ကောင်းမွန်တဲ့ တစ်ညတာအိပ်စက်မှုဟာ ကျန်းမာ‌ရေးအတွက် သော့ချက်လို့တောင် ဆရာဝန်တွေက ထောက်ခံကြပါတယ်။ အခုခေတ်မှာ လူတော်တော်များများဟာ အိပ်ချိန်မပြည့်ဝမှု ၊ အိပ်ရေးပျက်မှုတွေ ပိုများလာပါတယ်။ ကျန်းမာရွှင်လန်းဖို့ တစ်ညကို အနည်းဆုံး ၇ နာရီကနေ ၉ နာရီအထိ အိပ်စက်ဖို့ ပြောကြတာတွေ ရှိပါတယ်။ လက်ရှိအိပ်နေကျထက် ဘာကြောင့် ပိုပြီး အိပ်ပေးသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး ကယ်လီဖိုးနီးယား- လော့စ်အိန်ဂျလိစ်တက္ကသိုလ် အိပ်စက်မှုဆိုင်ရာမှုမမှန်သဘောလေ့လာခြင်းဌာန ညွှန်ကြားရေးမှူး အလန်အဗစ်ဒန်ရဲ့ အဆိုကို ပြောပြချင်ပါတယ်။

(၁) ကိုယ်ခံအားစနစ်ပိုကောင်းစေတယ်

Sleeping Bed

Photo; Unsplash

အဗစ်ဒန်ကတော့ ကိုယ်ခံအားစနစ် ပိုကောင်းဖို့ များများအိပ်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။ အိပ်နေချိန်မှာ လူ့ကိုယ်က Cytokines လို့ ခေါ်တဲ့ ပရိုတိန်းတွေ ထုတ်ပေးပါတယ်။ ဒီပရိုတိန်းတွေက ကူးစက်မှုနဲ့ ရောင်ရမ်းခြင်းတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။

(၂) မှတ်ဉာဏ်လုပ်ဆောင်ချက်အတွက် အရေးပါတယ်

Sleeping With Pet

Photo; Unsplash

အိပ်စက်ခြင်းဟာ မှတ်ဉာဏ်တွေကို စီစဉ်တာ ၊ ရှင်းထုတ်တာ လုပ်ဖို့ ဦးနှောက်ကို အချိန်ပေးတာပါပဲ။ အိပ်စက်ခြင်းဟာ ဦးနှောက်ထဲက အဆိပ်အတောက် ဖြစ်စေမယ့်အရာတွေကို ရှင်းထုတ်ရာမှာလည်း အ‌ရေးပါတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။ အိပ်နေချိန်မှာ ဦးနှောက်ထဲက ဆဲလ်တွေ ကျုံ့သွားရာကနေ Cerebrospinal အရည်တွေကနေ မလိုအပ်တဲ့ အညစ်အကြေးတွေကို ပြန်စွ့န်ပစ်ပါတယ်။ မှတ်ဉာဏ်တွေကို ထိန်းသိမ်းနိုင်စွမ်းကိုလည်း အိပ်စက်မှုက အကျိုးပြုပါတယ်။

(၃) စားချင်စိတ်ပေါ် သက်ရောက်မှုရှိတယ်

man sleeping

Photo; Unsplash

အိပ်ရေးပျက်ခြင်းဟာ ဆာလောင်မွတ်သိပ်မှုကို ပိုဖြစ်စေတယ်လို့ ဆရာဝန်တွေက တွေ့ရှိထားပါတယ်။ အိပ်ရေးပျက်တာ များလေလေ ခန္ဓာကိုယ်က Ghrelin လို့ ခေါ်တဲ့ အစာစားချင်စိတ်ကို လှုံ့ဆော်တဲ့ ဟော်မုန်းကို ထုတ်ပေးပါတယ်။ သူ့ထုတ်ပေးတဲ့ အစာစားချင်စိတ်ကလည်း ကာဗွန်ဟိုက်ဒရိတ်ဓါတ် ၊ သကြားဓါတ် နဲ့ အဆီဓါတ်တွေက အဓိကပါပဲ။ တစ်ဆက်တည်းမှာပဲ ခန္ဓာကိုယ်ဟာ အစာစားချင်စိတ်ကို မျှခြေထိန်းပေးမယ့် Leptin ဟော်မုန်းထုတ်မှုနည်းသွားပါတယ်။ အကျိုးဆက်က ဝိတ်တက်တာတွေ ဖြစ်လာတတ်ပါတယ်။

(၄) ကင်ဆာဖြစ်နှုန်းကို ပိုနည်းစေတယ်

clock

Photo; Unsplash

ခန္ဓာကိုယ်က ဆဲလ်တွေလည်း အိပ်စက်ဖို့ လိုပါတယ်။ အိပ်ရေးပျက်တဲ့ အလုပ်တွေ လုပ်ရတဲ့ အမျိုးသားတွေမှာ ဆီးကျိတ်နဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာပိုဖြစ်နှုန်း များတာတွေ့ရပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ ဆဲလ်တွေ ဖြစ်အောင် အခုလက်ရှိထက် ပိုအိပ်ပေးဖို့ လိုပါတယ်။