[Zawgyi]

အာကာသခရီးသြားျခင္းနဲ႔ တျခားၿဂိဳဟ္ေပၚမွာ လူသားေတြ အေျခခ်ေနထိုင္ဖို႔ကိုပညာရွင္ေတြ ႀကိဳးစားေနၾကဆဲပါ။ ဒီေန႔မွာေတာ႔ kwee page ကေန တယ္လီစကုပ္ ကေနရွာေဖြေတြ႔ရွိခဲ႔တဲ႔ ကမာၻနဲ႔ ဆင္တူေသာ ၿဂိဳဟ္ေတြကိုေဖာ္ျပေပးသြားမွာပါ။

(၁) Teegarden’s Star b

Teegarden’s Star b ကိုေတာ႔ ၂၀၀၃ ခုနွစ္မွာေတြ႔ရွိခဲ႔တာျဖစ္ၿပီး ေတြ႔ရွိခဲ႔သမွ်ထဲမွာ လူသားေတြ ေနထိုင္ဖို႔ အသင္႔ေတာ္ဆံုး ျဖစ္ပါတယ္။ ကၽြမ္းက်င္သူေတြရဲ႕ ေျပာစကားအရ ကမာၻေျမနဲ႔ ၉၅% အထိတူညီမႈရွိေနပါတယ္။ကမာၻေျမနဲ႔ အလင္းနွစ္ ၁၂ နွစ္အကြာအေဝးမွာတည္ရွိေနပါတယ္။

(၂) TRAPPIST-1e

ဒီ TRAPPIST-1e ကေတာ႔ ကမာၻေျမနဲ႔ အလင္းနွစ္ ၄၀ နွစ္ အကြာမွာတည္ရွိေနပါတယ္။ ေလ႔လာမႈေတြအရ ကမာၻေျမနဲ႔ ၉၅% ထိဆင္တူေနၿပီး လူေနထိုင္ဖုိ႔ တတိယ အသင္႔ေတာ္ဆံုး exoplanet တခုျဖစ္ပါတယ္။

(၃) TRAPPIST-1d

TRAPPIST-1d က TRAPPIST-1e ရဲ႕ေမာင္နွမၿဂိဳလ္ျဖစ္ၿပီး လူေတြေနထိုင္ဖို႔ သင္ေတာ္တယ္လို႔ ခန္႔မွန္းထားႀကပါတယ္။ ဒီၿဂိဳဟ္ေပၚကအပူခ်ိန္ဟာ ကမာၻႀကီးရဲ႕ အပူခ်ိန္နဲ႔ ဆင္တူႏိုင္ၿပီး ေလထု၊ သမုဒၶရာ နဲ႔ ေရခဲထု ေတြပါ ရွိႏိုင္တယ္လို႔ ခန္႔မွန္းထားၾကပါတယ္။သိပၸံညာ ရွင္ေတြက ကမာၻႀကီးနဲ႔ ၈၉% ဆင္တူေၾကာင္း ဆိုထားပါတယ္။

(၄) Kepler-438b

ဒီၿဂိဳလ္ကိုေတာ႔ နာဆာ ရဲ႕ Kepler အာကသ ယာဥ္က ရွာေဖြေတြ႔ရွိခဲ႔တာပါ။ ၿဂိဳဟ္ မ်က္နွာျပင္ေပၚမွာ အရည္တည္ရွိႏိုင္တယ္လို႔ သိပၸံပညာရွင္ေတြက ခန္႔မွန္းထားၾကပါတယ္။ကမာၻႀကီးနဲ႔ ၈၈% ခန္႔တူညီေနေပမဲ႔ ရက္ ၁၀၀ ျပည္႔တိုင္းသူ လွည္႔ပတ္ေနတဲ႔ ၾကယ္ဆီကေန အားျပင္းတဲ႔ ေရာင္ျခည္ေတြ လက္ခံရရွိေနတာေႀကာင္႔ လူေနထိုင္ဖို႔ မျဖစ္ႏိုင္ေသးပါဘူး။

(၅) Kepler-442b

ဒီ Kepler-442b ရဲ႕ အရြယ္အစားနဲ႔အပူခ်ိန္ေတြက လူေနထိုင္ဖို႔အသင္႔ေတာ္ဆံုး ျဂိဳဟ္ေတြထဲမွာပါဝင္ေစတာပါ။ ကမာၻႀကီးနဲ႔ ၈၄% ခန္႔ဆင္တူပါတယ္။ကမာၻႀကီးနဲ႔ အလင္းနွစ္ ၁၂၀၆ နွစ္အကြာအေဝးမွာ တည္ရွိေနပါတယ္။

(၆) Wolf 1061c

ကမာၻႀကီးနဲ႔ အလင္းနွစ္ ၁၃.၈ နွစ္အကြာမွာ တည္ရွိေနျပီး လူေနထိုင္ဖို႔အသင္႔ေတာ္ဆံုး ၅ လံုးေျမာက္ ကမာၻနဲ႔အနီးဆံုး ျဂိဳဟ္လည္းျဖစ္ပါတယ္။

ကမာၻနဲ႔ ၇၆% ခန္႔ဆင္တူေနျပီး ေနာက္နွစ္ေပါင္း ၄၀၀-၅၀၀ ဘီလီယံ အထိ ေလာင္ကၽြမ္းနိူင္စြမ္း ရွိေနပါတယ္။

(၇) Ross 128 b

ဒီျဂိဳဟ္ကေတာ႔ red dwarf ႀကယ္ကိုလွည္႔ပတ္ေနၿပီး က်ေနာ္တို႔ရဲ႕ solar system အျပင္ဘက္မွာရွိေနတဲ႔ ၿဂိဳဟ္ေတြထဲမွာ ကမာၻေျမနဲ႔ အနီးဆံုးျဖစ္ပါတယ္။ ဒါေၾကာင္႔လည္း လူသား ေတြေနထိုင္ႏိုင္ဖို႔ အလားအလာအေကာင္းဆံုး ၿဂိဳဟ္ေတြထဲမွာ ထည္႔သြင္းထားတာပါ။ အဆိုပါၿဂိဳဟ္ေပၚမွာ ေလထုသာရွိခဲ႔မယ္ဆိုရင္ အပူခ်ိန္က ၿဂိဳဟ္ရဲ႕မ်က္နွာျပင္ေပၚမွာ ေရကိုထိန္းသိမ္းထားႏိုင္မယ္လို႔ ခန္႔မွန္းထားၾကပါတယ္။ဒီၿဂိဳဟ္ကေတာ႔ ကမာၻေျမနဲ႔ ၈၆% ခန္႔ဆင္တူေနပါတယ္။

Source: Bright Side

[Unicode]

အာကာသခရီးသွားခြင်းနဲ့ တခြားဂြိုဟ်ပေါ်မှာ လူသားတွေ အခြေချနေထိုင်ဖို့ကိုပညာရှင်တွေ ကြိုးစားနေကြဆဲပါ။ ဒီနေ့မှာတော့ kwee page ကနေ တယ်လီစကုပ် ကနေရှာဖွေတွေ့ရှိခဲ့တဲ့ ကမ္ဘာနဲ့ ဆင်တူသော ဂြိုဟ်တွေကိုဖော်ပြပေးသွားမှာပါ။

(၁) Teegarden’s Star b

Teegarden’s Star b ကိုတော့ ၂၀၀၃ ခုနှစ်မှာတွေ့ရှိခဲ့တာဖြစ်ပြီး တွေ့ရှိခဲ့သမျှထဲမှာ လူသားတွေ နေထိုင်ဖို့ အသင့်တော်ဆုံး ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ ပြောစကားအရ ကမ္ဘာမြေနဲ့ ၉၅% အထိတူညီမှုရှိနေပါတယ်။ကမ္ဘာမြေနဲ့ အလင်းနှစ် ၁၂ နှစ်အကွာအဝေးမှာတည်ရှိနေပါတယ်။

(၂) TRAPPIST-1e

ဒီ TRAPPIST-1e ကတော့ ကမ္ဘာမြေနဲ့ အလင်းနှစ် ၄၀ နှစ် အကွာမှာတည်ရှိနေပါတယ်။ လေ့လာမှုတွေအရ ကမ္ဘာမြေနဲ့ ၉၅% ထိဆင်တူနေပြီး လူနေထိုင်ဖို့ တတိယ အသင့်တော်ဆုံး exoplanet တခုဖြစ်ပါတယ်။

(၃) TRAPPIST-1d

TRAPPIST-1d က TRAPPIST-1e ရဲ့မောင်နှမဂြိုလ်ဖြစ်ပြီး လူတွေနေထိုင်ဖို့ သင်တော်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီဂြိုဟ်ပေါ်ကအပူချိန်ဟာ ကမ္ဘာကြီးရဲ့ အပူချိန်နဲ့ ဆင်တူနိုင်ပြီး လေထု၊ သမုဒ္ဓရာ နဲ့ ရေခဲထု တွေပါ ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။သိပ္ပံညာ ရှင်တွေက ကမ္ဘာကြီးနဲ့ ၈၉% ဆင်တူကြောင်း ဆိုထားပါတယ်။

(၄) Kepler-438b

ဒီဂြိုလ်ကိုတော့ နာဆာ ရဲ့ Kepler အာကသ ယာဉ်က ရှာဖွေတွေ့ရှိခဲ့တာပါ။ ဂြိုဟ် မျက်နှာပြင်ပေါ်မှာ အရည်တည်ရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ကမ္ဘာကြီးနဲ့ ၈၈% ခန့်တူညီနေပေမဲ့ ရက် ၁၀၀ ပြည့်တိုင်းသူ လှည့်ပတ်နေတဲ့ ကြယ်ဆီကနေ အားပြင်းတဲ့ ရောင်ခြည်တွေ လက်ခံရရှိနေတာကြောင့် လူနေထိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။

(၅) Kepler-442b

ဒီ Kepler-442b ရဲ့ အရွယ်အစားနဲ့အပူချိန်တွေက လူနေထိုင်ဖို့အသင့်တော်ဆုံး ဂြိုဟ်တွေထဲမှာပါဝင်စေတာပါ။ ကမ္ဘာကြီးနဲ့ ၈၄% ခန့်ဆင်တူပါတယ်။ကမ္ဘာကြီးနဲ့ အလင်းနှစ် ၁၂၀၆ နှစ်အကွာအဝေးမှာ တည်ရှိနေပါတယ်။

(၆) Wolf 1061c

ကမ္ဘာကြီးနဲ့ အလင်းနှစ် ၁၃.၈ နှစ်အကွာမှာ တည်ရှိနေပြီး လူနေထိုင်ဖို့အသင့်တော်ဆုံး ၅ လုံးမြောက် ကမ္ဘာနဲ့အနီးဆုံး ဂြိုဟ်လည်းဖြစ်ပါတယ်။

ကမ္ဘာနဲ့ ၇၆% ခန့်ဆင်တူနေပြီး နောက်နှစ်ပေါင်း ၄၀၀-၅၀၀ ဘီလီယံ အထိ လောင်ကျွမ်းနိူင်စွမ်း ရှိနေပါတယ်။

(၇) Ross 128 b

ဒီဂြိုဟ်ကတော့ red dwarf ကြယ်ကိုလှည့်ပတ်နေပြီး ကျနော်တို့ရဲ့ solar system အပြင်ဘက်မှာရှိနေတဲ့ ဂြိုဟ်တွေထဲမှာ ကမ္ဘာမြေနဲ့ အနီးဆုံးဖြစ်ပါတယ်။ ဒါကြောင့်လည်း လူသား တွေနေထိုင်နိုင်ဖို့ အလားအလာအကောင်းဆုံး ဂြိုဟ်တွေထဲမှာ ထည့်သွင်းထားတာပါ။ အဆိုပါဂြိုဟ်ပေါ်မှာ လေထုသာရှိခဲ့မယ်ဆိုရင် အပူချိန်က ဂြိုဟ်ရဲ့မျက်နှာပြင်ပေါ်မှာ ရေကိုထိန်းသိမ်းထားနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ဒီဂြိုဟ်ကတော့ ကမ္ဘာမြေနဲ့ ၈၆% ခန့်ဆင်တူနေပါတယ်။

Source: Bright Side