မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖီအိုရင်တီးနားနောက်ခံကစားသမား နီကိုလာမီလန်ကိုဗစ်ကို ခေါ်ယူနိုင်ခြင်းရှိ၊ မရှိကိုစုံစမ်းမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

Source: Mirror

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီကဆိုးရွားတဲ့ အခိုက်အတံ့တွေကိုကျော်ဖြတ်ခဲ့ရပြီးနောက်ယခုနွေရာသီမှာ ဗဟိုခံစစ်ကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး တောင်ပံကစားသမားနဲ့ နောက်ခံကစားသမား ၂ ဦး ခေါ်ယူထားပြီးဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ ၎င်းတို့ရဲ့အပြောင်းအရွှေ့မူဝါဒကို ပြောင်းလဲခဲ့ပြီး ကြယ်ပွင့်ကစားသမားတွေထက် ငယ်ရွယ်ပြီးပါရမီရှိတဲ့ လူငယ်ကြယ်ပွင့်တွေကိုသာခေါ်ယူဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Source: Viola Nation

လက်ရှိအချိန်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းက ကမ္ဘာ့အဆင့် ဗဟိုခံစစ်ကစားသမားကို ရှာဖွေနေတာဖြစ်ပြီး လက်စတာစီးတီးကြယ်ပွင့် ဟယ်ရီမက်ဂွိုင်းယားကိုလည်း ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် လက်စတာစီးတီးက ပယ်ချခဲ့တာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နီကိုလာမီလန်ကိုဗစ်ဟာ ဥရောပထိပ်သီးအသင်းကြီးတွေရဲ့ အပြောင်းအရွှေ့ပစ်မှတ်ထဲမှာ ပါဝင်နေသူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းခဲ့ဖူးတယ်လို့ သိရပါတယ်။

Source: 101 Great Goals

ဖီအိုရင်တီးနားအသင်းက နီကိုလာမီလန်ကိုဗစ်ရဲ့ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၅၀ သတ်မှတ်ထားတာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တာဖြစ်ပြီး ယခုနွေရာသီအစောပိုင်းမှာ ဖီအိုရင်တီးနားအသင်းပိုင်ရှင်အသစ် ကွန်မစ်ဆိုကအသင်းရဲ့ပါရမီရှိတဲ့လူငယ်ကြယ်ပွင့် တွေကိုထိန်းသိမ်းထားလိုတဲ့ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။