သင့်မှာလက်ရှိ Toxic Relationship  တစ်ခုပိုင်ဆိုင်ထားပြီးလား။ ဒါဆိုရင်အမြန်ဆုံး ဒီ Relationship  ထဲကရုန်းထွက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် အဆိပ်အတောက်ဖြစ်စေတဲ့ Relationship ကနေသင့်အတွက် အဆိုးတွေပဲ ယူဆောင်လာပေးမှာမလို့ပါ။ ဒီဆောင်းပါးလေးမှာတော့ Toxic Relationship ကနေ ဘာကြောင့်ရုန်းထွက်သင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) ကြောက်စိတ်ကကြီးစိုးခံထားရမယ်

Toxic Relationship

Photo : iStock

တစ်ခါတစ်လေမှာ အမှားသေးသေးလေးတွေလုပ်မိတာမျိုးရှိတက်ပါတယ်။ ဥပမာချိန်းထားတဲ့နေ့နောက်ကျတာမျိုး ၊ ဖုန်းမကိုင်မိတာမျိုးပေါ့။ ဒီလိုအခြေအနေမျိုးလေးတွေမှာ ပြဿနာအကြီးကျယ်ဖြစ်ရပြီး စိတ်ဆင်းရဲရတာမျိုးတွေ ရှိလာနိုင်ပါတယ်။ တော်ရုံအမှားမခံနိုင်တဲ့ ပြဿနာက ကြောက်စိတ်ကိုဖြစ်စေပြီး အချိန်တိုင်းကြောက်စိတ်နဲ့ရှေ့ဆက်နေရမှာပါ။

(၂) ပျော်ရွှင်မှုပျောက်ဆုံးလာမယ်

Couple arguing in the city

Photo : iStock

ဘယ်သူမှ ကိုယ့်ရဲ့တစ်နေ့တာ စိတ်ညစ်စရာတွေ ပူလောင်စရာတွေနဲ့ ပဲဖြတ်သန်းချင်ကြမှာမဟုတ်ပါဘူး။ တစ်နေ့တာဖြတ်သန်းရတဲ့ အချိန်မှာ ကြည်နူးမှုတွေ အပြုံးတွေနဲ့ပဲ ပျော်ရွှင်စွာဖြတ်သန်းချင်ကြမှာပါ။ အဆင်မပြေတဲ့အချစ်ရေးတစ်ခုပိုင်ဆိုင်ထားရပြီဆိုရင်တော့ နေ့ရက်တိုင်းက စိတ်ညစ်နေရဖို့ ရာခိုင်နှုန်းပိုများနေပါလိမ့်မယ်။

(၃) စိတ်ရောလူပါထိခိုက်လာမယ်

Man and woman arguing at the street

 

Photo : iStock

အဆိပ်လိုအချစ်ရေးရဲ့ ဘေးထွက်ဆိုးကျိုးကနေတဆင့် စိတ်ဖိစီးမှုတွေ ညဘက်အိပ်မရခြင်းတွေ အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို မကျန်းမာခြင်းတွေစီ ဆွဲခေါ်နေသလိုဖြစ်နေပါလိမ့်မယ်။ တနေ့တခြား စိတ်ရောလူပါ ပင်ပန်းမှုတွေဖြစ်လာပြီး စိတ်ထောင်းကိုယ်ကြေဖြစ်လာနိုင်ပါတယ်။

(၄) အနာဂတ်ပျောက်လာမယ်

an unhappy marriage

Photo : iStock

အချစ်က ဘဝအတွက် တစ်ထောင့်တစ်နေရာကအရေးပါတယ်ဆိုပေမယ့် အချစ်တစ်ခုတည်းနဲ့ ဘဝတစ်ခုတည်ဆောက်လို့မရပါဘူး။ အနာဂတ်မှာပိုကောင်းတဲ့ဘဝရဖို့ အများကြီးကြိုးစားကြရအုန်းမှာပါ။ ဒီလိုငယ်ရွှယ်စဉ် ကြိုးစားအားထုတ်မှုတွေအတွက် အသင့်ဖြစ်နေသင့်တဲ့အရွယ်မှာ စိတ်ညစ်စရာအချစ်ရေးထဲမှာပဲအချိန်ကုန်နေရင် ဘဝတိုးတက်ဖို့အများကြီးထိခိုက်လာပါလိမ့်မယ်။

Featured Photo : MindBodyGreen