သင်ဟာ 80’s ပတ်ချာလည်လောက်မှာ မွေးတဲ့သူလား။ တစ်ခြားသူတွေတော့ မသိဘူး ကျွန်တော်ကတော့ 80’s တုန်းကဖက်ရှင်တွေကို စိတ်ဝင်စားတယ်။ ၁၉၈၀ လောက်စပြီး ၂၀၀၀ မရောက်ခင်ထိ ဖက်ရှင် Trend ဟာဆိုရင် ပေါ့ပေါ့ပါးပါးစတိုင်လို့ပဲပြောရမယ်။ ကိုယ့်နေထိုင်မှုဘဝနဲ့ ဝတ်ဆင်တဲ့အရာတွေက ယဉ်ယဉ်ကျေးကျေး ဖြစ်တယ်လို့ပဲ ပြောရမယ်ထင်ပါတယ်။

Source: thetrendspotter.net

လူဝတ်များတဲ့ အမျိုးသားဝတ်တွေဟာဆိုရင် ရှပ်အင်္ကျီတွေ၊ ဘောင်းဘီတိုတွေ၊ ဘောင်းဘီအပွတွေ၊ ဂျင်းဘောင်းဘီတွေ၊ ခေါင်းစွပ်အင်္ကျီတွေ၊ လျှာထိုးဦးထုပ်တွေ အစရှိတဲ့ အဝတ်အစားတွေကိုပဲ ရိုးရှင်းစွာဝတ်ဆင်ကြပါတယ်။ ပြောရရင်တော့ အဲ့ကာလလောက်မှာ နာမည်ကြီးတဲ့ Brand အများစုကလည်း ပေါ့ပေါ့ပါးပါးဖြစ်တဲ့ဒီဇိုင်းတွေကို ထုတ်ဖြစ်ကြတာများပါတယ်။ အခုခေတ်မှာတော့ ပေါ့ပေါ့ပါးပါးထက် ကြပ်တာတွေ၊ ရဲရဲတောက်တောက်တွေနဲ့ လူအများကြားမှာပေါ်လွင်နေစေဖို့ကို ပိုပြီးဦးစားပေးလာကြပါတယ်။

Source: thetrendspotter.net

ဒီနေ့ခေတ်ကလေးတွေကတော့ သိကြတော့မှာမဟုတ်ပါဘူး။ ၁၉၈၀ ကျော်မှာမွေးခဲ့တဲ့သူတွေအတွက်ကတော့ ဒီလို ပေါ့ပေါ့ပါးပါးစတိုင်လ်လေးတွေကိုလွမ်းကြမှာပါ။ တစ်ချို့လည်း 80’s လောက်က ရေပန်းစားပြီး ခေတ်ထတဲ့ အဝတ်အစားတွေကို ခေတ်ဟောင်းအနေနဲ့ပြန်ဝတ်ကြသလို ဖက်ရှင်ရှိုးတွေမှာလည်း 80’s Inspired Fashion တွေကို ထပ်မံတွေ့နေရပြီဖြစ်ပါတယ်။

Source: thetrendspotter.net

80’s၊ 90’s ဖက်ရှင်လွှမ်းမိုးမှုကလည်း ပေါ့သေးသေးမဟုတ်ပါဘူး။ သင်ဟာ တကယ်လို့ 1980’s Themed Outfit တွေနဲ့ ပတ်သက်လို့ ထပ်ပြီး သိချင်သေးတယ်ဆိုရင်တော့ နောက်ထပ်ဆောင်းပါးလေးတွေကို စောင့်မျှော်ပြီး ဖတ်ပေးစေချင်ပါတယ်။