လူတစ်ယောက်ဟာ သူ့အရပ်အမောင်းနဲ့လိုက်ပြီးရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန် မရှိရင် ဝတယ်လို့ဆိုနိုင်ပါတယ်။ အလေးချိန် Weight တက်လာခြင်းကို အစားအသောက်စားချင်စိတ်နဲ့အဆီသိုလှောင်မှူကို ထိန်းပေးတဲ့ ဟော်မုန်းတွေကနေ ထိန်းချုပ်ပေးတာပါ။ အဝလွန်တဲ့ OverWeight ဖြစ်ရခြင်းကတော့ အကြောင်းရင်း ၇ မျိုး ရှိပါတယ်။

Guy holding excessive fat

Source : Freepik

အိုမီဂါ 6 ဖက်တီးအက်ဆစ်ဟာ ကျန်းမာရေးအတွက် မရှိမဖြစ် အရေးပါတဲ့ အဆီတစ်မျိုးပါ။ ဒါပေမယ့် လိုတာထက် ပိုပြီး စားသုံးမိတာတွေရှိရင် Arachidonic Acid လို့ခေါ်တဲ့ အဆီဆဲလ်တွေကို ယောင်ယမ်းစေပြီး ဝမ်းဗိုက်မှာအဆီလာစုတာတွေ ဖြစ်စေပါတယ်။စားသုံးဆီမသန့်တာဟာ ဗိုက်မှာ အဆီပိုစုစေပါတယ်။ဒါကြောင့် အသင့်စား အစားအသောက် Junk Foods တွေ ၊ စားသုံးဆီတွေ အလွန်အကျွံစားသောက်မှူ လျှော့ချသင့်ပြီး အိုမီဂါ 6 အဆီများတဲ့ ဟင်းရွက်ဆီ ၊ ပြောင်းဖူးဆီတို့အစား အုန်းဆီ ၊ Macadamia အဆံကနေ ထုတ်တဲ့ အဆီတို့သုံးသင့်ပါတယ်။

စိတ်ဖိစီးမှူဟာ ဒီနေ့ခေတ် ကျန်းမာရေးရဲ့ ရန်သူတစ်ယောက်ပါ။ စိတ်ဖိစီးမှူများခြင်းဟာ လူကို ပိုဝစေပါတယ်။ နေ့စဉ်လိုလို စိတ်ဖိစီးနေတဲ့သူဟာ ကော်တစ်ဆိုးလို့ခေါ်တဲ့ Stress Hormone ထုတ်ပြီးခန္ဓာကိုယ်တစ်ခြားနေရာတွေက အဆီတွေကို ဝမ်းဗိုက်ဆီလာပို့ပေးပါတယ်။ ဒီကနေမှ Beer Belly လို့ခေါ်တဲ့ ဝမ်းဗိုက်အဆီစုခြင်း ပြဿနာကို ဖြစ်စေနိုင်ပါတယ်။

ဖိအားများနေချိန်မှာကိုယ်တွင်းကနေအစားအသောက်တွေကို ပိုစားဖြစ်စေမယ့်ဓါတုပစ္စည်း တစ်မျိုး ထုတ်ပေးပါတယ်။ ကြာလာရင်တော့ ကွတ်ကီးလို ၊ ကိတ်စ် ၊ ဝက်ပေါင်ခြောက် ၊ ရေခဲမုန့်၊ ဆိုဒါ ၊ ချိုချဉ်ချောင်း ၊ ပေါင်မုန့်ဖြူ စတဲ့ ခန္ဓာကိုယ်အဆီပိုင်း ပြဿနာတက်စေမယ့် အစားအသောက်တွေကို ပိုပြီးစာဖြစ်ပြီး ဝလာတတ်ပါတယ်။စိတ်ဖိစီးမှူ မြင့်နေချိန်မှာ ၄-၇-၈ အသက်ရှူနည်းလို့ခေါ်တဲ့ ၁ ကနေ ၄ အထိ အကြိမ်မှတ်ပြီး အသက်ရှူသွင်း ၇ ကြိမ် အသက်အောင့်ကာ ၈ အထိ ရေပြီး အသက်ရှူထုတ်တဲ့ နည်းကို ၆ ကြိမ်တိုင် လုပ်သင့်ပါတယ်။

ဒါကတော့ သိသာပါတယ်။ ကာဗွန်ဟိုက်ဒရိတ်များတာဟာ ကိုယ်တွင်း ဂလူးဂိုစ့်ဓါတ်တက်စေပါတယ်။ သကြားဓါတ်စားသုံးမှူ များသူဟာ အင်ဆူလင်လွန်ကဲပြီး ဝိတ်တက်လာစေနိုင်ပါတယ်။YoYo Dieting ကိုဝိတ်တက်လိုက်ကျလိုက် ဖြစ်စေတဲ့ Weight Cycle တစ်ခုလို့လည်း ခေါ်ပါတယ်။ ခန္ဓာကိုယ်ဟာဝိတ်ကို ချရာမှာ ပုံစံမှားခြင်းကြောင့် မထင်လောက်အောင် ဝိတ်ပြန်တက်သွားတာကို ပြောတာပါ။ ဇီဝကမ္မစနစ် မှားသွားပြီး အတက်အကျကို မထိန်းနိုင်တဲ့ သဘောလည်း ဖြစ်ပါတယ်။

fat man, the belly is very big, standing using the tape measure around his waist

Source : Freepik

ဝိတ်ချချိန်မှာ အမြန်ကျစေဖို့Quick Diet နဲ့သွားချတာကို မလုပ်သင့်ဘဲ ကျန်းမာရေးနဲ့ညီညွတ်အောင် စာပြီး ဖြည်းဖြည်းချင်း စနစ်တကျ ချသင့်ပါတယ်။ဒီအတွက် ကျွမ်းကျင်သူ အာဟာရပညာရှင်တစ်ယောက်ယောက်ဆီက အကူအညီရယူပြီး ဝိတ်ချတာဟာ ကိုယ့်အထင်အမြင်နဲ့လုပ်နေတာထက် အများကြီး ထိရောက်မှူ ရှိမှာပါ။အဆီစုတာ ၊ ကျန်းမာရေးမကောင်းတာတွေအကြောင်းပြောရင် အူကျန်းမာရေးလည်း ထည့်စဉ်းစားရမှာပါ။ အူထဲမှာဘက်တီးရီးယားပေါင်း ၁ ထရီလီယံအထိ ရှိနေပြီး ကျန်းမာတဲ့ ဘက်တီးရီးယားနဲ့ကျန်းမာရေးနဲ့မညီတဲ့ ဘက်တီးရီးယားဆိုပြီး ရှိနေပါတယ်။

ကာဗွန်ဟိုက်ဒရိုက်နဲ့သကြားဟာ ကျန်းမာရေးနဲ့မညီတဲ့ ဘက်တီးရီးယားတွေရဲ့ အစာပါ။ သူတို့ဟာ ဒီအစားအစားတွေစားပြီး ရှင်သန်ကြီးထွား မျိုးဆက်ပွားကြပါတယ်။ ဘက်တီးရီးယားနှစ်မျိုး ရှင်သန်မှူ ဟန်ချက်ပျက်လာချိန်မှာ ကယ်လိုရီတက်လာပြီး ဝလာပါတယ်။

အဝလွန်တာဟာ ကျန်းမာတဲ့ နေထိုင်မှူပုံစံ မရှိတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ နေ့စဉ် ကယ်လိုရီလောင်ကျွမ်းစေမယ့် လေ့ကျင့်ခန်းလုပ်တာ ၊ Workout ကစားတာ ၊ နောက်ဆုံး လမ်းများများလျှောက်တာတော့ လုပ်သင့်ပါတယ်။ဝမ်းဗိုက်အဆီများတာဟာ အသည်းအဆီများလို့လည်း ဖြစ်နိုင်ပါတယ်။ အသည်းအဆီများလာတဲ့သူတွေမှာ အဝလွန်လာတာ တွေ့ရပါတယ်။