လူတွေဟာ ပြင်ပကိုယ်ခန္ဓာပေါ်က ထိခိုက်ဒဏ်ရာတွေကိုပဲ ဝေဒနာလို့ ထင်တာ များပါတယ်။ စိတ်အတွင်းထဲမှာ ဖြစ်သွားတဲ့ အမာရွတ်တွေရဲ့ ဒဏ်ချက်ကိုတော့ ထည့်တွက်တဲ့သူ နည်းပါတယ်။တကယ်က စိတ်ကျန်းမာရေးဟာ သိပ်ကို အရေးကြီးပါတယ်။ ကိုယ်ကာယ ကျန်းကျန်းမာမာ တောင့်တောင့်တင်းတင်းကြီး ဖြစ်ပေမယ့် စိတ်ကျန်းမာရေးမကောင်းရင်လည်း သူ့ကို အပြည့်အဝကျန်းမာသူလို့ ပြောလို့ မရပါဘူး။ စိတ်ကျန်းမာရေးဟာ ကျွန်တော်တို့ရဲ့ ဘဝကို နည်းလမ်းမျိုးစုံနဲ့ သက်ရောက်မှု ရှိပါတယ်။ စိတ်ကျန်းမာရေးက ဘာကြောင့်အရေးကြီးသလဲလို့ ပြောရင် အချက် ၃ ချက်နဲ့ အကြောင်းပြချက်ပေးလို့ ရပါတယ်။
(၁) ရုပ်ခန္ဓာပေါ် သက်ရောက်မှု ရှိတယ်
Photo: Unsplash
စိတ်ကျန်းမာရေးချို့တဲ့မှုဆိုတာ တစ်ခြားရောဂါတွေလိုပါပဲ။ ဆိုပါတော့။ စိတ်ဓါတ်ကျရောဂါ Depression ဖြစ်ရင် ကိုယ့်ကိုယ်ကို သက်သေတဲ့ အဆင့်အထိ ကိုယ့်ကိုယ်ကို ပြန်ထိခိုက်အောင် လုပ်နိုင်ပါတယ်။စိတ်ဟာ ကိုယ်နဲ့ ချိတ်ဆက်နေပါတယ်။ စိတ်ကျန်းမာရေး အားနည်းရင် ကိုယ်ခံအားစနစ် ဖြစ်လာမယ်။ မကြာခဏ ဖျားနာမယ်။ ရောဂါတွေ ဝင်မယ်။ အသက်ရှုရခက်ပြီး နှလုံးခုန်မြန်နေမယ်။ သွေးတွင်း သကြားဓါတ်တက်ပြီး လက်မောင်းနဲ့ ခြေထောက်တွေ သွေးပိုရောက်မယ်။ မှန်ကန်ထိရောက်တဲ့ နည်းလမ်းနဲ့ ကုသမှု မလုပ်ဘူးဆိုရင် ဖျက်လိုဖျက်ဆီး လုပ်ချင်တဲ့ အမူအယာတွေ ဆက်တိုက်ဖြစ်လာမှာပါ။
(၂) စိတ်ဒဏ်ရာနဲ့ ရှက်တဲ့ စိတ်နဲ့ နေထိုင်ရတယ်
Photo: Unsplash
စိတ်ဝေဒနာဟာ ကိုယ်ခန္ဓာပေါ်က ထိခိုက်ရှနာလို လွယ်လင့်တကူ မပျောက်တဲ့ ရောဂါပါ။ စိတ်ထိခိုက်ထားသူဟာ တစ်ခြားသူတွေကိုရော သူ့ကိုယ်သူပါ ဖျက်စီးမိနိုင်ပါတယ်။ သူတို့ဟာ ပိုကောင်းတဲ့ဘဝ မရနိုင်ဘူးဆိုတဲ့ စိတ်အမှောင်ထဲမှာ ထောင်ကျနေသူတွေပါ။ စိတ်ရောဂါအဆင့် မရောက်သေးတဲ့ စိတ်ထိခိုက်မှုတွေကိုတော့ လူအချင်းချင်း နွေးနွေးထွေးထွေး ဖေးမဆက်ဆံပြီး ကုစားလို့ ရပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ထိခိုက်ခံစားရသူတွေကို စနစ်တကျ ဆွေးနွေးအကြံပေး ကုသဖို့က အရေးကြီးပါတယ်။
(၃) အရာတိုင်းပေါ် သက်ရောက်မှု ရှိတယ်
Photo: Freepik
စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေကို ကုသမှု မလုပ်ဘူးဆိုရင် ကူရာမဲ့ ဝမ်းနည်းကြေကွဲမှု ၊ မထိုက်တန်ဘူးလို့ ခံစားရပြီး စိတ်ရှုပ်ထွေး နောက်ကျိခြင်း ၊ ကြောက်ရွံ့စိုးရိမ်ပြီး အထိန်းအချုပ်မဲ့ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ လူအချင်းချင်း ဆက်ဆံရေး ဆိုးဝါးလာပြီး ပတ်ဝန်းကျင်အတွက်ပါ ပြဿနာဖြစ်လာနိုင်ပါတယ်။ အဆိုးဆုံးအခြေအနေကတော့ မပြောတတ်အောင် ကြီးမားနိုင်ပါတယ်။ဒါကြောင့် စိတ်ထိခိုက်ခံစားနေပြီဆိုရင် ကိုယ်မိသားစု နဲ့ ကိုယ်ယုံကြည်ရတဲ့ မိတ်ဆွေ ၊ ဆရာသမားတို့နဲ့ တိုင်ပင်အကြံယူပါ။ စိတ်ဖိစီးမှု ဖြစ်စေတဲ့ အလုပ်မှ ကာလရှည် ခွင့်ယူပြီးနားတာ ၊ စိတ်အေးချမ်းအောင် တရားထိုင်တာနဲ့ စိတ်ကို ငြိမ်းအေးအောင် ထားတာမျိုး လုပ်ဆောင်သင့်ပါတယ်။