ခရီးသွားခြင်းဟာ ချစ်သူနှစ်ဦးအတူတူအတူတကွလုပ်ဆောင်နိုင်တဲ့ ကြည်နူးဖွယ်အကောင်းဆုံးအရာတခု ဖြစ်ပါတယ်။ တကိုယ်တော်ခရီးသွားတာက စွမ်းအားရှိစေတာ၊ စိတ်အားတက်ကြွစေတာနဲ့ သင့်ကိုယ်သင်ပေးတဲ့ ဆုလာဘ်တခုဖြစ်သလို သင်တန်ဖိုးထားရတဲ့သူနဲ့ ခရီးအတူတူသွားရတာကလဲ သင့်အတွက်တန်ဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်ဖွယ်အမှတ်တရတွေကို အတူတူဖန်တီးနိုင်ပါလိမ့်မယ်။

နှစ်ယောက်ကြားကရင်းနှီးမှုကိုပိုရစေတယ်

Source : Elite Daily

မကြာခဏခရီးသွားတဲ့စုံတွဲတွေဟာ ခရီးမသွားတဲ့စုံတွဲတွေထက် ရင်းနှီးပျော်ရွှင်မှုပိုရှိတယ်ဆိုတာသင်သိပါသလား။ ၂၀၁၃ခုနှစ်က ယူအက်စ်ခရီးသွားအသင်းမှပြုလုပ်သောလေ့လာမှုတခုအရ သင်၏ချစ်သူလက်တွဲဖော်နှင့် အတူခရီးသွားတာက တန်ဖိုးကြီးလက်ဆောင်တခုပေးတာထက် ပိုပြီးရိုမန်တစ် ဆန်ဆန်ဆက်ဆံရေးမျိုးကိုဖန် တီးနိုင်တယ်လို့ဆိုပါတယ်။

ဆက်ဆံရေးကို ပိုခိုင်မာစေတယ်

Source : Itl.cat

သင့်ချစ်သူနဲ့အတူတူခရီးသွားတဲ့အခါ ရုပ်ရှင်ကြည့်တာ၊ အတူတူဈေးဝယ်ထွက်တာတွေထက်ပိုပြီး နှစ်ဦးကြားက ဆက်ဆံရေးကိုပိုခိုင်မြဲစေပါတယ်။ စုံတွဲခရီးစဉ်ကပေးတဲ့အတွေ့အကြုံတွေက နှစ်ယောက်ရဲ့ဆက်ဆံရေးကို ပို တိုးတက်ကောင်းမွန်စေဖို့ အခွင့်အလမ်းတွေအများကြီးပေးနိုင်ပါတယ်။ ဒါ့အပြင် သင်တို့နှစ်ယောက်ရဲ့ဆက်ဆံ ရေးမှာရှိတဲ့အားသာချက် အားနည်းချက်တွေကိုလည်း ဆန်းစစ်နိုင်ပါတယ်။

မမေ့နိုင်စရာအမှတ်တရတွေကို အတူတူဖန်တီးနိုင်တယ်

Source : iStock

သင်တို့သွားခဲ့တဲ့ခရီးစဉ်တွေကနေ ပြန်စဉ်းစားလိုက်တိုင်းရမယ့် ပျော်ရွှင်ကြည်နူးစရာစိတ်လှုပ်ရှားဖွယ်ရာ ချစ်ခြင်းမေတ္တာတွေနဲ့အမြဲပြည့်နေမယ့် အမှတ်တရလေးတွေကို အတူတူဖန်တီးနိုင်မယ်။

အကောင်းဆုံးသူငယ်ချင်းတွေဖြစ်လာကြတယ်

Source : Elite Daily

နှစ်ယောက်ထဲခရီးသွားတဲ့အခါ တခြားသူငယ်ချင်း ဒါမှမဟုတ် အပြင်လူမပါတဲ့အတွက်တယောက်နဲ့ပိုအကူ အညီပေးရသလို နားလည်မှုလဲပိုရှိလာတဲ့အတွက် တယောက်အကြောင်းတယောက်သိတဲ့အကောင်းဆုံး သူငယ်ချင်းတွေ ဖြစ်လာပါတယ်။