တစ်ခါတစ်လေ တစ်ညလုံးအိပ်မရ ဖြစ်တာကို ကြုံဖူးကြမယ်ထင်ပါတယ်။ ဒါက စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်သလို ကျန်းမာရေးပြဿနာ၊ သောက်သုံးနေရတဲ့ ဆေး တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ညဘက်အိပ်ရေးဝဝ မအိပ်ရဘူးဆိုရင် မနက်ခင်း စောစောထဖို့ ခက်ခဲပါတယ်။ ဒီလိုမဖြစ်ရလေအောင် တစ်ညလုံး အိပ်မရဖြစ်နေရတဲ့ အကြောင်းအရင်း တွေကို kwee page ကဖော်ပြပေးလိုက်ပါ။

စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှု

Source: CNet

ညဘက်အိပ်မပျော်ရတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုတွေ ပါဝင်ပါတယ်။ နေ့ခင်းဘက်တွေမှာ အလုပ်ကိုအာရုံစိုက်ရတာကြောင့် စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုအကြောင့် သိပ်ပြီးမတွေးမိကြဘူး။ ဒါပေမယ့် ညဘက်နားချိန်ရောက်တဲ့အခါမှာတော့ စိတ်ကိုတွေးချင်ရာတွေးတာကြောင့် အိပ်ချိန်ကိုအနှောင့်အယှက်ဖြစ်စေပါတယ်။

ကဖင်းဓာတ်

Source: Thrive Global

အိပ်ယာမဝင်ခင် (သို့) ညဘက်မှာ ကော်ဖီသောက်တာက အကောင်းတဲ့အကြံမဟုတ်ပါဘူး။ ကဖင်းဓာတ်က လူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ (၃) နာရီကနေ (၅) နာရီလောက်ထိ ရှိနေတက်ပါတယ်။ အကောင်းဆုံးကတော့ ကော်ဖီကို တစ်နေ့ (၃) ခွက်ထက် ပိုမသောက်ဖို့နဲ့ နေ့လည် (၂) နာရီကျော်ပါက ကဖင်းသောက်သုံးမှု မလုပ်ဖို့ပါပဲ။

ညဘက် ဖုန်း/ကွန်ပြူတာ အလွန်အကျွံ့ အသုံးပြုခြင်း

Source: FindMeCure

ဖုန်းကနေထုတ်လွှတ်တဲ့ အပြာရောင်အလင်းတွေက နေ့ခင်းပဲရှိသေးတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေမိအောင် သင့်ဦးနှောက်ကို လှည့်စားနေတာဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းကြည့်ပြီး တန်းအိပ်ပျော်ဖို့ ခက်ခဲနေတာပါ။ အိပ်ရာမဝင်ခင် (၂) နာရီလောက်ကြိုပြီး ဖုန်းကို ပိတ်ထားပါ။

ရေသောက်နည်းခြင်း

Source: Top Natural Mattresses

အလုပ်များတဲ့နေ့တွေဆိုရင် စားချိန်၊ အိပ်ချိန်မမှန်တာ၊ ရေလုံလုံလောက်လောက် မသောက်တာတွေက သင့်ခန္ဓာကိုယ်ကို အားနည်းသွားစေပါတယ်။ ခေါင်းကိုက်တာအပြင် တစ်ချိန်လုံး ပင်ပန်းနွမ်းနယ်သလို ခံစားရနိုင်ပါတယ်။ မနက်ခင်းပိုင်းမှာဆိုရင် စိတ်မပျော်သလိုခံစားရစေပါတယ်။ သင် ဘယ်နေရာသွားသွား ရေဘူးကို ကိုယ်နဲ့မကွာဆောင်ထားပြီး တစ်နေ့ကို အနည်းဆုံး (၇-၈) ခွက်သောက်ပေးသင့်ပါတယ်။