ဘဝက တိုပါတယ်။ အမှတ်တရတွေနဲ့ အတွေ့အကြုံတွေကပဲ နှစ်တွေအကြာကြီး ပြောစရာဖြစ်ကျန်ခဲ့မှာပါ။ တိုတောင်းလှတဲ့ လူ့ဘဝမှာ နေရိုးနေစဉ် ငယ်ရာမှ ကြီး ၊ ကြီးရာမှ အို ၊ အိုရာမှ နာ/သေ လောက်နဲ့ ပြီးသွားရင် သိပ်နှမြောဖို့ကောင်းပါတယ်။ စွန့်စားခန်းတွေနဲ့ ဘဝမှာ မြိန်ရေယှက်ရေ ပြောစရာလေးတွေရှိမှသာ အဓိပ္ပါယ်ပိုရှိတယ်လို့ ဆိုချင်ပါတယ်။ ဒါကြောင့် ဘဝမှာတစ်ခါလောက်ဖြစ်ဖြစ် စွန့်စားခန်းဖွင့်သင့်တဲ့ အကြောင်းရင်းတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) ဖြစ်မြောက်အောင် လုပ်နိုင်တယ်လို့ ခံစားရမယ်

Photo: Freepik

စွန့်စားခန်းဖွင့်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ ကိုယ့်စွမ်းကိုယ်စကို စမ်းသပ်လိုက်တာပါပဲ။ တောင်တက်တာကနေ တောခရီးထွက်တာအထိ စွန့်စားခန်းတွေ ပြီးဆုံးတိုင်း ကိုယ့်ရဲ့ လုပ်ကိုင်နိုင်စွမ်းနဲ့ ဖြစ်ဖြစ်မြောက်မြောက် လုပ်ပြနိုင်စွမ်းကို ပိုပြီး သိရှိကျေနပ်လာမှာပါ။

(၂) စိတ်ဖိစီးမှု သက်သာလာမယ်

Photo: Freepik

သိပ္ပံပညာတွေရဲ့ အဆိုအရ လမ်းလျှောက်တာနဲ့တင် စိတ်ဖိစီးမှု သက်သာတယ်လို့ ဆိုပါတယ်။ စွန့်စားခန်းခရီးထွက်တာက ပိုလို့တောင် စိတ်ပင်ပန်းဖိစီးမှုတွေကို လွတ်မြောက်အောင် စွမ်းဆောင်နိုင်ပါတယ်။ မြင်ကွင်းသစ်တွေနဲ့ အတွေ့အကြုံဆန်းတွေက သင့်စိတ်ခံစားမှုနဲ့ ဘဝအမြင်ကိုပါ ပြောင်းလဲပေးနိုင်စွမ်း ရှိလာပါလိမ့်မယ်။

(၃) သဘာဝတရားကြီးကို ပိုချစ်ခင်လာမယ်

Photo: Freepik

ခရီးရှည်ကြီးကို ထွက်သွားကြည့်ပါ။ ကိုယ်သွားတဲ့ခ ရီးတစ်လျှောက်က သဘာဝတောတန်း ၊ သစ်ပင် ၊ ကျေးလက်လူမှုဘဝ ၊ ဆန်းပြားနေတဲ့ ရှုမျှော်ခင်းတွေနဲ့ တွေ့ရပါလိမ့်မယ်။ ကိုယ်အကြာကြီး နေထိုင်ခဲ့ရာ အခန်းကျဉ်းလေးနဲ့ လူဘဝအဝန်းအဝိုင်း သေးသေးမွှားမွှားလေးထက် ပိုပြီး ထိုက်တန်တဲ့ လူ့လောကကြီးနဲ့ ပိုလို့ အံ့ဩစရာကောင်းတဲ့ ကမ္ဘာမြေကြီးကို တွေ့ရပါလိမ့်မယ်။ ဒီအတွေ့အကြုံဟာ ကိုယ်မျက်လုံးမှိတ်တိုင်းမှာ ကျေကျေနပ်နပ်ကြီး ပြုံးမိစေမယ့်အတွေ့အကြုံလည်း ဖြစ်ပါတယ်။

(၄) လူသစ်တစ်ယောက်လို ခံစားရမယ်

Photo: Freepik

တစ်ခုခု စွန့်စားကြည့်လိုက်တိုင်း ကိုယ့်ကိုယ်ကိုယ် အသစ်လို ပြန်ပြန်မြင်ရတတ်ပါတယ်။ မြင်ကွင်းသစ်တွေနဲ့ အတွေ့အကြုံဆန်းတွေက ကိုယ့်ကို အရေခွံအသစ်လဲပေးလိုက်သလို ပြောင်းလဲဆန်းသစ်သွားစေနိုင်ပါတယ်။ ဘဝမှာ စိတ်ရှုပ်ထွေးမွန်းကြပ်မှုတွေ သိပ်များလာပြီဆိုရင် အရင်ကမလုပ်ဖူးတဲ့ ခရီးဝေးသွားတာ ၊ အသစ်အဆန်းတစ်ခုခု လုပ်ကြည့်တာ ၊ တောင်တက်/ရေကူး ၊ မိုင်ဝေးလျှောက်တာတွေ လုပ်ကြည့်လိုက်ပါ။ စိတ်ခံစားချက်တွေ ပြောင်းလဲသွားတာ သိသိသာသာ ခံစားရမှာ ဖြစ်ပါတယ်။