ညဘက်တွေမှာကောင်းစွာအိပ်မပျော်ရခြင်းရဲ့ အကြောင်းအရင်းတွေများစွာရှိပါတယ်။ ကာလကြာရှည် အိပ်ရေးပျက်လာမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ဒါကြောင့် သင့်ကိုအိပ်မပျော်မစေတဲ့ အကြောင်းအရင်းတွေကို သိရှိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။

(၁) စိတ်ခံစားမှုများ

Source : Freepik

အိပ်မပျော်ရခြင်းရဲ့အဓိကတရားခံက သင့်ရဲ့အတွေးတွေ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေပါပဲ။ အိပ်ရာဝင်ချိန်မှာ စိတ်ပူပင်စရာတွေ၊ စိတ်ဖိစီးစရာအတွေးတွေကို တွေးမိရင် အိပ်မပျော်နိုင် ဖြစ်တတ်ပါတယ်။

(၂) အစားအသောက်များ

Source : Freepik

တချို့သောအစားအစာတွေက အိပ်စက်ခြင်းကို အနှောက်ယှက်ဖြစ်စေနိုင်ပါတယ်။ ဥပမာ ကဖင်းဓာတ်၊ အရက်၊ အဆီများသောအစားအစာများ၊ သကြားဓာတ်များသောအစားအစာများနှင့် စပ်တဲ့အစားအစာများတွေပဲ ဖြစ်ပါတယ်။ ဒီလိုအစားအသောက်တွေကို အိပ်ရာဝင်ချိန်နီးမှ စားသုံးခြင်းကိုရှောင်ကြဉ်ပါ။

(၃) ဆေးဝါးများ

Source : Freepik

ကျန်းမာရေးအတွက်မှီဝဲရတဲ့ တချို့ဆေးဝါးတွေက အိပ်စက်ခြင်းဆိုင်ရာအရည်အသွေးကို ကျဆင်းစေပြီး ကောင်းစွာအိပ်မပျော်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင်သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့်လို့ သံသရရှိလာတာနဲ့ ဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်ပြီး အကြံဉာဏ်တောင်းသင့်ပါတယ်။

(၄) နည်းပညာပစ္စည်းများ

Source : Freepik

ဖုန်း တဘလက် ကွန်ပြူတာစတဲ့ နည်းပညာပစ္စည်းတွေကလည်း အိပ်စက်မှုကို အနှောက်ယှက်ပေးတဲ့ အရာတွေဖြစ်ပါတယ်။ ဒီလိုနည်းပညာပစ္စည်းတွေကထွက်တဲ့အပြာရောင်အလင်းတွေက ဦးနှောက်ကိုနိုးကြားစေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ခြင်းတွေ ဖြစ်တက်ပါတယ်။ ဒါကြောင့် အိပ်ရာဝင်ချိန်မှာ နည်းပညာပစ္စည်းတွေသုံးစွဲမှုကိုရှောင်ကြဉ်သင့်ပါတယ်။