ရေချိုးပြီးတာမှ မကြာသေးဘူး ကိုယ်နံ့ ပြန်နံလားလို့ စိတ်ညစ်နေပါသလား။ ဒီလိုကိုယ်နံ့ပြင်းရခြင်းအကြောင်းအရင်းတွေက အများကြီးရှိပါတယ်။ သင့်ရဲ့အစားအစာ စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံတွေကြောင့် ကိုယ်နံ့ပြင်းထန်သွားတတ်ပါတယ်။

ဒါဆိုရင် ကိုယ်နံ့ပြင်းခြင်းကို ထိန်းချုပ်ဖို့ရန်အတွက် ဘယ်လိုအခြေအနေမျိုးကို ဂရုစိုက်သင့်သလဲ။

Choline ဓာတ်ကြွယ်ဝသော အစားအစာများ အလွန်အကျွံ စားသောက်ခြင်းကို ရှောင်ကြဉ်ပါ

Reasons You Stink and How to fix them

Choline ဓာတ် ကြွယ်ဝတဲ့အစားအစာများကတော့ နွားနို့၊ ဥအမျိုးမျိုး၊ ပင်လယ်ငါးနှင့် ပဲအမျိုးမျိုးတို့ပဲဖြစ်ပါတယ်။ ထိုအစားအစာများသည် ကိုယ်နံ့ကို ပြင်းထန်စေတဲ့ ဒြပ်ပေါင်းများ ပါဝင်လို့ပဲဖြစ်ပါတယ်။

ဆာလဖာဓာတ် များပြားစွာ ပါဝင်သော အစားအစာများ

Reasons You Stink and How to fix them

ထိုအစားအစာတွေကတော့ ပန်းဂေါ်ဖီ၊ ပန်းပွင့်စိမ်းတို့ပဲဖြစ်ပါတယ်။ ထိုအစားအစာများတွင် ပါဝင်တဲ့ဆာလဖာဓာတ်များသည် ပြိုကွဲသွားတဲ့အခါမှာတော့ ကြက်ဥပုတ်အနံ့ထွက်လာတတ်ပါတယ်။ လျော့မစားနိုင်ဘူးဆိုရင်တော့ ကြာကြာလေး ချက်ပြုတ်ကြော်လှော်နိုင်ပါတယ်။ ကြာကြာချက်ပြုတ်ခြင်းသည်လည်း ဆာလဖာဓာတ်များကို ဓာတ်ပြယ်သွားစေလို့ပဲဖြစ်ပါတယ်။

စိတ်ဖိစီးမှုများနေခြင်း

Reasons You Stink and How to fix them

စိတ်ဖိစီးခြင်း၊ စိတ်လှုပ်ရှားခြင်းတို့ကြောင့် ထွက်ပေါ်လာတဲ့ ချွေးတို့သည် ဘက်တီးရီးယားများ ပါဝင်နေတဲ့ အဆီများ ပါဝင်နေပါတယ်။ ထိုဘက်တီးရီးယားများက အဆီကို ဖြိုကွဲလိုက်တဲ့အခါမှာတော့ အနံ့ပြင်းပြင်းရနံ့မျိုး ထွက်ပေါ်လာတတ်ပါတယ်။

ခြေထောက်အနံ့ နံခြင်း

Reasons You Stink and How to fix them

ခြေထောက်အနံ့ နံခြင်းကတော့ များသောအားဖြင့် အားကစားသမားတွေမှ အဖြစ်များတတ်ကြပါတယ်။ အားကစားလုပ်နေချိန်မှာ ချွေးသည် ဖိနပ်ထဲမှာ အောင်းနေတဲ့အတွက်ကြောင့် တဖြည်းဖြည်းနဲ့ အချိန်ကြာလာတဲ့အခါ မှိုရောဂါတစ်မျိုးစွဲကပ်လာပြီး ခြေထောက်အနံ့ ပြင်းလာတတ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ခြေထောက်သည် ခြေဆီအများအပြားထွက်လာတဲ့အခါ သတိထားဖို့လိုအပ်ပါတယ်။

အရက်အလွန်အကျွံ သောက်ခြင်း

Reasons You Stink and How to fix them

သင်သည် အရက်၊ ဘီယာတို့ကို သင့်တင့်မျှတစွာ သောက်သုံးပါက အရက်အနံ့သည် သင့်ရဲ့အာခံတွင်းထဲမှာတင် ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ပမာဏလွန်ကဲစွာသောက်သုံးမယ်ဆိုရင်တော့ အရက်သည် သင့်ရဲ့ချွေး (သို့) ဆီးအဖြစ်နဲ့ ခန္ဓာကိုယ်အပြင်သို့ ပြန်ထွက်သွားမှာဖြစ်ပြီး ထိုချွေးရနံ့သည်လည်း အင်မတန်ပြင်းတာကို သိသိသာသာခံစားရပါလိမ့်မယ်။

အကောင်းဆုံးနည်းလမ်းကတော့ ဝီစကီ၊ ဘီယာတို့ကို သင့်တင့်မျှတစွာသာ သောက်သုံးသင့်ပြီး အရက်တစ်ခွက်နဲ့ တစ်ခွက်ကြားမှာ ရေသောက်သုံးတာမျိုးကိုလည်း ပြုလုပ်နိုင်ပါတယ်။

Source: Bellatory.com

Featured Image Source: MensXP