အဝတ်အစားနဲ့ ရုပ်ရည်ကို အပြင်ပန်းတွေမို့ အရေးမကြီးဘူးဆိုပြီး တွေးမိပါသလား။ ဒီအချက်ကို မမှန်ကြောင်း ပြောပြချင်တာ ရှိပါတယ်။

(၁) အဝတ်အစားဟာ အထင်အမြင်ကောင်းရစေဖို့ အထောက်အကူပြုပါတယ်

Photo: elearningindustry

ကိုယ့်အဝတ်အစားကြောင့် လူတွေ တစ်မျိုးမြင်ကြရင် သူတို့ကို အပြစ်မတင်လိုက်ပါနဲ့။ ကိုယ်တောင် သူစိမ်းတစ်ယောက်ကို စုတ်တီးစုတ်ပြတ်နဲ့ စပြီး တွေ့ချိန်မှာ နှာခေါင်းရှုံ့မိတတ်တာပဲမလား။ ဘာပဲဖြစ်ဖြစ် အသွင်အပြင်ဆိုတာ အဲ့ဒီလူကို စတွေ့တွေ့ချင်း မြင်လိုက်တဲ့အမြင်ပေါ် အများကြီး လွှမ်းမိုးနေတယ်ဆိုတာ လက်ခံရမှာ ဖြစ်ပါတယ်။

(၂) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိစေတယ်

Photo: Freepik

အဝတ်အစားဟာ လူတစ်ယောက်ရဲ့ စိတ်အခြေအနေပေါ် လွှမ်းမိုးမှုရှိပါတယ်။ စိတ်ထဲမှာ နည်းနည်းထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေပြီဆိုရင် အဝတ်အစားအသစ် ဝတ်လိုက်တာနဲ့ စိတ်ပြောင်းသွားတာဟာ သိသာပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ အစည်းအဝေးတွေ ၊ ပွဲလမ်းသဘင်နဲ့ အလုပ်အင်တာဗျူးတွေမှာ ကိုယ့်ကိုယ်ကိုယ် စိတ်ချမှုအပြည့်ရှိစေဖို့ အဝတ်အစားကို ဂရုတစိုက်ရွေး ဝတ်သွားရတာ ဖြစ်ပါတယ်။

(၃) ပိုပြီး အလုပ်အကိုင် အဆင်ပြေတယ်

Photo: Freepik

အရောင်းဝန်ထမ်းလို ဝန်ဆောင်မှုပေးရတဲ့ အလုပ်အကိုင်နယ်ပယ်တွေမှာ သပ်သပ်ရပ်ရပ် ကောင်းကောင်းမွန်မွန် ဝတ်စားဆင်ယင်ဖို့ဆိုတာ အလွန်ပဲ အရေးကြီးပါတယ်။ သပ်ရပ်သန့်ရှင်းစွာ ဝတ်တတ်စားတတ်သူဟာ ဖောက်သည်တွေနဲ့ ဆက်ဆံရာမှာ ပုံရိပ်ကောင်းရဖို့ အခွင့်အလမ်း ပိုများပါတယ်။

(၄) လူတွေက ပိုလေးစားကြတယ်

Photo: Freepik

အပေါ်ဆုံးမှာ ပြောခဲ့သလိုပဲ ။ အဝတ်အစားဟာ အမြင်တွေကို ပြောင်းအောင် အထောက်အပံ့ပေးနိုင်ပါတယ်။ လူကြီးလူကောင်းဆန်ဆန် ဝတ်စားထားတဲ့သူတစ်ယောက်ကို တစ်ခြားသူတွေက မြင်တဲ့အခါ အနည်းဆုံးတော့ အထင်အမြင်ကောင်းပါတယ်။ ဆက်ဆံရာမှာလည်း အရေးတယူထားပြီး ဆက်ဆံတတ်တာ သဘာဝပါပဲ။ ဒါကြောင့် လူတစ်ယောက်အတွက် ကာလဒေသအလျောက် အရေးပါသလို တစ်ကိုယ်ရည်ခံစားမှုပိုင်းအတွက်လည်း အပြုသဘောဆောင်တဲ့ ခံစားမှုပေးနိုင်တာ ဖြစ်လို့ Personal Development ကောင်းဖို့အတွက် ဖက်ရှင်ကို အထင်မသေးသင့်ဘူးလို့ ပြောချင်ပါတယ်။