လူတစ်ယောက်နဲ့တစ်ယောက် ချစ်မိသွားကြတယ်ဆိုတာ လွယ်ကူပေမယ့် Relationship တစ်ခု ရေရှည် တည်တံ့အောင် တည်ဆောက်ကြတဲ့အခါကျတော့ ခက်ခဲသွားပြန်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြား အပြန်အလှန်နားလည်မှုရရှိအောင် တည်ဆောက်ယူရပြီး သစ္စာတရားကိုလည်း လက်ကိုင်ထားဖို့လိုအပ်ပါတယ်။ ဒါမှသာ သစ္စာမဲ့တဲ့ဇာတ်လမ်းများ၊ တစ်ယောက်အပေါ် တစ်ယောက် သစ္စာမရှိဘဲ ဖောက်ပြန်တဲ့အရာတွေကနေ ရှောင်လွဲနိုင်မှာဖြစ်ပါတယ်။
ကွီးတို့အနေနဲ့ ကိုယ် ချစ်ရတဲ့သူနဲ့ Relationship တစ်ခု တည်ဆောက်တဲ့အခါ ရေရှည် တည်တံ့ခိုင်မြဲစေချင်တယ်ဆိုရင်တော့ ဒီအချက်များကို လိုက်နာသင့်ပါတယ်။
သူ(မ)အား စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ အားပေးပါ
မလုံခြုံမှုတွေ၊ စိတ်အားငယ်မှုတွေဆိုတာ လူတိုင်းခံစားရတဲ့အရာပဲဖြစ်ပါတယ်။ စိတ်ဓာတ်ကျနေချိန်မှာဆို ပိုဆိုးပါတယ်။ ထိုအချိန်မျိုးမှာ လက်တွဲဖော်ကောင်းပီသချင်တယ်ဆိုရင်တော့ သူ(မ) ဘေးနားကနေပြီး အားပေး ပေးရမှာပဲ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ အားပေးထောက်ပံ့ဖို့လိုအပ်ပါတယ်။ တကယ်လို့ လိုအပ်ပါကလည်း ငွေရေး ကြေးရေးအရပါ ပံ့ပိုးပေးနိုင်ပါတယ်။ သို့သော် ထိုကဲ့သို့ ပံ့ပိုးပေးချင်တယ်ဆိုရင်တော့ သင့်ချစ်သူရဲ့ မာန မထိခိုက်အောင် ထောက်ပံ့ဖို့လည်း လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ တစ်ခါတရံမှာ ကိုယ့်ရဲ့စေတနာတွေသည် ဝေဒနာဖြစ်သွားတတ်လို့ပါပဲ။
ကိုယ် မင်းကို ယုံကြည်တယ်လို့ ပြောပြပါ
ယုံကြည်မှုဆိုတာ အလွယ်တကူ တည်ဆောက်လို့မရပါဘူး။ အချိန်အတိုင်းအတာတစ်ခုလိုအပ်ပါတယ်။ ထိုအချိန်အပိုင်းအခြားတစ်ခုအကြားမှာ သင့်အနေနဲ့ ဘယ်လို ကြိုးစားနိုင်မလဲ။
“ကိုယ် မင်းကို ယုံကြည်တယ်” ဆိုတဲ့စကားလေးကို ပြေကြားပေးလိုက်ပါ။ သင့်အနေနဲ့ ကိုယ့်ချစ်သူကို သံသယမျက်လုံးတွေနဲ့ တစ်ချိန်လုံး စောင့်ကြည့်နေမယ်ဆိုရင်တော့ တစ်ဖက်လူလည်း အနေရခက်မှာ အသေအချာပါပဲ။ ကိုယ် မယုံကြည်ရဘူးဆိုရင်လည်း ဘာ့ကြောင့် မယုံရသလဲဆိုတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခု ပေးဖို့လိုအပ်ပါလိမ့်မယ်။ ကိုယ့်ရဲ့ သံသယစိတ်၊ မနာလိုအူတိုစိတ်သပ်သပ်နဲ့ စွပ်စွဲနေမယ်ဆိုရင်တော့ ကွီးတို့ရဲ့ Relationship မှာ အက်ကွဲကြောင်းဖြစ်လာပြီး ရေရှည် တည်တံ့နိုင်မှာ မဟုတ်တော့ပါဘူး။
သူ(မ) ထံမှလည်း အကြံဥာဏ်များ တောင်းခံပါ
ဟုတ်ပါတယ်။ ကိုယ့်ဘက်ကချည်းပဲ တစ်ဖက်သတ် တော်ကြောင်းပြနေခြင်းသည် တစ်ဖက်လူကို အားငယ်စိတ်ဝင်စေနိုင်ပါတယ်။ သူ(မ)ရဲ့ အကြံဥာဏ်များလည်း လိုအပ်ကြောင်း၊ သူ(မ)သည်လည်း သူ့ဘဝအတွက် အရေးပါကြောင်းကို ပြသဖို့ဆိုရင် သူ(မ)ရဲ့ အကြံဥာဏ်များ၊ အိုင်ဒီယာများကိုလည်း အလေးထားကြောင်းဖော်ပြတတ်ဖို့ လိုအပ်ပါတယ်။
ကိုယ် မှားသွားပါတယ်
ကိုယ့်ရဲ့အမှားကို သိရဲ့သားနဲ့ ဝန်မခံဘဲ တစ်ဖက်လူကိုသာ အပြစ်ပုံချခြင်းသည် လူကြီးလူကောင်းဆန်တဲ့ ယောကျာ်းကောင်းတစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ပါဘူး။ အမှားတစ်စုံတစ်ရာ ပြုလုပ်မိတဲ့အခါ တောင်းပန်ဖို့ ဝန်လေးပြီး အတ္တကြီးနေမယ်ဆိုရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ပိုဆိုးတာက သင်တို့နှစ်ေယာက်စလုံးက အတ္တသမားတွေဆိုရင်တော့ ထိုအချစ်ခရီးလမ်းသည် အချိန်တိုအတွင်းပြီးဆုံးသွားမှာြဖစ်ပါတယ်။ ရေရှည်ဆက်သွားမယ်ဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက်နာကျင်စရာတွေပဲ ပေးနေမိသလို ဖြစ်ပါလိမ့်မယ်။
အတူတူလျှောက်လည်ဖို့လည်း အချိန်ပေးပါ
ဒီခေတ်ကြီးထဲမှာ လူတိုင်းသည် စားဝတ်နေရေးအတွက် ရုန်းကန်နေကြရပြီး အလုပ်တွေ အသည်းအသန် ပြုလုပ်နေရတာဖြစ်ပါတယ်။ တစ်ယောက်က အချိန်တွေ အားလပ်နေပြီး အခြားတစ်ယောက်က အလုပ်များနေပြန်ရင်လည်း ကတောက်ကဆဖြစ်နိုင်ချေများပါတယ်။ နှစ်ယောက်စလုံးက အလုပ်တွေများလွန်းပြီး တစ်ယောက်နဲ့တစ်ယောက် အချိန်မပေးနိုင်ပြန်ရင်လည်း တဖြည်းဖြည်းနဲ့သွေးအေးသွားပြီး နီးစပ်ရာနဲ့ပဲ သာယာသွားတတ်ပါတယ်။ ဒါ့ကြောင့် ဘယ်လောက်ပဲ အလုပ်များမြှောင်နေပါစေ၊ တစ်ယောက်ကို တစ်ယောက်အချိန်ပေးရမှာြဖစ်ပါတယ်။
ကိုယ် မင်းကို ချစ်တယ် ဆိုတဲ့စကားကိုလည်း ပြောဖို့ မမေ့ပါနဲ့
ချစ်တယ် ဆိုတဲ့ စကားလုံးလေး နှစ်လုံးသည် လူတစ်ယောက်ရဲ့စိတ်ကို နူးညံ့သွားစေပါတယ်။ ရန်ဖြစ်စိတ်ဆိုးပြီး နှစ်ဦးသား ဒေါသထွက်နေတဲ့အချိန်မှာတောင် ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းသာ ပြောလိုက်မယ်ဆိုရင် စိတ်ဆိုးနေတဲ့လူလည်း အနည်းငယ်ပြုံးရယ်မိမှာဖြစ်ပြီး ဒေါသလည်း ပြေသွားမှာပဲဖြစ်ပါတယ်။ စိတ်ဆိုးဒေါသထွက်ချိန်မှမဟုတ်ပါဘူး။ ထိုစကားလေးကို နေ့တိုင်းပြောဖို့လိုအပ်ပါလိမ့်မယ်။ ဒါမှ သင်တို့နှစ်ယောက်ကြား အချစ်တွေတိုးပြီး အချစ်ရေးမှာ ပျော်ရွှင်ဖွယ်အတိပြီးမှာ ဖြစ်ပါတယ်။
Source: Successstory
Featured Image: Singaporebrides