ချစ်ခြင်းမေတ္တာ အပေါ်မှာ အခြေခံပြီး လူနှစ်ဦး တည်ဆောက်ထားတဲ့ ဆက်ဆံရေးတစ်ခု တစ်နည်းအားဖြင့် Relationship တစ်ခု ဆိုတာသာယာပျော်ရွှင်ပြီး ထာဝရတည်မြဲရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ Relationship တစ်ခုဆိုတာ လူနှစ်ယောက် စိတ်ပိုင်းဆိုင်ရာ အရရော ရုပ်ပိုင်းဆိုင်ပါ ပတ်သတ်ဆက်နွယ်နေတာ ဖြစ်တဲ့အတွက် အမြဲတမ်း အဆင်ပြေချောမွေ့ဖို့ ဆိုတာလည်းခဲယဉ်းပါတယ်။ ကွီးတို့ အမှန်တကယ်ချစ်မြတ်နိုးတဲ့ မိန်းကလေးနဲ့ သာယာပျော်ရွှင်တဲ့ Relationship တစ်ခု တည်ဆောက်ပြီး ရေရှည်တည်မြဲစေဖို့ ဆိုရင်တော့ အချို့အရာလေးတွေကို နှစ်ဦးနှစ်ဖက် ကောင်းဖို့အတွက် သတိထားနိုင်ဖို့ ဝေမျှပေးချင်ပါတယ်။
နားလည်မှု

Photo : Rabinowitz Counseling
ဘယ်လို Relationship မဆို သာယာပျော်ရွှင်ပြီး တည်မြဲစေဖို့ ဆိုရင် အရေးအကြီးဆုံးကတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပေးနိုင်ဖို့ပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် မကြိုက်တဲ့ အချက်တွေ သို့မဟုတ် ဘယ်လောက်ကြီးမားတဲ့ ပြဿာနာပဲ ဖြစ်ပါစေ၊ ဘယ်လိုအားနည်း ချက်ပဲဖြစ်ပါစေ တစ်ဦးနဲ့တစ်ဦး ညှိနှိုင်းမှု၊ နားလည်မှုအပြည့်နဲ့ ရှေ့ဆက်သွားရင် သာယာပျော်ရွှင်တဲ့ Relationship တစ်ခု ဖြစ်မှာပါ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမပေးနိုင်ရင်တော့ ဘယ်လို အသေးအဖွဲ ပြဿနာပဲဖြစ်ပါစေ၊ ရှေ့ဆက်ဖို့ခဲယဉ်းမှာပါ။
ထိန်းချုပ်လွန်းခြင်း

Photo : Times of India
သမီးရည်းစား ဆက်ဆံရေးတစ်ခုမှာ အမျိုးသားဘက်ကဖြစ်ဖြစ်၊ အမျိုးသမီးဘက်ကဖြစ်ဖြစ် အရာရာကို သံသယဖြစ်ပြီး မယုံသင်္ကာ စိတ်နဲ့ထိန်းချုပ်တာဟာ ဘယ်လောက်ပဲချစ်လို့ ဖြစ်ပါစေ၊ မမှန်ကန်ပါဘူး။ ဒီအချက်ကြောင့်ပဲ လူနှစ်ဦးကြားထဲမှာ မကြာခဏ ပြဿနာတတ်တာ၊ ရန်ဖြစ်တာ စသည်တို့ ဖြစ်လာနိုင်ပါတယ်။ ထိန်းချုပ်ခံရတဲ့တစ်ဖက်သားဟာ ဒီ Relationship အပေါ်မှာမပျော်တော့ဘဲ မွန်းကျပ်လာမှာပါ။ ဒါဆိုရင်တော့ ဒီ Relationship ဟာအချိန်မှီ မပြင်ဆင်ရင်တော့ တည်မြဲဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
ယုံကြည်ပါ ၊ သစ္စာရှိပါ။

Photo : Unplash
ကွီးတို့ရေ Relationship တစ်ခု သာယာပျော်ရွှင် တည်မြဲစေဖို့ နောက်ထပ်အရေးကြီးတဲ့ အရာကတော့ ယုံကြည်မှုနဲ့ သစ္စာရှိမှု ပါပဲ။ အရင်ဆုံး ကွီးတို့ ကိုယ်တိုင် စစ်မှန်ပါစေ၊ အရာတိုင်းကို မဆိုလိုသော်လည်း တစ်ဖက်သားကို ကိုယ့်ရဲ့ သိသင့်သိထိုက်သော အကြောင်းအရာများကို ပွင့်ပွင့်လင်းလင်း သိရှိပါစေ။ သံသယတွေနဲ့ ပြည့်နှက်နေတဲ့ Relationship မျိုးက ပျော်ရွှင်မှုရမှာ မဟုတ်ပါဘူး။ ကွီးတို့ဘက်က ဟန်ဆောင်မှုကင်းတဲ့ စစ်မှန်ခြင်းနဲ့ သစ္စာရှိမှုကို အရင်ဆုံးပေးလိုက်ပါ။ တစ်ဖက်သူ ကလည်း ထိုနည်းအတိုင်း ကွီးတို့အပေါ်ရောင်ပြန်ဟပ်ပါလိမ့်မယ်။
လေးစားမှုရှိပါ

Photo : Verywell Mind
တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိဖို့ဆိုတာ ဘယ်လို ဆက်ဆံရေးတွင်မဆို အရေးကြီးပါတယ်။ တစ်ခုခုကို ဆုံးဖြတ်တာ၊ ညှိနှိုင်းတာမှာ ကိုယ့်ရဲ့ ထင်မြင်ချက်၊ ယူဆချက်တွေကလည်း အရေးကြီးသလို တစ်ဖက်သားရဲ့ ဆုံးဖြတ်ချက်များကိုလည်း လေးစားလိုက်နာပေးပါ။ ဒါ့အပြင် အပြုအမူအပြောအဆို များနဲ့လည်း လေးလေးစားစားနဲ့ ဆက်ဆံပေးတာဟာ သူမအပေါ်ကိုယ့်ရဲ့ အလေးထားမှုကို ပြသရာလည်း ရောက်ပါတယ်။
တစ်ဖက်ပြောစကားကို အလေးထားနားမထောင်ခြင်း

Photo : Her Nom
Relationship တစ်ခု သာယာပျော်ရွှင် တည်မြဲစေဖို့ ကွီးတို့သတိထားရမဲ့ အရာထဲမှာ တစ်ဖက်ပြောစကားကို အလေးထားနားထောင်ပေးဖို့လည်း ပါပါတယ်။ တစ်ခါတစ်လေ ကွီးတို့မှာ အရေးကြီးတဲ့အလုပ်တာဝန်တွေ၊ အခြားအာရုံစိုက်ရမဲ့ကိစ္စတွေကြောင့် တစ်ဖက်သား စကားပြောတာကိုအလေးမထားသလိုမျိုး၊ အာရုံမစိုက်မိတာမျိုး ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေဆိုရင် ပြဿနာမရှိပါဘူး။ ကွီးတိုရဲ့ ချစ်သူမိန်းကလေးကို နားလည်အောင်ပြောပြပြီး ညှိယူလို့ရပါတယ်။ ဒါပေမဲ့အမြဲလိုလို တစ်ဖတ်သားစကားကို အလေးထားနား မထောင်ဘူးဆိုရင် တော့ ပြဿနာရှိလာနိုင်ပါတယ်။
Featured Photo : BroBible
