ယနေ့ခေတ်လူငယ်တွေအနေနဲ့ညဘက်ညဉ့်နက်တဲ့အထိ ဖုန်းတွေပေါမှာအချိန်ကုန်နေကြပါတယ်။ နည်းပညာတိုးတက်တဲ့ခေတ်ဖြစ်တာနဲ့အညီ ဖုန်းတွေက ဆက်သွယ်ရေးသက်သက်မဟုတ်တော့ပဲ ဖျော်ဖြေးရေး သတင်းအချက်အလက်ရယူရေး ပညာရေးပိုင်းမှာလည်း အများကြီးအကျိုးပြုလာပါတယ်။ဒါပေမယ့် အိပ်ရေးပျက်ခံပြီး ဖုန်းတွေပေါ်မှာအချိန်ကုန်နေမယ်ဆိုရင်တော့ အခုပြောပြမယ့်ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။

Source : 123RF.com
ကိုယ်အလေးအချိန်တက်လာမယ် – ညဉ့်နက်ချိန်အထိ မအိပ်သေးတဲ့သူတွေဟာ သန်းခေါင်ယံဗိုက်ဆာတဲ့ဒဏ်ကို ဘယ်သူမှမခံနိုင်ပါဘူး။ သရေစာမုန့်တစ်ခုခုဖြစ်ဖြစ် ထမင်းဖြစ်ဖြစ်စားလိုက်မှ အာသာပြေသွားတတ်ကြတာဖြစ်ပါတယ်။သ န်းခေါင်ယံအစားစားခြင်းဟာ ကိုယ်အလေးချိန်အများကြီးတက်စေတဲ့ အဓိကအကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။ နောက်ပြီး အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်က အစားစားချင်တဲ့ ဟော်မုန်းဓာတ်တစ်မျိုး ပိုထွက်လာတာကြောင့် ကိုယ်အလေးချိန်တက်ဖို့ တွန်းအားဖြစ်စေမှာဖြစ်ပါတယ်။
မှတ်ဉာဏ်စွမ်းရည်တွေ ပျက်စီးလာမယ် – ညဉ့်နက်ချိန်ထိ ဖုန်းသုံးတဲ့အတွက် လုံလောက်တဲ့အိပ်စက်ချိန်ဆိုတာ မရှိတော့ပါဘူး။ ဒီလိုမျိုးညစဉ်ညတိုင်း အိပ်ရေးတွေဆက်တိုက် ပျက်နေမယ်ဆိုရင် ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေကျဆင်းလာပြီး တွေးခေါ်နိုင်စွမ်းတွေ စဉ်းစားဆုံးဖြတ်နိုင်စွမ်းတွေပါ လျော့ကျလာမှာဖြစ်ပြီး ဦးနှောက်ဖွံ့ဖြိုးမှုနှုန်းကို ထိခိုက်စေကာ မှတ်ဉာဏ်စွမ်းရည်တွေပါ တဖြေးဖြေးပျက်စီးလာမှာဖြစ်ပါတယ်။
အိုမင်းရင့်ရော်လာမယ် – ညဉ့်နက်ချိန်ထိ အိပ်ရေးပျက်ခံကာ ဖုန်းသုံးကြတဲ့သူတွေဟာ သူတို့ရဲ့ ရှိရင်းစွဲအသက်ထက် ပိုပြီး အိုမင်းရင့်ရော်နေတတ်ကြပါတယ်။ အကြောင်းက အိပ်ရေးပျက်ခြင်းကြောင့် မဲညစ်ခြင်း ၊ အရေးအကြောင်းနဲ့ အမဲစက်တွေဖြစ်ပေါ်ခြင်း ၊ ဝက်ခြံအများအပြားထွက်ခြင်း စတဲ့အလှအပဆိုင်ရာပြဿနာတွေနဲ့ ရင်ဆိုင်လာရတာကြောင့် အသားအရေးပျက်စီးကာ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တာဖြစ်ပါတယ်။

Source : iStock
စိတ်ကျရောဂါဝင်လာမယ် – ပုံမှန်တစ်ရက်တာ အိပ်ရေးမဝရင်တောင် စိတ်ကြည်လင်လန်းဆန်းမှုမရှိဘဲ နေရတာအဆင်မပြေဖြစ်တတ်ပါတယ်။ သင့်အနေနဲ့ အခုလို ဖုန်းတွေနဲ့ပဲ ညဉ့်နက်သန်းခေါင်ယံအထိ အချိန်တွေကုန်နေမယ်ဆိုရင် သင်နိုးထလာတဲ့မနက်ခင်းဟာ ဘယ်တော့မှ စိတ်ကြည်လင်လန်းဆန်းမှုရှိမှာမဟုတ်ပါဘူး။အရာရာကို စိတ်အလိုမကျဖြစ်လာမယ် စိတ်တိုလွယ်မယ် နောက်ဆုံးမှာတော့ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့ဘဲ စိတ်ကျရောဂါဝင်လာတဲ့အထိဖြစ်သွားနိုင်ပါတယ်။
