Xiaomi ကနေ Redmi 13 စီးရီး ရဲ့ ပထမဆုံး အဖွဲ့ဝင်အဖြစ် ဈေးနှုန်းသင့် Entry-Level ဖုန်း Redmi 13C ကို နိုင်ဂျီးရီးယားနိုင်ငံမှာ စတင် မိတ်ဆက်လိုက်ပါပြီ။ အဆိုပါ Redmi 13C ဖုန်းကို တခြားနိုင်ငံတွေမှာလည်း ရနိုင်မယ်လို့ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကြေညာလာခဲ့ပါတယ်။

Redmi 13C

Photo : GSMArena.com

Redmi 13C ဖုန်းဟာ Poco C65 နဲ့ ဆင်တူတယ်လို့ ပြောလို့ရပေမယ့်လည်း ကွဲပြားမှုအချို့ရှိနေပါတယ်။ Chipset ကိုတော့ Poco C65 နဲ့တူညီတဲ့ 12nm Helio G85 ကို သုံးထားပြီး  4GB RAM ၊ 6GB RAM နဲ့ 8GB RAM ဆိုပြီး ၃ မျိုးလာမှာ ဖြစ်ပါတယ်။ Storage ကတော့ 128GB ဒါမှမဟုတ် 256GB ၂ မျိုးပါဝင်မှာ ဖြစ်ပြီး မျက်နှာပြင်ကတော့ ၆.၇၄ လက်မ 1600x720px LCD နဲ့ 90Hz Refresh Rate ထောက်ပံ့ပေးထားပါတယ်။

Redmi 13C မှာ 8MP ဆယ်လ်ဖီ ကင်မရာပါရှိပြီး ကျောဘက်မှာတော့ 50MP f/1.8 Main ကင်မရာနဲ့ 2MP Macro ကင်မရာ ၂ လုံး တွဲဖက်တပ်ဆင် ပေးထားပါတယ်။ ဘက်ထရီအနေနဲ့ 18W အားသွင်းစနစ်နဲ့ အားသွင်းနိုင်မယ့် 5,000mAh ဘက်ထရီ ထည့်သွင်းပေးထားပြီး ဗူးထဲမှာတော့ 10W အားသွင်းခေါင်းသာ ပါလာမှာ ဖြစ်ပါတယ်။

Redmi 13C

Photo : GSMArena.com

Redmi 13C ကို Black နဲ့ Clover Green အရောင် ၂ မျိုးနဲ့ ရရှိနိုင်မှာဖြစ်ပြီး 4/128GB ဗားရှင်းအတွက် ယူရို ၁၁၄ (ရူပီး ၁၀,၁၇၀) ကျသင့်မှာဖြစ်ပါတယ်။ 8/256GB ဗားရှင်းအတွက်ကိုတော့ ယူရို ၁၂၅ ( ရူပီး ၁၁,၂၀၀) ခန့်ကျသင့်မှာ ဖြစ်ပြီး အဆိုပါ Redmi 13C ဖုန်းကို နိုင်ဂျီးရီးယားနိုင်ငံမှာ စတင် ရောင်းချသွားမယ်လို့ သိရပါတယ်။

Featured Photo : GSMArena.com