စိတ်ထဲမှာ ဘာကိုမှ စုစည်းလို့မရဘဲ အလိုလိုနေရင်း စိတ်ဓါတ်ကျချင်သလို ဖြစ်နေပြီလား။ ဘာကြောင့် အခုလို ဖြစ်နေရတာလဲ အဖြေရှာရခက်ဖူးတယ်ဆိုရင် ဒီအချက်လေးတွေနဲ့ တိုက်ကြည့်သင့်ပါတယ်။

(၁) ကိုယ့်ရဲ့ စိတ်အားထက်သန်မှုကို ဖိနှိပ်ထားလို့

Photo: Freepik

Passion နောက်ကို မလိုက်ဘဲ ကြုံရာဘဝနဲ့ ရပ်တည်နေတာ ကြာလာရင် ကိုယ့်ဘဝကို အလိုလို စိတ်ကုန်လာပါလိမ့်မယ်။

(၂) ရှုံးနိမ့်မှုတွေ ဆက်တိုက်ကြုံလာလို့

Photo: Freepik

အရှုံးတွေက လူတစ်ယောက်ကို ပိုပြီးရင့်ကျက်ကြီးမြတ်တဲ့သူ ဖြစ်စေနိုင်သလို အားနည်းချည့်နဲ့သွားစေနိုင်တဲ့ အစွမ်းတွေ ရှိပါတယ်။ မဖြစ်နိုင်တဲ့အရာတွေနောက် လိုက်ရင်း ရှုံးနိမ့်သွားရင် ပိုပြီး စိတ်လေသွားနိုင်ပါတယ်။

(၃) တစ်ခြားသူတွေပေါ် အားကိုးလွန်းလို့့

Photo: Freepik

ကိုယ့်ကိုယ်ကိုယ် တစ်ခြားသူရဲ့ အမြင်တွေပေါ် ပုံအပ်ထားတဲ့သူဟာ တစ်ချိန်မဟုတ် တစ်ချိန်ဆိုသလို ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုတွေ ပြိုကွဲပျက်စီးသွားမှာ ဖြစ်ပါတယ်။ ကိုယ့်ဒူးကိုယ်ချွန် ရင်ဆိုင်တဲ့သူဟာ ပိုပြီး စိတ်ဓါတ်တွေ ခိုင်မာတည်ကြည်လာနိုင်ပါတယ်။

(၄) ပင်ပန်းလွန်းလို့

Photo: Freepik

အလုပ်တွေ ဆက်တိုက်လုပ်ရင်းနဲ့ ဘာမှ မလုပ်ချင်အောင် Burnout ဖြစ်သွားတဲ့ အချိန်တွေ ရှိပါတယ်။ ပိုက်ဆံတွေ သိပ်ဝင်နေရင်လည်း Burnout ဖြစ်သွားပြီဆိုရင် လွှတ်ချချင်တဲ့စိတ်ပဲ ဝင်နေပါလိမ့်မယ်။ စိတ်လေနေချိန်မှာ အနားယူပါ။ မိတ်ကောင်းဆွေကောင်းနဲ့ စကားပြောပါ။ ရသစာအုပ်တွေ ဖတ်ပါ။ ခရီးတွေ ထွက်ပါ။