ မှတ်ဉာဏ်ပျက်စီးခြင်း ဦးနှောက်နဲ့ မှတ်ဉာဏ်ဆိုင်ရာစွမ်းဆောင်ရည်တွေလျော့ကျခြင်းကို ကုစားနိုင်ဖို့ နေ့စဉ်တရားထိုင်ပေးခြင်းက ထိရောက်တဲ့နည်းလမ်းပါ။ တရားထိုင်ခြင်းက ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး အာရုံစူးစိုက်မှုနဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေကိုတိုးတက်စေပါတယ်။ ဒါကြောင့်အသက်အရွှယ်ကြီးရင့်လာတဲ့အခါမှာ မှတ်ဉာဏ်မေ့လျော့တဲ့ပြဿနာမျိုးမရှိပဲ ဆယ်ကျော်သက်တစ်ယောက်လို ကောင်းမွန်တဲ့ မှတ်ဉာဏ်စွမ်းရည်ကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

(၃) ကောင်းမွန်စွာအိပ်စက်အနားယူနိုင်မယ်

Source : Dissolve

အိပ်မပျော်ခြင်းတွေရဲ့ အဓိကတရားခံတွေထဲမှာ အတွေးတွေကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ လူမှုရေး စီးပွားရေး အလုပ်အကိုင်စတဲ့ အကြောင်းအရာတွေကို အိပ်ယာထက်မှာ အတွေးလွန်တဲ့အခါ ကောင်းမွန်တဲ့အိပ်စက်ခြင်းမရနိုင်တော့ပဲ အိပ်မရတဲ့နေ့တွေများလာပါတယ်။ တရားထိုင်ခြင်းက စိတ်ကိုတည်ငြိမ်စေပြီး ညဘက်တွေမှာကောင်းစွာအိပ်ပျော်ဖို့ ကူညီပေးနိုင်ပါတယ်။ အိပ်ယာမဝင်ခင် မိနစ် (၂၀) အလိုလောက်မှာတရားထိုင်ပါ။ စိတ်ကိုကောင်းစွာအနားယူစေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာဖြစ်ပါတယ်။

(၄) ပိုပြီးပျော်ရွှင်လာနိုင်မယ်

Source : Unsplash

တရားထိုင်ခြင်းက ကောင်းမွန်တဲ့စိတ် ဓာတ်ခံကိုရစေတာကြောင့် အဆိုးမြင်စိတ် ဒေါသစိတ်နဲ့ စိုးရိမ်ပူပန်စိတ်တွေကို လျော့ကျစေနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအေးချမ်းမှုရရှိပြီး အကောင်းမြင်စိတ်တိုးတက်လာစေနိုင်တာကြောင့် နေ့ရက်တိုင်းကို ပိုပြီးပျော်ရွှင်စွာဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။