Relationship တစ်ခုကို အလွယ်တကူ ပျက်စီးသွားစေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ ပြဿနာတစ်ခုဟာ ချစ်သူနှစ်ဦးစလုံးနဲ့ သက်ဆိုင်သလို ပြဿနာ ဖြစ်လာပြီဆိုရင် တစ်ဦးအပေါ်တစ်ဦး အပြစ်တင်ဖို့မကြိုးစားပဲ ဖြေရှင်းရမယ့် နည်းလမ်းကိုသာ ဆွေးနွေးတိုင်ပင်ရင်း အဖြေရှာသင့်တာပါ။ ဒီတစ်ခါမှာတော့ Relationship ချစ်သူစုံတွဲတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ဆက်ဆံရေးကို ယို့ယွင်း ပျက်စီး သွားစေနိုင်တဲ့ အကြောင်းအရင်း ၄ ခုကို ပြောပြပေးချင်ပါတယ်။
(၁) တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု မရှိခြင်း
Photo : iStock
ယုံကြည်မှုဆိုတာဟာ ချစ်သူနှစ်ဦးသား ဆက်ဆံရေးမှာ အခရာအကျဆုံး အရာတစ်ခုပါပဲ။ သာယာပျော်ရွှင်တဲ့ Relationship တစ်ခု တည်ဆောက်ချင်တယ်ဆိုရင် ကိုယ့်ချစ်သူနဲ့ ကိုယ်နဲ့ကြားမှာ ယုံကြည်မှု ခိုင်ခိုင်မာမာ တည်ဆောက်ထားသင့်ပါတယ်။ ယုံကြည်မှုကင်းမဲ့ပြီး သံသယစိတ်တွေ ကြီးထွားနေတဲ့ ဆက်ဆံရေးက ရေရှည်တည်မြဲနိုင်မှာ မဟုတ်ဘူးဆိုတာပါပဲ။
(၂) ညှိနှိုင်းရခက်ခြင်း
Photo : iStock
ပြသာနာတစ်ခုဖြစ်လာရင် အတူတကွ ဆွေနွေးတိုင်ပင်ပြီး အဖြေတစ်ခု ထုတ်ရမှာပါ။ ဘာမှဆွေးနွေးတိုင်ပင်လို့ မရအောင် ခေါင်းမာလွန်းတာက ကွီးတို့ရဲ့ ဆက်ဆံရေးကို အလွန်အမင်း ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ညှိနှိုင်းလို့မရတဲ့ အခြေအနေက ချစ်သူနှစ်ဦးရဲ့ နောက်ဆုံးနေဝင်ချိန်အထိကို ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုပြဿနာပဲ ဖြစ်ဖြစ် ပြဿနာတစ်ခု မကြီးထွားခင်မှာ ညှိညှိနှိုင်းနှိုင်းနဲ့ ဆွေးနွေးတိုင်ပင်ဖို့ ကြိုးစားပါ။
(၃) ဆိုရှယ်မီဒီယာနဲ့ ဂိမ်းအလွန်အကျွံ ကစားခြင်း
Photo : iStock
ဒီဘက်ခေတ် စုံတွဲတွေရဲ့ ဆက်ဆံရေးကို ထိခိုက်ပျက်စီးစေတဲ့ အဓိက တရားခံက ဆိုရှယ်မီဒီယာနဲ့ ဂိမ်းတွေလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာနဲ့ ဂိမ်းတွေ အလွန်အကျွံ ကစားတာက ကွီးတို့ရဲ့ Relationship အတွက် မကောင်းပါဘူး။ အားလပ်ချိန်တွေမှာ ကိုယ်နှစ်သက်တဲ့အရာတွေ လုပ်နိုင်တယ်ဆိုပေမယ့် ကိုယ့်ချစ်သူအပေါ် အချိန်လုံလုံလောက်လောက် မပေးနိုင်တဲ့အထိ ဆိုရှယ်မီဒီယာနဲ့ ဂိမ်းတွေအပေါ် စွဲလမ်းမှု အားကြီးလာပြီဆိုရင် ကွီးတို့ရဲ့ ဆက်ဆံရေးမှာ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။
(၄) လျစ်လျူရှု့ထားခြင်း
Photo : iStock
တစ်ယောက်အပေါ် တစ်ယောက် တကယ်ချစ်ပြီး အချစ်ရေးမှာ အောင်မြင်ပျော်ရွှင်နေကြသူအများစုဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားမှု အပြည့်ရှိကြပါတယ်။ သူတို့ရဲ့ ခံစားချက်တွေ နေ့စဉ်ဘဝထဲကအကြောင်းအရာတွေကို အပြန်အလှန်ဝေမျှကြပါတယ်။ ဒီလိုမှ မဟုတ်ဘဲ တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်တစားမရှိဘူး ၊ တစ်ယောက်အကြောင်းတစ်ယောက် အထူးတလည် မေးမြန်းမနေဘူး။ လျစ်လျူရှု့မိနေတယ်ဆိုရင်တော့ ဆက်ဆံရေးဟာ အနှေးနဲ့အမြန် ပျက်စီးဖို့ သေချာသလောက် ရှိနေပါတယ်။
Featured Photo : Elle