မကြာသေးခင်ကာလတွေက လက်ပတ်နာရီတွေဟာ ဈေးကွက်ထဲကနေ ပျောက်ကွယ်သွားတော့မလို ဖြစ်ခဲ့ပါသေးတယ်။ စမတ်ဖုန်းတွေကလူတွေရဲ့နေ့စဉ်ဘဝမှာအစားထိုးဝင်ရောက်လာတဲ့ အစိတ်အပိုင်းတခုလိုဖြစ်လာတာနဲ့ အမျှ လက်ပတ်နာရီတွေဟာ သိသိသာသာရောင်းအားကျလာခဲ့ပါတယ်။ ဒါပေမယ့်အခုတော့ ဖက်ရှင်ရေစီးကြောင်းရဲ့လမ်းအတိုင်းတကျော့ပြန် ပြန်လည်ဝင်ရောက်လာပါပြီ။ ဆက်ပြီးတော့ အမျိုးသားတွေ ဘာလို့လက် ပတ်နာရီတလုံးဝတ်သင့်လဲဆိုတာ ပြောပြပေးပါမယ်။

လက်ပတ်နာရီတွေဟာ ထူးခြားတဲ့စတိုင်လ်ရဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ နာရီတွေဟာ သင့်ရဲ့ဝတ်စုံ (ဒါမှမဟုတ်) သင့်ရဲ့ဝတ်စားဆင်ယင်မှုကို ပိုမိုတောက်ပသွားစေမယ့် အဆင်တန်ဆာတခုဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ လက်ဝတ်ရတနာတွေနဲ့ လိုက်ဖက်သလိုပါပဲ အမျိုး သားတွေအတွက်တော့ နာရီကောင်းတလုံးဆိုတာယောင်္ကျားပီသပြီး ဒီဇိုင်းမိုက်မိုက်လက်ဝတ ရတနာတခုလို ပေါ်လွင်စေပါတယ်။ ဒါပေမယ့်သတိထားရမှာက အမျိုးသားတွေအတွက်လက်ဝတ်ရတနာက နာရီကောင်းတ လုံးလောက်တော့ စတိုင်လ်ကျမှာမဟုတ်ပါဘူး။လက်ပတ်နာရီတွေက သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုမြင့်စေနိုင်တယ်။ သင်ဝတ်ထားတဲ့နာရီက သင့်ကိုယ်ပိုင်အမှတ်တံဆိပ်လိုဖြစ်လာနိုင်ပါတယ်။

နာရီဝတ်ရတာမကြိုက်တဲ့သူတွေလဲ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် သင့်ချစ်သူနဲ့ date လုပ်တဲ့အခါမျိုး၊ ပွဲအခမ်းအနားတွေနဲ့ အလုပ်အင်တာဗျူး သွားတာလိုအခြေအနေမျိုးမှာ လက်ပတ်နာရီဝတ်ဆင်ထားတာက သင့်ရဲ့ပုံပန်းသွင်ပြင်ကိုပိုပြီးကြည့်ကောင်း စေမှာပါ။သင့်ဖုန်းကို ခနခနမကြည့်ရဖို့ လက်ပတ်နာရီတွေကကူညီပေးပါတယ်။လက်ပတ်နာရီဝတ်ထားက အချိန်သိဖို့ အချိန်တိုင်းဖုန်းကိုထုတ်,ထုတ်ကြည့်ရတဲ့ဒုက္ခကဝေးစေပါသေးတယ်။ ဒီနေ့ခေတ်ရဲ့ ဖုန်းနဲ့မျက်နှာနဲ့မခွာတဲ့ ယဉ်ကျေးမှုကသင်သိတဲ့အတိုင်းပါပဲ။ ဒါပေမယ့် သင့်ရဲ့သူငယ်ချင်း (ဒါမှမဟုတ်) သင့်ချစ်သူက သူမြင်ခဲ့တဲ့အဖြစ်အပျက်တခုကိုမပြီးနိုင်မဆုံးနိုင်သင့်ကိုပြောပြနေချိန် အိမ်ပြန်ဖို့ အချိန်သိချင်နေတဲ့သင်က ခပ်တည်တည်ပဲဖုန်းကိုထုတ်ကြည့်လိုက်ချင်မှာမဟုတ်ပါဘူး။

သင့်လက်ကနာရီကို တချက်ကြည့် လိုက်တယ်ဆိုရင်ပဲ တဖက်လူကလဲနားလည်မှာပါ။ အမျိုးသမီးတွေက လက်ပတ်နာရီကိုသတိထားကြည့်ကြတယ်။အမျိုးသမီးအများစုက ယောင်္ကျားလေးတယောက်ကိုလေ့လာတဲ့အနေနဲ့ အရင်ဆုံးသူ့ရဲ့ခြေထောက်ကိုကြည့် တတ်တယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေအနေနဲ့ လက်ပတ်နာရီကိုလည်း သတိ ထားမိကြပါသေးတယ်။ လက်ပတ်နာရီကောင်းကောင်းတလုံးဝတ်ဆင်ထားတဲ့ အမျိုးသားတယောက်က သူ သဘောကျတဲ့အမျိုးသမီးရဲ့စိတ်ဝင်စားမှုကို အသိမ်မွေ့ဆုံးရယူနိုင်ပါတယ်။ နာရီကိုအကြောင်းပြပြီး စကားစလို့လဲရတယ်နော်။ ဒါက ကွီးတို့ရဲ့ ချဉ်းကပ်မှုပေါ်တော့မူတည်ပါတယ်။