ကျွန်တော်တို့ အများသားအများစုဟာ ဦးခေါင်းထက်က ဆံပင်နဲ့ ပတ်သတ်ပြီး အလေးအနက်ထား ဂရုတစိုက်ရှိကြပေမယ့် ကန့်သတ်ဧရိယာတစ်ဝိုက်က အမွှေးအမျှင်တွေကိုတော့ လျစ်လျူရှု့ထားမိတက်ပါတယ်။ တကယ်တော့ တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် အရေးကြီးတဲ့ ဆီးခုံးမွှေးနဲ့ လိင်အင်္ဂါတဝိုက်က အမွှေးအမျှင်တွေဆိုတာကလည်း ပုံမှန်ရှင်းလင်း သန့်ရှင်းပေးဖို့ လိုပါတယ်။

အမျိုးသားတွေအနေနဲ့  ဆီးခုံးမွှေးနဲ့ လိင်အင်္ဂါတဝိုက်က အမွှေးအမျှင်တွေ ပုံမှန်ရှင်းလင်းပေးခြင်းဖြင့် ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

(၁) သန့်ရှင်းမှုပိုရှိစေတယ်

Cleanliness

Photo : MensXP

လိင်အင်္ဂါတဝိုက်ဟာ ချွေးဂလင်းတွေ အများဆုံးရှိရာနေရာဖြစ်ပြီး အတွင်းခံဘောင်းဘီဝတ်ဆင်ထားခြင်းရဲ့အပူရှိန်ကြောင့် ချွေးများပိုမိုထွက်စေပါတယ်။ ဒါကြောင့်လည်း ဘက်တီးရီးယားပိုးမွှားများ စွဲကပ်လို့အကောင်းဆုံး နေရာတစ်ခုဖြစ်နေတာပါ။ အင်္ဂါတဝိုက်က အမွှေးအမျှင်တွေကို ပုံမှန်ရှင်းလင်းဖယ်ရှားပေးမယ်ဆိုရင်တော့ ပိုးမွှားစွဲကပ်နိုင်ခြေနည်းပြီး အနံ့သက်ဆိုးထွက်ခြင်းကိုလည်း လျော့ကျစေကာ ပိုမိုသန့်ရှင်းစေမှာဖြစ်ပါတယ်။

(၂) အရွယ်အစားပိုကြီးတယ်လို့ ခံစားရစေတယ်

Makes the erection look bigger

Photo : VALEXTINO

ဆီးခုံးမွှေးနဲ့ လိင်တံတဝိုက်က အမွှေးအမျှင်တွေဟာ သင့်ရဲ့လိင်တံကို ဖုံးအုပ်ထားတာကြောင့် ပုံမှန်ထက် အရွယ်အစားပိုသေးတယ်လို့ ခံစားရစေတာ ဖြစ်ပါတယ်။ တကယ်တော့ အမွှေးအမျှင်တွေကြောင့်သာ လိင်တံအရွယ်အစားက သေးငယ်သယောင် ထင်စေတာပါ။ အမွှေးအမျှင်တွေ ဖယ်ရှားရှင်းလင်းလိုက်မယ်ဆိုရင်တော့ နဂိုထက်အနည်းဆုံး တစ်လက်မခန့် ပိုမိုကြီးထွားလာတယ်ဆိုတာကို ခံစားရစေမှာဖြစ်ပါတယ်။

(၃) ကျန်းမာစေတယ်

Looks healthier

Photo : Men’s Variety

ဆီးခုံမွှေးနဲ့ လိင်အင်္ဂါအမွှေးအမျှင်များ ဖယ်ရှားရှင်းလင်းလိုက်တဲ့အခါ ဘက်တီးရီးယားပိုးမွှားများ ကပ်တွယ်ကူးစက်နိုင်ခြေနည်းသွားပြီး သင့်ရဲ့လိင်အင်္ဂါကို ပိုမိုသန့်ရှင်း ကျန်းမာစေမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး အမွှေးအမျှင်တွေဖယ်ရှားလိုက်တဲ့အခါ လိင်အင်္ဂါအရေပြားကို ပိုမိုမြင်သာမှုရှိစေပြီး အရေပြားပေါ်က မလိုလားအပ်တဲ့ အဖုအပိန့်နဲ့ အကြိတ်များရှိနေလားဆိုတာကိုလည်း စစ်ဆေးနိုင်မှာဖြစ်ပါတယ်။

(၄) ဆွဲဆောင်မှုပိုရှိစေတယ်

Appears more inviting

Photo : Men’s Variety

လိင်အင်္ဂါ အမွှေးအမျှင်တွေကို ပုံမှန်ဖယ်ရှားရှင်းလင်းပေးခြင်းက သင့်ရဲ့ ပါတနာရဲ့အမြင်မှာ ပိုပြီး ဆွဲဆောင်မှုရှိနေစေမှာ ဖြစ်ပါတယ်။ အမွှေးအမျှင်တွေနည်းသွားခြင်းကြောင့် အနံ့အသက်ကင်းပြီး ကျန်းမာတဲ့ပုံပေါက်စေတဲ့အပြင် အရွယ်အစားနဲ့ ထိတွေ့ခံစားမှုပိုကောင်းစေကာ ကိုယ့်ရဲ့ ဆက်ဆံဖော်ကို ပိုမိုဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။

Featured Photo : PinkNews