ကြက်ဥ ဘဲဥဟာ ဈေးသင့်တဲ့ အစားအစာဖြစ်တာကြောင့် အိမ်ရှင်မတွေရဲ့ အကြိုက်ဟင်းဆိုရင်လည်း မမှားပါဘူး။ ကြက်ဥ ဘဲဥကို အမျိုးမျိုး ပြုလုပ်စားသုံးလို့ ရသလို တစ်ချို့တွေဆိုရင် ကြက်ဥကို အလှအပ ရေးရာအတွက် အသုံးပြုကြပါတယ်။ အားကစားသမားတွေကတော့ ကြက်ဥ ဘဲဥကို ပရိုတင်းဖြည့်တင်းဖို့အတွက် စားသုံးကြပြီး တစ်ချို့တွေကတော့ ကျန်းမာရေးအတွက် စားသုံးကြလေ့ရှိပါတယ်။

ဒီနေ့ kwee page ကနေပြီးတော့ ကြက်ဥ ဘဲဥ စားသုံးပေးသင့်တဲ့ အကြောင်းအရင်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ပရိုတင်း ကြွယ်ဝတယ်

Source: Healthline

ဥတွေဟာ ပရိုးတင်း ဓာတ်ကြွယ်ဝကြပါတယ်။ ကြက်ဥ ဘဲဥ တွေမှလည်း ကြွက်သားတွေအတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်တွေ အများကြီးပါဝင်နေပါတယ်။ ပြီးတော့ သူတို့တွေဟာ ဈေးအသင့်အတင့်ရှိပြီး လူတန်းစေ့စားဝယ်ယူစားသုံးနိူင်တဲ့ အစားအစာလည်းဖြစ်ပါတယ်။

မျက်စိကျန်းမာရေး

Source: Bicycling

မျက်စိရဲ့ မြင်လွှာမှာ အဓိကစုဝေးနေတဲ့ lutein ခေါ် အဝါရောင်ခြယ်ဓာတ်ပစ္စည်းတမျိုးဟာ ကြက်ဥ ဘဲဥတွေမှာ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အမြင်အာရုံဆုံးရှုံးစေတဲ့ အကြောင်းရင်းတွေထဲမှာ အဓိကအကြောင်းရင်းတခုလို့ ပြောနိုင်တဲ့ မြင်လွှာရဲ့ အစိတ်အပိုင်းချို့ယွင်းခြင်းပြဿနာ မဖြစ်ပေါ်ရလေအောင် အဆိုပါ Lutein ဓာတ်က ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ စမတ်ဖုန်း၊တက်ဘလက်၊ကွန်ပြူတာ စတဲ့ ပစ္စည်းတွေက ထွက်ရှိလာတဲ့ အလင်းတန်းတွေကြောင့် မျက်စိထိခိုက်ခြင်းကိုလည်း Lutein ဓာတ်က ကာကွယ်ပေးနိုင်ပါတယ်။

ကြွက်သားထုထည်တွေကို ထိန်းထားပေးတယ်

Source: Simplemost

လူတွေ အသက်အရွယ်ရလာတာနဲ့အမျှ ကြွက်သားထုတွေကို စတင်ဆုံးရှုံးလာရပါပြီ။ ဆယ်စုနှစ်တခုကြာတိုင်း ကြွက်သားထု (၅) ရာခိုင်နှုန်းခန့်ဆုံးရှုံးရတယ်လို့ ကျွမ်းကျင်သူတွေက ပြောထားကြတယ်။ ဒီလို ဆုံးရှုံးခြင်းကြောင့် သင့်အနေနဲ့ အားနည်းလာမယ်၊ သက်လုံကျလာမယ် စတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့လာရမှာပါ။ ပရိုတိန်းဓာတ်လုံလောက်အောင် စားသုံးပေးခြင်းက ကြွက်သားထုကို ထိန်းသိမ်းဖို့ သော့ချက်တခုပဲ ဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလိုပဲ ကြက်ဥ ဘဲဥတွေမှာ အရည်အသွေးမြင့်မားတဲ့ ပရိုတိန်းဓာတ်တွေ ပါဝင်နေတာကြောင့် ကြွက်သားတွေကို ပြန်လည်ပြုပြင်တည်ဆောက်ပေးနိုင်ပါတယ်။

အဆာခံစေတယ်

Source: The Indian Express

မနက်စောစော ကြက်ဥ ဘဲဥကြော်လေးများ စားထားရင် ပိုအဆာခံပါတယ်။ မနက်စာကို ကြက်ဥ ဘဲဥ စားထားသူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဆာလောင်ခြင်းကို ဖြစ်စေတဲ့ ဟော်မုန်းပမာဏ နည်းပါးနေတာမို့ နေ့လည်စာကို နည်းနည်းပဲ စားဖို့လိုပါတယ်။