အိပ်မပျော်တဲ့ရောဂါ (သို့) အိပ်ချိန်မပြည့်ဝခြင်းဟာ အိပ်ချိန်နာရီပြောင်းလဲသွားလို့လဲဖြစ်နိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ နဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ညဘက်အိပ်မပျော်ခြင်းက နောက်နေ့အတွက် အရမ်းကိုဆိုးရွားတဲ့ နေ့တစ်နေ့ပိုင်ဆိုင်စေမှာပါ။ ဒါ့ကြောင့် ညဘက်အိပ်ရေးဝဝအိပ်ဖို့က အရေးကြီးပါတယ်။ ဒီနေ့ဆောင်းပါးမှာ ညဘက် အိပ်မပျော်စေတဲ့ အကြောင်းအရာတစ်ချို့ကို ဖော်ပြပေးသွားမှာပါ။

စိတ်ခံစားချက်

Source: Verywell MInd

ညအိပ်မပျော်ခြင်းဟာ ပူပန်သောကတွေနဲ့ စိတ်ဓာတ်ကျခြင်းရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဦးနှောက်အနေနဲ့ အိပ်စက်ဖို့အတွက်ရော စိတ်ခံစားချက်အတွက်ပါ neurotransmitter တွေကို တူညီစွာအသုံးပြုရတဲ့အတွက် ဘယ်အရာက အရင်စဖြစ်မလဲဆိုတာကိုသိဖို့ မကြာခဏ ခက်ခဲလေ့ရှိပါတယ်။ အမြဲတမ်း ဒီလိုဖြစ်မယ်ဆိုရင်တော့ ကျန်းမာရေးကိုရော လူမှုဘဝကိုပါ ထိခိုက်လာနိုင်တာမို့ အိပ်မပျော်ဘဲ သောကပွားနေရတာကို မြန်မြန်တိုက်ထုတ်ပစ်ပါ။

သောက်သုံးနေရတဲ့ ဆေးဝါးများ

Source: Medical News Today

ကျန်းမာရေးပြဿနာကြောင့် ဆေးသောက်ရတယ်မျိုး ရှိတယ်ဆိုရင်လည်း အိပ်စက်မှုကို အနှောင့်အယှက်ပေးတတ်တာမျိုး ရှိပါတယ်။ အိပ်ချိန်နဲ့ကပ်ပြီး သောက်ရတဲ့ဆေးမျိုးမှာ အိပ်မပျော်အောင် တစ်စုံတစ်ရာသက်ရောက်မှု ဖြစ်စေတာမျိုးပါ။ ဆေးသောက်လိုက်တိုင်း ညည အိပ်မပျော်ဘူးဆိုရင် ဆရာဝန်ကိုပြန်ပြောပြပါ။ ဆေးပြောင်းသောက်ဖို့ ညွှန်ကြားပါလိမ့်မယ်။

နာကျင်မှု

Source: Harvare Health

ကျောနာ၊ ခါးနာတာတွေ ၊ ခေါင်းကိုက် အဆစ်အမြစ်ကိုက်ခဲတာတွေဟာ အိပ်စက်ဖို့ ခက်ခဲစေပါတယ်။ ညရောက်လို့ အိပ်ရာပေါ်ကျောချလိုက်တာနဲ့ ခါးထဲကနာတာ ကျောက အောင့်နေတာမျိုးတွေဟာ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်ရသူတွေမှာ အဖြစ်များပါတယ်။ ခန္ဓာကိုယ်လှုပ်ရှားမှု များပြားတဲ့အလုပ်ကို လုပ်ကိုင်ရသူတွေအဖို့လည်း ညဆိုရင် တစ်ကိုယ်လုံး ကိုက်ခဲနေတတ်လို့ တော်တော်နဲ့ အိပ်မပျော်ပါဘူး။

အလုပ်ချိန်

Source: Ther Better India

နေ့ဆိုင်း-ညဆိုင်း အလုပ်လုပ်ရသူတွေလည်း အိပ်ချိန်တွေက မမှန်တော့ပါဘူး။ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ညဆိုင်းတစ်လှည့် နေ့ဆိုင်းတစ်လှည့် အလုပ်ဆင်းနေရသူတွေဟာ ညဘက်မှာ ပုံမှန်အိပ်ပျော်ဖို့ ခက်ပါတယ်။

နာမကျန်းဖြစ်ခြင်း

Source: Sleep Health Solutions

အိပ်စက်ဖို့ခက်ခဲခြင်းတွေဟာ ဆေးပညာဆိုင်ရာအခြေအနေတွေနဲ့လည်း မကြာခဏဆိုသလို ဆက်နွှယ်ဖြစ်ပေါ်ပါတယ်။ အဆုတ်ရောဂါ သို့မဟုတ် ပန်းနာရင်ကြပ်တို့လိုမျိုး ကြက်ညှာချောင်းဆိုးနဲ့ အသက်ရှုတိုတောင်းခြင်းတွေဟာ အိပ်ဖို့အတွက် ခက်ခဲပါတယ်။ နှလုံးပုံမှန်မဟုတ်ဘဲ ချို့ယွင်းမှုရှိနေရင် အသက်ရှုတာကလည်း မမှန်တော့ပြန်ဘူး။ အဲ့ဒီအတွက်လည်း အိပ်မပျော်နိုင်ဖြစ်ရတယ်။