နေ့တိုင်း ခေါင်းလျှော်ခြင်းသည် သင့်ဦးရေပြားကို ပျက်စီးစေပြီး ဆံကေသာကို ကြမ်းတမ်းခြောက်သွေ့စေပါတယ်။ တစ်ပတ်လျှင် နှစ်ကြိမ် (သို့) သုံးကြိမ်ထက် ပို၍ ခေါင်းမလျှော်သင့်ပါဘူး။ အလွန်အကျွံ ခေါင်းလျှော်မိပါက ဦးရေပြားမှာရှိတဲ့သဘာဝအဆီများ ခြောက်သွေ့သွားပြီး ဗောက်ထခြင်း၊ ယားယံခြင်းတို့ ကြုံတွေ့ရတတ်ပါတယ်။

ဒါ့အပြင် ခေါင်းလျှော်တိုင်းမှာလည်း Conditioner သုံးပေးဖို့လိုအပ်ပါတယ်။ Conditioner သုံးပေးခြင်းဖြင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးများကတော့ …

ဆံပင်ကို အစိုဓာတ်အကြာကြီး ထိန်းပေးထားခြင်း

man and healthy hair

Photo Source: Adorebeauty.com

ခေါင်းလျှော်ရည်ထဲမှာ ဓာတုပစ္စည်းပါဝင်တဲ့အတွက်ကြောင့် ခေါင်းလျှော်ပြီးနောက်မှာ သင့်ဦးရေပြားသည် အားနည်းသွားတတ်ပါတယ်။ အားနည်းသွားတဲ့ ဦးရေပြားကို Conditioner က ပြန်လည်ကာကွယ်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝအဆီဓာတ်ကိုလည်း ထိန်းပေးထားတဲ့အတွက်ကြောင့် ဆံကေသာကို ပြန်လည်ကျန်းမာစေပါတယ်။

ပျက်စီးနေတဲ့ ဦးရေပြားကို ပြန်လည်ကောင်းမွန်စေခြင်း

man getting a hair wash

သင့် ဦးရေပြားက ပျက်စီးနေတဲ့အခါ သင့် ဆံပင်ကို ကြမ်းတမ်းစေပါလိမ့်မယ်။ ကိုယ့်ဆံကေသာနဲ့ သင့်တော်မယ့် Conditioner ကို သုံးပေးခြင်းအားဖြင့် ဦးရေပြားအလွှာကို ပြန်လည်အားဖြည့်ပေးပြီး ဆံကေသာကိုလည်း တောက်ပစေပါတယ်။

ဆံပင်အရှည်ထားချင်သူများအတွက် အထူးသင့်တော်ခြင်း

man long hair fashion style

သင်သည် ဆံပင်အရှည်ထားချင်သူ (သို့) လက်ရှိမှာ ဆံပင်အရှည်ထားထားတယ်ဆိုရင်တော့ ခေါင်းလျှော်တိုင်းမှာ Conditioner ထည့်သုံးကို သုံးသင့်ပါတယ်။ Conditioner သည် ဆံပင်အရှည်မြန်စေပြီး ဆံကေသာကိုလည်း နူးညံ့ပျော့ပျောင်းစေနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးခြင်း

man getting exposed to UV rays

Photo Source: Verywellhealth.com

နေပူထဲထွက်တဲ့အခါ ခရမ်းလွန်ရောင်ခြည်ဒဏ်သည် သင့်ရဲ့ဆံကေသာကို ထိခိုက်ပျက်စီးစေပါတယ်။ ခရမ်းလွန်ရောင်ခြည်သည် သင့်ဆံကေသာကို အရောင်မွဲသွားစေရုံသာမကဘဲ ဆံပင်မွှေးညှင်းပေါက်များကိုလည်း အားနည်းသွားစေပါတယ်။ တကယ်လို့ သင်က ခေါင်းလျှော်တိုင်းမှာ Conditioner သုံးပေးမယ်ဆိုရင်တော့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် ဆံကေသာပျက်စီးသွားခြင်းမှ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

သဘာဝအဆီများ ပြန်လည်ဖြည့်တင်းပေးခြင်း

man washing hair

ခေါင်းလျှော်ရည်သည် ဆံပင်မှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်နှင့် အညစ်အကြေးများကို ဖယ်ရှားပေးရုံသာမကဘဲ ဆံကေသာအတွက်လိုအပ်တဲ့ သဘာဝအဆီများကိုလည်း ခေါင်းလျှော်လိုက်တဲ့အခါ တစ်ပါတည်း ပါသွားပါတယ်။ Conditioner ထဲမှာပါဝင်တဲ့ Antioxidants များကတော့ ကုန်ခမ်းသွားတဲ့ ဆီများကို ပြန်လည်သိုလှောင်ပေးပြီး ဆံကေသာကိုလည်း သန်စွမ်းစေပါတယ်။

Source: In.askmen.com