သင့်အိမ်မှာ အိမ်မွေးတိရိစ္ဆာန်လေးတွေ မွေးထားပါသလား။ ဘယ်လိုအိမ်မွေးတိရိစ္ဆာန်လေးတွေကို မွေးမြူထားပါသလဲ။ အိမ်မွေးတိရိစ္ဆာန်တွေတောင်မှ ခွေးကလေးနဲ့ ကြောင်ကလေးတွေရဲ့ သဘာဝသည် မတူတတ်ကြပါဘူး။ ဒီလိုမတူတာတွေ အများကြီးရှိတဲ့အနက်မှ သင့်ရဲ့ အိမ်မွေးတိရိစ္ဆာန်များထံမှ ပြန်လည်သင်ယူနိုင်တဲ့ အဖိုးတန် Relationship သင်ခန်းစာ များရှိပါတယ်။

ဘယ်လို Relstionship သင်ခန်းစာ များကို သင့်ရဲ့ အိမ်မွေးတိရိစ္ဆာန်များထံမှ သင်ယူလေ့လာနိုင်မလဲဆိုတာကို သင် သိပါသလား။

ဘယ်လိုအခြေအနေမျိုးပဲရောက်ရောက် အချစ်များ သေဆုံးမသွားခြင်း

dog and his owner

Photo: Ntu

အိမ်မွေးတိရိစ္ဆာန်လေးတွေသည် သင့်ကို အဆုံးအစမဲ့ချစ်ခြင်းမေတ္တာတရားနဲ့ ချစ်တတ်ကြတာဖြစ်ပါတယ်။ သင့်ဆီက ဘာတွေပေးရမယ် ဘာတွေသူ့အတွက် လုပ်ပေးရမယ်ဆိုတဲ့ တောင်းဆိုမှုတွေ မရှိပါဘူး။ သူတို့သည် သင့်အပေါ် လိမ်ညာမှာလည်းမဟုတ်သလို ဖောက်လွှဲဖောက်ပြန်သဘောထားမျိုးလည်းမရှိပါဘူး။ ကိုယ့်ရဲ့ချစ်သူ လက်တွဲဖော်ကို ထိုကဲ့သို့သောအချစ်မျိုးနဲ့ ချစ်ပေးနိုင်တယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။ ဘယ်လောက်တောင် သာယာကြည်နူးပြီး ပျော်ရွှင်ဖွယ်ကောင်းလိုက်မလဲလေ။

ခွင့်လွှတ်ပေးကာ စိတ်ထဲမှာ အညှိုးအတေးမထားတတ်ခြင်း

couple fight

Photo: iStock

လူသားသဘာဝ အခြားတစ်ယောက်က ကိုယ့်အပေါ် တစ်စုံတစ်ရာပြုလုပ်ခဲ့တယ်ဆိုရင် အငြိုးအတေးထားပြီး မေ့ပျောက်ဖို့ရန်အတွက် ခက်ခဲပါတယ်။ သင့်အိမ်မွေးတိရိစ္ဆာန်လေးတွေ ထိုနည်းတူပဲလား။

မဟုတ်ပါဘူး။ သင် မကြိုက်တဲ့ တစ်စုံတစ်ခုကို သူတို့သည် မရည်ရွယ်ဘဲ ပြုလုပ်လိုက်မိလို့ သင့်ဆီက အဆူခံခဲ့ရတယ်ဆိုရင်တောင် အချိန်အနည်းငယ်ကြာတဲ့အခါ သင့်အနားကိုပဲ ပြန်ရောက်လာကာ ပွတ်သီးပွတ်သပ်လေး နေတတ်တာမဟုတ်လား။ သူတို့ရဲ့အပြုအမူကို ကြည့်ခြင်းအားဖြင့် သင့်ကို ခွင့်လွှတ်ပေးခြင်း၊ သင် ဆူတာကို စိတ်မခုကြောင်း ဖော်ပြနေတာပဲဖြစ်ပါတယ်။

ယုံကြည်တတ်ခြင်း

couple fight

Photo: iStock

လူသားများသည် တစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံရေးမှာ သံသယတွေနဲ့ တစ်ဦးကိုတစ်ဦး ယုံကြည်ဖို့ ခက်ခဲလှပါတယ်။ ယုံကြည်မှုဥည် တည်ဆောက်ရတာ ခက်ခဲသလောက် ပြိုကွဲပျက်စီးသွားရင်တော့ အချိန်ပိုင်းလောက်လေးသာဖြစ်ပါတယ်။ သင့်ရဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေကတော့ သင့်ကို အဆုံးအစမဲ့ ယုံကြည်တတ်ကြပြီး သင့်ကို နည်းနည်းလေးတောင် သံသယမဝင်တတ်ကြပါဘူး။ သူတို့ရဲ့သခင်ကို အဲ့ဒီလောက်တောင် ချစ်ကြတဲ့အကောင်လေးတွေဖြစ်ပါတယ်။ လူသားများသည်လည်း အိမ်မွေးတိရိစ္ဆာန်လေးများထံမှ Relationship သင်ခန်းစာ များကို ပြန်လည်သင်ယူသင့်ပါတယ်။

တစ်ယောက်ကိုတစ်ယောက် အချိန်ပေးတတ်အောင် သင်ကြားပေးခြင်း

Relationship သင်ခန်းစာ

Photo: iStock

သင် အိမ်ပြန်ရောက်လာပြီဆိုတာနဲ့ သင့်အိမ်မွေးတိရိစ္ဆာန်လေးတွေက သင့်အနားကနေ တစ်ဖဝါးမှမခွာဘဲ စက္ကန့်နဲ့အမျှ သင့်အနားမှာ ရှိနေပေးတာကို သတိထားမိပါသလား။ သင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ပျော်ရွှင်သည်ဖြစ်စေ၊ ဝမ်းနည်းသည်ဖြစ်စေ၊ ပျင်းရိငြီးငွေ့ဖွယ်ကောင်းရင်တောင်မှ သင့်နဲ့ အချိန်အတူတူ ကုန်ဆုံးချင်ကြတာဖြစ်ပါတယ်။

ကျွန်တော်တို့လူသားတွေရဲ့ ကိုယ်ချစ်တဲ့သူတွေအတွက် ထိုကဲ့သို့ လုပ်ပေးနိုင်ကြရဲ့လား။

အဖြေကတော့ ရှိတော့ရှိတယ်၊ ရှားပါလိမ့်မယ်။ လူသားများသည် တစ်နေကုန်အလုပ်လုပ်ပြီးနောက် ပင်ပန်းသွားတဲ့အခါ အိမ်ပြန်ရောက်ကာ တစ်ယောက်တည်း အနားယူတတ်ကြပါတယ်။ ကိုယ့်ရဲ့လက်တွဲဖော်က အနားမှာ ပတီပတာစကားလာပြောရင်တောင်မှ အရေးသိပ်မစိုက်ကြတော့ဘဲ နားငြီးတယ်လို့တောင် ခံယူတတ်ကြတာမဟုတ်လား။ ကြာလာတဲ့အခါ ထို Relationship တစ်ခုသည် Healthy Relationship တစ်ခုမဖြစ်တော့ဘဲ တဖြည်းဖြည်းပျက်စီးယိုယွင်းသွားနိုင်ပါတယ်။

ကျွန်တော်တို့လူသားများသည်လည်း ကိုယ့်ရဲ့အလုပ်တစ်ခုတည်းကိုသာ အသည်းအသန်ဖိလုပ်မနေဘဲ ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝအတွက် ကိုယ် ချစ်ခင်ရတဲ့သူတွေအတွက် သီးသန့်အချိန်တစ်ခုဖန်တီးထားသင့်ပါတယ်။ သို့မှသာ အလုပ်နှင့် ဘဝသည် မျှခြေဖြစ်နေမှာဖြစ်ပြီး သာယာပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ နို့မဟုတ်ရင်တော့ ဘဝကြီးက အဓိပ္ပာယ်မဲ့ကာ ရှင်သန်နေထိုင်ရတာ မွန်းကြပ်လာပါလိမ့်မယ်။

ကိုယ့်ရဲ့လက်တွဲဖော်ကို အချစ်ခံရပါလားဆိုတဲ့ ခံစားချက်မျိုး ခံစားရစေခြင်း

Relationship သင်ခန်းစာ

Photo: iStock

သင် အလုပ်ကနေ ပြန်ရောက်လာတယ်ဆိုပါစို့။ သင့်ရဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေက ဝမ်းပန်းတသာ ကြိုဆိုနေမယ်ဆိုရင် ဘယ်လိုခံစားရပါသလဲ။

တစ်နေ့တာလုံးပင်ပန်းထားသမျှတွေ အကုန်လုံးအရည်ပျော်ကျသွားမှာမဟုတ်လား။ တစ်နည်းပြောရမယ်ဆိုရင် အိမ်မွေးတိရိစ္ဆာန်လေးတွေသည် စိတ်ဖိစီးမှုများကို ပြေပျောက်ပေးတဲ့အားဆေးတွေပဲဖြစ်ပါတယ်။ သင်သည် သူ့အတွက် ထူးခြားတဲ့လူသားတစ်ယောက်ပါလားဆိုတဲ့ ခံစားချက်မျိုး ခံစားသွားရစေပါတယ်။

သင်နဲ့ သင့်လက်တွဲဖော်သည်လည်း တစ်ယောက်ကိုတစ်ယောက် ထိုအိမ်မွေးတိရိစ္ဆာန်လေးတွေလို ပြုမူပေးမယ်ဆိုရင် ပျော်ရွှင်ရတဲ့အိမ်ထောင်သည်ဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ အလုပ်ကနေ မောမောပန်းပန်းပြန်လာတဲ့သူကို ခရီးဦးကြိုကာ မြည်တွန်တောက်တီးနေမယ်ဆိုရင်တော့ ဘယ်သူကမှ အိမ်ပြန်လာချင်မှာမဟုတ်ဘူးမလား။

အလုပ်ကနေ မောမောပန်းပန်းပြန်လာတဲ့သူကို အမောပြေသွားအောင် ဖျော်ရည်အေးအေးလေးတစ်ခွက်ဖြင့် ဆီးကြိုခြင်းကလည်း တစ်ယောက်နှင့်တစ်ယောက်ကြား ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာစေပြိး ရေရှည်မှာ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်အောင် ကူညီပေးပါတယ်။

စစ်မှန်ခြင်း

Relationship သင်ခန်းစာ

Photo: ACTIVE

အိမ်မွေးတိရိစ္ဆာန်လေးတွေသည် ဟန်ဆောင်ခြင်းကင်းပြီး သူတို့စိတ်ရှိတဲ့အတိုင်းပြုမူ ဆောင်ရွက်လေ့ရှိကြပါတယ်။ သူတို့သည် ဘယ်တော့မှ မလိမ်ညာတတ်ကြပါဘူး။

ကျွန်တော်တို့လူသားများသည်လည်း ကိုယ့်ရဲ့ချစ်သူရည်းစား၊ အိမ်ထောင်ဘက် လက်တွဲဖော်ကို စစ်မှန်တဲ့ ချစ်ခြင်းတရားနှင့် ဟန်ဆောင်လိမ်ညာခြင်းကင်းတဲ့ အပြုအမူများဖြင့် နေ့စဉ်ပြုမူဆက်ဆံဖို့လိုအပ်ပါတယ်။ ရိုးသားပွင့်လင်းခြင်းသည် သမီးရည်းစားဆက်ဆံရေး၊ အိမ်ထောင်ဘက်အချင်းချင်း ဆက်ဆံရေးကို ဘာအဖုအထစ်မျှ မရှိဘဲ အဆင်ပြေပြေနဲ့ ချောမွေ့နေအောင် ကူညီပေးပါတယ်။

သင် ပြောသမျှတွေကို မငြီးမငြူနားထောင်ပေးခြင်း

Relationship သင်ခန်းစာ

သင် ပြောသမျှတွေကို သင့် အိမ်မွေးတိရိစ္ဆာန်လေးတွေက နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ မျက်လုံးလေး ကလယ်ကလယ်နဲ့ နားထောင်ပေးကြတာမဟုတ်လား။ သူတို့က သင့်ကို စကားပြန်မပြောနိုင်ဘူးဆိုတာတော့ ဟုတ်တာပေါ့။ ဒါပေမဲ့ ကိုယ် ပြောသမျှတွေကို ဒီလိုမျိုး မငြီးမငြူနားထောင်ပေးခြင်းသည် ဘယ်လောက်တောင်မှ စိတ်သက်သာရာရစေသလဲဆိုတာ အိမ်မွေးတိရိစ္ဆာန်လေးတွေ ပိုင်ဆိုင်ထားသူတွေပဲ သိကြပါတယ်။

ထိုကဲ့သို့သော အပြုအမူမျာကိုလည်း ကျွန်တော်တို့ရဲ့ လက်တွဲဖော်များထံမှာ ပြန်လည်ကျင့်သုံးပေးနိုင်ပါတယ်။ သူ စိတ်ညစ်လာတဲ့အခါ သူ ရင်ဖွင့်သမျှတွေကို စိတ်ပါလက်ပါနဲ့ နားထောင်ပေးခြင်းသည် သူ ခံစားနေရသမျှတွေကို လျော့ပါးသက်သာသွားအောင် ပြုလုပ်ပေးနိုင်ပါတယ်။

သင်ရော သင့်ရဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေဆီကနေ ဘယ်လို Relationship သင်ခန်းစာ မျိုး သင်ယူလေ့လာဖြစ်ပါသလဲ။

Source: Bollywoodshaadis

Featured Image: K9ofmine